Friday, October 25, 2013
Download IOS 7.0.3
Updates in 7.0.3  include:
- Adds iCloud Keychain to keep track of your account names, passwords, and credit card numbers across all your approved devices
- Adds Password Generator so Safari can suggest unique, hard-to-guess passwords for your online accounts
- Updates lock screen to delay display of “slide to unlock” when Touch ID is in use
- Adds back the ability to search the web and Wikipedia from Spotlight search
- Fixes an issue where iMessage failed to send for some users
- Fixes a bug that could prevent iMessage from activating
- Improves system stability when using iWork apps
- Fixes an accelerometer calibration issue
- Addresses an issue that could cause Siri and VoiceOver to use a lower quality voice
- Fixes a bug that could allow someone to bypass the Lock screen passcode
- Enhances the Reduce Motion setting to minimize both motion and animation
- Fixes an issue that could cause VoiceOver input to be too sensitive
- Updates the Bold Text setting to also change dial pad text
- Fixes an issue that could cause supervised devices to become un-supervised when updating software
Credit To : http://thantoeaung.blogspot.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Samsung ဖုန်းတွေမှာ software dead ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ........?
ကျွန်တော်ငွေရေးကြေးရေး တော့ စကားမပြောချင်ပါဘူး တန်ရာတန်ကြေး ကိုတော့ မိတ်ဆွေ တို့ သိမှာပါ ။အသုံးလိုတဲ့ အခါ အသုံးပြုလို့ ၇အောင်ဒေါင်းလုပ်ယူနိုင်ပါပြီခင်ဗျာ။ဖိုင်ဆိုဒ် ( 1MB ) တောင်မရှိပါဘူးခင်ဗျာ။(pdf file လေး လုပ်ပေးခဲ့ တဲ့  ကိုလတ်(ကျွဲဆင်းနည်းပညာများစုစည်းမှု့ ကိုလည်းအထူးကျေးဇူးတင်ပါတယ်။
 အရင်ဆုံးအချိန်ကုန် သက်သာအောင်တော့ ဖုန်းကို ရိုးရိုးဘက်ထရီကုန်ပြီးပြန်မပွင့် တာလားဆိုတာတော့ သေချာအောင်စမ်းပါခင်ဗျာ။ ဖုန်းနဲ့ အားသွင်းမရရင် ညှပ်နဲ့ ဘက်ထရီကို ( ၅ ) နာရီလောက် သွင်းကြည့် ပါ။ ပြီးရင် မိမိဖုန်းကိုစမ်းသပ်ကြည့် လို့ မထူးချားလာဘူးဆိုရင်တော့  ဒီနည်းလမ်းလေးနဲ့ ဖြေရှင်းလိုက်ပါ။
Password  တောင်းရင် saithuthai လို့ ပေးလိုက်ပါ။
Credit To : http://saithu102.blogspot.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Thursday, October 24, 2013
မြန်မာ့ကွန်ယက်အသစ် SQUAR v0.946 ထွက်ပြီ (နောက်ဆုံးထွက်)
ဒီတစ်ခါတော့ စက်တင်ဘာလ ၂၃ရက်နေ့ ၂၀၁၃ ထုတ် Squar ပါ။ သူ့ရဲ့ ဆိုဒ်ကတော့ http://adf.ly/Y3Ys8 ပေါ့ဗျာ။ Join လုပ်ချင်ရင် http://adf.ly/Y3YxZ ကိုကလစ်ပါ။ Google Play မှာတော့ Rating 4.4 ရထားပါတယ်။ ပိုပြီးသိချင်ရင်တော့ http://adf.ly/Y3ZAt မှာပိုဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။
Description
Myanmar's leading social network!SQUAR is a great way to meet new friends, share information and chat around common interests - all for free and all in Burmese. SQUAR will be a multi-platform experience so it won’t matter if your friends and family don’t have an Android phone, you can still hang out and communicate with them - from anywhere in the world.
Coming soon:
Chat
Friends lists
Create your own private or public communities & chat rooms
Favorite and follow interesting posts
Favorite and follow other users
Private messaging with friends
Games!
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
Download => Link 1 / Link 2 
Credit To : http://www.pthaw.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်း( EBOOK )
Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်းလာပြီ။ Facebook မှာသူငယ်ချင်းတွေ
အပ်များလို့ လက်ခံတာများလို့ (like ) လုပ်တာများလို့ စသည်ဖြင့်  လော့ ကျတာမှန်သမျှကိုပြန်ယူလို့ ရမဲ့ နည်းလမ်း ebook ပါ။ဖိုင်ဆိုဒ်က ( 1mb ) တောင်မရှိပါဘူးအလွယ်တစ်ကူဒေါင်းလုပ်ဆွဲပြီးအခက်အဲမှန်သမျှဖြေရှင်းနိုင်ကြပါပြီခင်ဗျာ။လေ့ လာလိုသူများ
အောက်မှာဒေါင်းလုပ်ဆွဲနိုင်ပါပြီခင်ဗျာ။
ဒီပိုစ်လေးကို pdf file လုပ်ပေးခဲ့ တဲ့  ကိုလတ်(ကျွဲဆင်းနည်းပညာများစုစည်းမှူ့  ) ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
password တောင်းရင် saithuthai လို့ ထည့် ပေးလိုက်ပါခင်ဗျာ။
DOWNLOAD - ZIPPYSHARE , TUSFILES , SOLIDFILES
Credit To : http://www.aungkyaw.net
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
usb debugging off ထားတဲ့ ဖုန်းကို pattern lock ကျော်ဖြတ်ခြင်း
ကဲ စလိုက်ကြရအောင်ဗျာ ကျွန်တော် usb debugging off လိုက်ပါပြီ။ အရင်ဆုံး recovery mode ကို ၀င်
လိုက်ပါ ခင်ဗျာ။
ကျွန်တော်တို့ recovery mode မှာ ဆိုရင် adb device သိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ recovery mode ကို-သွားခဲ့တာပါ။ root ဖောက်လိုက်ပါဦးမယ် ။
ဒါဆိုရင် root လဲပေါက်သွားပြီ ဆိုတော့ လှုပ်လို့ရပြီ လှုပ်လို့ရပြီ။    အကိုတို့ adb folder လေးထဲကိုသွားကြမယ်ဗျာ။  ပြီးရင် အခုလိုလေးတွေရိုက် ထည့်လိုက်ပါ။
ပြီးရင် reboot ချလိုက်ပါခင်ဗျာ။
အဲဒီလို ပြန်တက်လာလို့ စိတ်မပူပါနဲ့ ။  အခုလိုစိတ်ကြိုက်ဆွဲထည့်လိုက်ပါ :P
ကဲ အဲဒါဆို ပွင့်သွားပါပြီ ခင်ဗျာ။
ပြီးပါပြီခင်ဗျာ။  ကျွန်တော် သိတာလေးကြုံတုန်း တင်ပေးသွားတာပါက ။  ဆက်ပြီးကျေကွဲလိုက်ဦးမယ်ဗျာ။
adb folder မရှိရင် အရင်က patter lock  ကျော်တုန်းက ပို့ထဲမှာ ရှိပါတယ် ခင်ဗျာ  ရှာပြီး ဆွဲလိုက်ပါနော်။
Credit To : http://hackbile.blogspot.com
 စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Wednesday, October 23, 2013
လူကြိုက်များ ရေပန်းစားဦးမယ့် iPad Air
Apple's Event ပွဲကတော့ မနေ့က အမေရိကန် San Francisco မှာရှိတဲ့ Yerba Buena Center မှာအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါပြီ။ ကျင်းပသွားတဲ့ ပွဲမှာတော့ အားလုံးသိပြီးလောက်ပြီဖြစ်တဲ့ Apple ရဲ့  1. OS X 10.9 2. New Macbook 13 & 15 3. Mac Pro 4. iLife 5. iWork 6. iPad Air 7. iPad Mini with Retina Display တွေ ကို ထုတ်ဖော်ပြသ သွားပါတယ်။ အဲဒီထုတ်ကုန်တွေထဲမှာ iPad ရဲ့ မျိုးဆက်သစ် iPad Air ကတော့ ကမ္ဘာတစ် ဝှမ်းမှာရှိတဲ့ Apple ပုရိတ်သတ်တွေ စိတ်ဝင်စားမှုအများဆုံးနဲ့ လူကြိုက် အများဆုံး ထုတ်ကုန်တစ်ခုဖြစ်လာနိုင်ပါတယ်။ အကြောင်းကတော့ အသွင်ပြင်ကော၊ဒီဇိုင်းမှာပါ ထွက်ပေါ်ပြီးသမျှ အရာတွေ ထက် စွမ်းဆောင်ရည်မှာကော၊အရည်သွေးပိုင်းမှာပါ အကုန်လုံးကို နောက် ကောက်ချသွားနိုင်လို့ပါပဲ။ iPad ရဲ့ မျိုးဆက်သစ် iPad Air မှာ ယခင်ကခန့်မှန်းထားသလိုပဲ iPhone 5S မှာပါဝင်လာတဲ့ A7 Chip,64bit architecture ထည့်သွင်းပါဝင်လာတဲ့ အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ကမာ့္ဘအကောင်းဆုံး အမြန်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားလို့ပါပဲ။ ။ အသွင်းအပြင် ဒီဇိုင်းမှာလည်း အပေါ့ဆုံး၊အပါးဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အလေးချိန် ၁ ပေါင်တိတိသာ လေးပါတယ်။ ပြီးတော့ အသုံးပြုသူတွေ အတွက်ကျေနပ်စေလောက်တဲ့ ကျယ်ပြန်တဲ့မျက်နှာပြင် ၉.၄ လက်မ၊ အထူ ၀.၂၉ လက်မ(၇.၅ မီလီမီတာ) ရှိပါတယ်။ 9.7-inch Retina display + iOS 7 မျက်နှာပြင်အကျယ် ၉.၇ လက်မှာ Retina မျက်နှာပြင်အသုံးပြုပေးထားတဲ့ ဒီ iPad Air ဟာ pixels 1.3 million အထိကြည်လင်ပြတ်သားစေမှာ ဖြစ်တဲ့ အတွက် HDTV လိုရုပ်ထွက်ကောင်းတဲ့ မျက်နှာပြင်ထက် အဆသန်းပေါင်း များစွာ ကြည်လင်သာလွန်စေပါတယ်။ Ultrafast wireless အခုထွက်ရှိလာတဲ့ iPad Air မှာမော်ဒယ်လ်နှစ်မျိုးဖြစ်တဲ့ iPad Air Wifi နဲ့ iPad Air Wifi+Cellular ဆိုပြီးထုတ်လပ်ထားတာပါ။ Wifi စွမ်းဆောင်မှု အပိုင်းမှာ သာမန်ထက် နှစ်ဆမြန်ဆန်စေတဲ့ စွမ်းဆောင်ရည်ပိုင်းကိုရရှိစေမှာ ပါ။ Wifi+Cellular အမျိုးအစားမှာတော့ Wifi စနစ်တင်မက Sim-Card အသုံးပြုကာ မိုဘိုင်းလ် ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ အမြန်ဆုံးအင်တာနက် ဝန်ဆောင်မှုဖြစ်တဲ့ LTE network စနစ်ကိုပါ အသုံးပြုနိုင်မှာပါ။ Powerful apps included ဒါကတော့ Apple တွေမှာသာသီးသန့်ရှိတဲ့ မှုပိုင် Applications ပါ။ အဆိုပါ Apps ဟာ အီးမေလ်တွေအလွယ်တကူပို့လို့အဆင်ပြေစေမယ့်အပြင်၊ သီချင်း တွေကိုနားဆင်အသုံးပြုနိုင်တယ်၊ မိမိဖန်တီးထားတဲ့ သီချင်းတွေ၊ Web တွေ ရုပ်သံဖိုင်တွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ တင်လို့ရတယ်။ အဲဒီ ထဲမှာ Musics ပိုင်းတွေဖြစ်တဲ့ ဂီတာတီးတာတွေ၊ Keynote တွေကိုမိမိကိုယ် တိုင်စိတ်ကြိုက်ရေးဆွဲ ဖန်တီးလို့ရတယ်။ Over 475,000 apps on the App Store iPad Air ကနေ Apple Store က Apps ပေါင်း ၄၇၅၀၀၀ ကိုအလွယ်တကူ ရယူနိုင်တယ်။ ထွက်ရှိလာမယ့် မော်ဒယ်လ်နဲ့ ဈေးနှုန်းတွေကတော့ Wi‑Fi Version အတွက် 16GB - $499 32GB - $599 64GB - $699 128GB - $799 Wi‑Fi + Cellular Version အတွက် 16GB - $629 32GB - $729 64GB - $829 128GB - $929 အမည်းရောင် နဲ့ ငွေရောင်ဆိုပြီး ထုတ်လုပ်ထားတယ်။ နိုင်ဝင်ဘာ-၁ ရက်နေ့မှာဖြန့်ချိရောင်းချပေးပါလိမ့်မယ်။
Credit To : TechSpace Journal
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
How to developed apk with eclipse (only for starter)
ကျွန်တော်လည်း လေ့လာနေတဲ့လူငယ်တစ်ယာက်ပါ
ကွန်ပျူတာပေါ်ကနေ eclipse ကိုအသုံးပြုပြီး hello world apk တစ်ခုလုပ်ပြသွားမှာပါ
1
2
အရင်ဆုံး လိုအပ်တဲ့ IDE ရယ် SKD တွေရယ်ကို Download ဆွဲပါမယ်..
http://developer.android.com/sdk/index.html
ပေါ်က link ကိုဖွင့်လိုက်ပါ
ကျွန်တော်က Window 32-bit ကိုအသုံးကိုပြုသွားမှာဖြစ်တဲ့အတွက်
adt-bundle-windows-x86-20130917.zip Download လုပ်လိုက်ပါပြီ
မိမိတို့အသုံးပြုတဲ့ Os အလိုက် ADT Bundle ကိုဆွဲလိုက်ပါ
3
Downlad လုပ်ထားတဲ့ adt-bundle-windows-x86-20130917.zip ကို D: or E: ပေါ်မှာ ဖြည်ချထားလိုက်ပါ
ပြီးရင် eclipse folder ထဲက eclipse ကို ဖွင့်လိုက်ပါ
Project file တွေကို သိမ်းထားဖို့ location တောင်းလိုက်ပါမယ်
ကျွန်တော်ကတော့
C:\Users\developer\workspace လို့ပဲထားလိုက်ပါတယ်
မိမိတို့စိတ်တိုင်းကျ ထားနိုင်ပါတယ်
4
အပေါ် Tab bar ပေါ်က
File>New>Android Application Project ကိုနှိပ်လိုက်ပါ
5
New Android Application ဆိုပြီးကျလာပါလိမ့်မယ်
Application Name : pinlonthar (မိမိစိတ်ကြိုက်တစ်ခုခုထည့်လိုက်ပါ)
MinimumREquired SDK : API9:Android 2.3 (Gingerbread)
Targer SDK:API 18:Android 4.3 (Jelly Bean)
Cpmpile With:API 18:Android 4.3 (Jelly Bean)
Theme:Holo Light with Dark Action Bar
ပြီးရင် Next ကိုနှိပ်လိုက်ပါ
6
ကျွန်တော်တို့ Apk အတွက် ပုံတစ်ခုခုကိုရွေးလိုက်ပါ
Next ကိုနှိပ်ပါ
7
Blank Activity ကိုရွေးလိုက်ပါ
Next ကိုနှိပ်လိုက်ပါ
8
Finish ကိုနှိပ်လိုက်ပါ
ကျွန်တော်တို့ pinlonthar နာမည်နဲ့ hello world apk တစ်ခုကိုအောင်မြင်စွာတည်ဆောက်ပြီးသွားပါပြီ
မိမိတို့ပြုလုပ်ထားတဲ့ apk ကို ကွန်ပျူတာပေါ်ကနေ
AVD (Android Virtual Device ) အသုံးပြုပြီး run ကြည့်ရအောင်
10
Window>Android Virtual Device Manager ကိုနှိပ်လိုက်ပါ
Android Virtual Device Manager ဆိုတဲ့ window တစ်ခုကျလာပါလိမ့်မယ်
11
New ကိုနှိပ်လိုက်ပါ
AVD Name : pinlonthar (မိမိစိတ်ကြိုက်တစ်ခုခုထည့်လိုက်ပါ)
Device: မိမိစိတ်ကြိုက်တစ်ခုခုရွေးလိုက်ပါ
Targetး တစ်ခုခုရွေးလိုက်ပါ
RAM: 512
Ok ကိုနှိပ်လိုက်ပါ
ကျွန်တော်တို့ AVD တစ်ခုကို အောင်မြင်စွာတည်ဆောက်ပြီးသွားပါပြီ
့hello world apk ကို AVD ပေါ်ကနေက run ကြည့်မယ်..
12
Run ကိုနှိပ်လိုက်ပါ
Run As ဆိုတဲ့ window တစ်ခုကျလာပါမယ်
Android Application ကိုရွေးပြီး ok ကိုနှိပ်လိုက်ပါ..
13
Launch a new Android Virtual Device ကိုရွေးလိုက်ပါ
ကျွန်တော်တို့ခဏက တည်ဆောက်ထားတဲ့ pinlonthar AVD ကိုရွေးပြီး Start လုပ်လိုက်ပါ
ပြီးရင် Launch လုပ်လိုက်ပါ
15
Ok ကျွန်တော်တို့ ANDROID ဆိုတဲ့ Logo နဲ့ AVD တစ်ခုတတ်လာပါလိမ့်မယ်
ခဏစောင့်လိုက်ပါ
16
ကျွန်တော်တို့ pinlonthar.apk ကို Virtual Device ပေါ်မှာ အောင်မြင်စာ run နေပါပြီ
17
ဖုန်းထဲထည့်ချင်တယ်ဆိုရင်
အပေါ်မှာတည်ဆောက်ထားတဲ့ workspace>pinlonthar>bin
အောက်က pinlonthar.apk ကို install လုပ်လိုက်ပါ..
အပေါ်ကနည်းတွေကတော့ ကျွန်တော်တို့ android application စတင်လေ့လာမဲ့တဲ့လူငယ်တွေအတွက်ပဲဖြစ်ပါတယ်
ကျွန်တော်လည်းလေ့လာနေဆဲလူငယ်တစ်ယောက်ဖြစ်ပါတယ်..
ကျွန်တော်တို့ Online ပေါ်မှာ ဆက်လက်လေ့လာနိုင်ဖို့အတွက် website တွေ Group တွေအများကြီးရှိပါတယ်
ကျွန်တော်လေ့လာနေတဲ့ Group တွေကိုလမ်းညွှန်ပေးပါမယ်
http://htarhtarlwin.blogspot.com/2013/06/android-programming-i.html
https://www.facebook.com/groups/apkdeveloper/
ဒါကတော့ ဆရာမဒေါ်ထားထားလွင် ရဲ့ android developing ကို Online ပေါ်ကနေ သင်ပေးနေတဲ့ blog နဲ့ group ဖြစ်ပါတယ်
http://myandroidian.blogspot.com/
ဒါကတော့ ဆရာမ Star Tek ရဲ့ android developing ကို Online ပေါ်ကနေ သင်ပေးနေတဲ့ blog ပါ
http://waiferkolar.com/#
ဒါကတော့ ဆရာ waiferkolar ရဲ့ video lesson တွေပါ java video lessons တွေ download ဆွဲပြီးလေ့လာနိုင်ပါတယ်
http://www.vogella.com/articles/Android/article.html
အဲမှာလဲ Eng tutorials တွေအများကြီးတင်ပေးထားပါတယ်..
Credit To : http://www.pinlonthar.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Tuesday, October 15, 2013
Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်များ
 Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက မှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။ ဒါကြောင့်အခု လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။
1. ADB
ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။
2. AOSP
Android Open Source Project ရဲ့အတိုကောက်ဖြစ်ပါတယ်။ များသောအားဖြင့် ROM (Read Only Memory) တွေရဲ့ ဖော်ပြချက်တွေမှာတွေ့ရှိရပါတယ်။ AOSP ဟာများသောအားဖြင့် Android Device တွေမှာသုံးတဲ့ ROM တွေဟာ Google ကပေးတဲ့ ဘယ် Android Source Code ပေါ်မှာမူတည်ပြီးထုတ်ထားသလဲဆိုတာကိုဖော်ပြပါတယ်။
3. Bootloader
Bootloader ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ Android Device တွေမှာသုံးတဲ့ lowest level software တစ်ခုဖြစ်ပြီး Android Operating System စတင်ဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။ များသောအားဖြင့် ထုတ်လုပ်သူတွေဟာ Bootloader ကို lock ပြုလုပ်ထားပါတယ်။ ဘာလို့ဒီလိုလုပ်သလဲဆိုတော့ Root လုပ်ခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကိုထုတ်လုပ်လိုက်တုန်းကအတိုင်းပဲ အသုံးပြုသူတွေကိုသုံးစေချင်လို့ဖြစ်ပါတယ်။
4. Bootloop
Bootloop ဆိုတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Android Device ကို Root လုပ်တာပဲဖြစ်ဖြစ် Custom ROM တင်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါ သူပြောထားတဲ့ အဆင့်တွေတိုင်းလိုက်မလုပ်ပဲ တစ်နေရာရာမှာတစ်ခုခုမှားခဲ့ရင် Android OS ဟာ restart ချလိုက်တာနဲ့ Start Up Logo မှာရပ်နေပြီးဘာမှဆက်တက်မလာတာ့ပါဘူး။ဒါကို Bootloop ဖြစ်တယ်လို့ခေါ်ပါတယ်။
5. BusyBox
BusyBox ဆိုတာကတော့ app တစ်ခုဖြစ်ပြီး UNIX Command Tools များစွာကိုအသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ Android OS ရဲ့ System File တွေကို ကိုယ်ကြိုက်သလိုပြောင်းချင်တဲ့အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox ကနေတစ်ဆင့် Commands တွေသုံးပြီးပြောင်းလဲလို့ရပါတယ်။
6. Dalvik cache
Dalvik cache ဆိုတာကတော့ Android OS မှာပါဝင်တဲ့ directory (folder) တစ်ခုဖြစ်ပြီး ကိုယ့် device မှာ install လုပ်လိုက်လို့ရလာတဲ့ *.dex file တွေအားလုံးကိုသိမ်းထားပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီ *.dex file တွေဟာ သွင်းထားတဲ့ app ကို update လုပ်လိုက်တာနဲ့ သူတို့ပါလိုက်ပြီး update ဖြစ်ပါတယ်။
7. Flashing or Flash
Flash လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Device မှာတစ်ခုခုကို install လုပ်လိုက်ခြင်းရဲ့နောက်ထပ်အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ ROM ပဲဖြစ်ဖြစ် Kernel ပဲဖြစ်ဖြစ် install လုပ်လို့ရတဲ့မည်သည့် .zip file ကိုမဆို install လုပ်ခြင်းကို flash လုပ်တယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။
8. Fastboot
Fastboot ဆိုတာကတော့ boot menu တစ်ခုဖြစ်ပြီး Android OS မစတင်ခင်မှာ Recover Mode နဲ့အခြား Download Mode တွေကို ဒီ boot menu ကနေတစ်ဆင့်ဝင်လို့ရနိုင်တဲ့ Android Boot Menu တစ်ခုဖြစ်ပါတယ်။
9. Firmware
Phone သို့မဟုတ် Tablet ရဲ့ Firmware ဆိုတာကတော့ များသောအားဖြင့် Operating System ကိုပဲညွှန်းဆိုခြင်းဖြစ်ပါတယ်။ Firmware Update လုပ်တယ်ဆိုတာကလည်း OS ကို Update ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။
10. IMEI
International Mobile Equipment Identity (IMEI) number လို့ခေါ်တဲက number တစ်ခုဖြစ်ပြီး GSM, WCDMA, and iDEN mobile device တွေနဲ့အခြား satellite device တွေမှာသုံးတဲ့ unique number တစ်ခုဖြစ်ပါတယ်။ ဒီ number ကို device တွေရဲ့ settings ထဲမှာကြည့်ရှုနိုင်ပါတယ်။
11. Kernel
Kernel ဆိုတာကတော့ Operating System ရဲ့အသဲနှလုံးပဲဖြစ်ပြီး Hardware နဲ့ Software (ဒီနေရာမှာတော့ App) ကြားဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
12. Opensource
Opensource ဆိုတာကတော့ software တစ်ခုကိုထုတ်လုပ်ပြီးလို့ဒီ software ဟာ opensource လို့ပြောလိုက်ပြီဆိုတာနဲ့ဒီ software ရဲ့ codes တွေကိုလိုသလိုပြုပြင်ပြောင်းလဲလို့ရပြီး အများတကာအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။
13. Recovery
Recovery ဆိုတာကတော့ ကျွန်တော်တို့ Android Device တွေမှာရှိတဲ့ Internal Storage အတွင်းက အခန်းငယ်လေးတစ်ခု (Partition) ဖြစ်ပြီး Custom ROM ထည့်သွင်းခြင်း system-level လုပ်ဆောင်ချက်တွေပြုလုပ်တဲ့နေရာမှာအသုံးပြုပါတယ်။
14. ROM
Android အဝင်းအဝိုင်းမှာတော့ ROM ဆိုတာဟာ Read Only Memory ဖြစ်ပြီး အသစ်ပြုပြင်ပြောင်းလဲထားတဲ့ Android Operating System ကိုပဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ Custom ROM လို့လည်းခေါ်ဝေါ်ပါတယ်။ Custom ROMs တွေကတော့ CyanogenMod, Android Open Kang Project (AOKP) နဲ့ MIUI တို့ပဲဖြစ်ပါတယ်။
15. ROM Manager
ROM Manager ဆိုတာတော့ အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပြီး root လုပ်ပြီးမှအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ ClockworkMod Recovery ထည့်သွင်းခြင်း (သို့) CMW ထဲဝင်ခြင်း Custom ROM ထည့်သွင်းခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ဒီ ROM Manager ကနေတစ်ဆင့်ဆောင်ရွက်လို့ရပါတယ်။
16. Root
Root ဆိုတာကတော့ Android Device တစ်ခုပေါ်မှာ Administrator (သို့) Full Access ဖြင့်အသုံးပြုခြင်းဖြစ်ပါတယ်။ (Root အကြောင်းအသေးစိတ်ဆောင်းပါးကို ရှာဖွေလေ့လာနည်းပညာ Album ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။)
17. Superuser
Superuser ဆိုတာကတော့ Android OS အတွက် special user account တစ်ခုဖြစ်ပြီး root account လို့လည်းခေါ်ပါတယ်။ Superuser ကနေမှတစ်ဆင့် Device ကိုလိုသလိုစီမှန်ခန့်ခွဲလို့ရပါတယ်။
18. Wipe
Wipe လုပ်တယ်ဆိုတာကတော့ Device ထဲမှာ ရှိတဲ့ data တွေကိုဖျက်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့အခေါ်ဝေါ်တွေအားလုံးနီးပါးကို စာဖတ်သူတို့  Android Device တွေရဲ့လောကထဲမှာ မှာတွေ့ဖူးမြင်ဖူးကြမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကတော့ ကျွန်တော်ရေးတာမဟုတ်ပါဘူးခင်ဗျာ ဆိုက်လိပ်စာလေး မမှတ်မိတော့လို့ ရေးမပေးလိုက်တာပါ။ ရေးသားသူကိုလည်း ဒီနေရာလေးကပဲ ခွင့်ပြုပေးပါလို့တောင်းဆိုပါတယ်ခင်ဗျာ။
 Credit : http://www.pyayblogger.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Monday, October 14, 2013
"Huawei G610-U00 အတွက် CWM Recovery(English) နှင့် Stock Recovery သွင်းနည်း"
Huawei G610-U00 အတွက် cwm recovery တင်နည်းနဲ့ stock recovery ပြန်ပြောင်းနည်းလေးကို
တင်ပြသွားမှာဖြစ်ပါတယ်။
recovery.img ကို...apk ကနေ flash လို့ရကောင်းမှန်းသိလာတာကတော့...ကိုဖြိုးညီညီရဲ့ကျေးဇူးပါ။
credits to ကိုဖြိုးညီညီပါ။
cwm recovery(eng)နဲ့ stock recovery တွေကတော့..ကျွန်တော်ဖန်ထားတာပါ။
အခုpost မှာ..stock recovery ပြန်ပြောင်းတဲ့နည်းလေးကိုဖြည့်ထားရတဲ့အကြောင်းကတော့
G610-U00မှာ..cwm recovery (custom recovery)တင်ပြီးသွားတဲ့အခါမှာ...firmware ကို dload folderကိုကူးထည့်ပြီးတင်နည်းတဲ့လုံးဝတင်လို့မရတော့ပါဘူး။volume down+volume up+power
ကိုနှိပ်လိုက်တဲ့အခါမှာ.....cwm mode ထဲကိုပဲရောက်ရောက်သွားပြီးတင်လို့မရတော့ပါ။
အဲဒါကိုဖြေရှင်းဖို့အတွက်...stock recovery ကို...ပြန်ပြောင်းထားမှ..အဆင်ပြေမှာ..ဖြစ်ပါတယ်။
အောက်မှာ..ဆက်လက်ဖေါ်ပြမယ့်အရာများကို...ကျွန်တော်ကိုယ်တိုင် G610-U00 (B121 and B127)မှာ
အကြိမ်ကြိမ်cwm တင်လိုက်၊stock ပြန်တင်လိုက်..စမ်းပြီးဖြစ်ပါတယ်။ဘာပြဿနာမှတော့ မဖြစ်ပါ။ G610 ရဲ့အခြား build number တွေမှာ...ရမရကိုတော့...ပျက်မှာမပူဘူးဆိုရင်...စမ်းကြည့်နိုင်ပါတယ်..။
ထုံးစံအတိုင်း..ဒီpost ကို...အကြိမ်ကြိမ်စမ်းကြည့်ပြီးမှတင်တာဖြစ်ပြီး...လုပ်ရင်းကိုင်ရင်းနာက်ဆက်တွဲဖြစ်
တတ်သောပြဿနာများကိုတော့....တာဝန်ယူမှာမဟုတ်ပါ။ အခန့်မသင့်ပါက..firmware တက်မလာ
ခြင်း၊firmware ပြန်တင်လို့မရတော့ခြင်းနှင့်မထင်မှတ်ထားသည်များဖြစ်နိုင်ပါသည်။
ပထမဆုံး G610-U00ကို CWM recovery တင်မယ်ဆိုရင် G610 CWM Recovery နဲ့ 
Mobileuncle tool.apk ကိုအရင်ဒေါင်းပါ။
G610-U00 CWM Recovery (dropbox)
G610-U00 CWM Recovery (mediafire)
Mobileuncle tool.apk (dropbox)
Mobileuncle tool.apk (mediafire)
ဒေါင်းပြီးသွားရင်...recovery.img ဆိုတဲ့ဖိုင်ကိုsd cradထဲကိုကူးထားပါ။
ပြီးရင်..mobileuncle tool.apk ကို သွင်းလိုက်ပါ။
Mobileuncle Tools ကို..သုံးပြီး...fig 01 ကနေ 04 အထိပြထားတဲ့အတိုင်း လုပ်လိုက်ပါ။
fig 01=>
fig 02=>
fig 03=>
fig 04=>
 နောက်ဆုံးအဆင့် fig -04 မှာပြထားတဲ့ ok ကိုနှိပ်ပြီးသွားရင်...reboot ကျသွားပြီး
cwm recoveryသို့ရောက်သွားမှာဖြစ်ပါတယ်။အဲဒါဆိုရင် cwm တင်လို့ပြီးပါပြီ။
cwm ကနေ stock recovery ကို ပြန်ပြောင်းချင်သူများအတွက်ကတော့...အောက်မှာ
ပေးထားတဲ့ stock recoveryကိုဒေါင်းပြီးအပေါ်က...အဆင့်တွေအတိုင်းပြန်သွင်းလိုက်ပါ။
Credit To : http://amarasuper.blogspot.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Sunday, October 13, 2013
Despicable Me 1.3.0
Despicable Me Apk
Despicable Me Apk Despicable Me Apk
Despicable Me Apk Despicable Me Apk
ဒီကာတွန်းကားလေးကို ကြည့်ဖူးကြမယ်ထင်တယ်ဗျ...
ခု အာ့ကောင်လေးကို Android ပေါ်မှာဆော့လို့ရပါပြီ...
ကျနော်တော့ ဆော့ကြည့်ရတေးပူးဗျ....
တွေ့တာနဲ့တင်ပေးလိုက်တာပါ...
အောက်မှာဒေါင်းလိုက်ပါဗျာ။
Instruction:
-Put data on SDCard\android\data\com.gameloft.android.ANMP.GloftDMHM
-Install Apk
-Launch the App
Download Here
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Y511 မြန်မာစာအဆင်ပြေတဲ့ MMSD Smart Zawgyi v1.3 လာပါပြီ။
အရင် version v1.2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်
Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။
Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။
လက်တလောရေပန်းစားနေတဲ့ Y511 တွေလဲအဆင်ပြေပါပြီ။
Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။
iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။
ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။
Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့
Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .
မည့်သည့် Font မှမပျက်ပါဘူး
Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။
အဆင်ပြေပါစေ
ဒီမှာဒေါင်းပါ။
Download Here (Mediafire)
Download Here (Dev host)
Screenshot_2013-06-18-11-56-02
Credit To : http://www.myanmarmobilesoftwaredeveloper.com/
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Thursday, October 3, 2013
Sony Xperia Devices ကိုင်ဆောင်ထားသူတွေ အတွက် Rooting Toolkit V-17
Sony Xperia Devices ကိုင်ဆောင်ထားသူတွေ အတွက် 
  Easy-Rooting-Toolkit v17
ဒီအောက်က Model နဲ့ Build Number တွေကိုသာ Support လုပ်ပါတယ်။
Devices Supported:
Xperia Z       (C6602/3)           - 10.1.1.A.1.253/307
Xperia Z       (C6602/3)           - 10.3.A.0.423
Xperia Z       (C6606)              - 10.1.1.B.0.166
Xperia ZL      (C6502/3/6)       - 10.3.A.0.423
Tablet Z       (SGP321)            - 10.1.1.A.1.307
Tablet Z       (SGP311/2)         - 10.1.C.0.370
Xperia ZR      (C5502/3/M36h) - 10.1.1.A.1.310
Xperia SP      (C5302/3/6)       - 12.0.A.1.211/257/284
Xperia L       (C2104/5)           - 15.0.A.1.31/36
Xperia T       (LT30p)              - 9.1.A.1.141/142
Xperia TX      (LT29i)              - 9.1.B.1.67
Xperia V       (LT25i)               - 9.1.A.1.140/142/145
Xperia S       (LT26i)               - 6.2.B.0.200/211
Xperia SL      (LT26ii)              - 6.2.B.0.211
Xperia Acro S  (LT26w)            - 6.2.B.0.200/211
Xperia Ion     (LT28h)              - 6.2.B.0.211
Xperia P       (LT22i)                - 6.2.A.1.100
Xperia Go      (ST27i/a)           - 6.2.A.1.100
Xperia J       (ST26i/a)            - 11.2.A.0.21/31
Xperia AX      (SO-01E)           - 10.1.D.0.343
Tablet Z       (SO-03E)            - 10.1.E.0.265/269
Xperia GX      (SO-04D)          - 7.0.D.1.137
Xperia A       (SO-04E)           - 10.1.1.D.0.179
Xperia A       (SO-04E)           - 10.1.1.D.2.26
Xperia SX      (SO-05D)          - 7.0.D.1.137
Xperia SX      (SO-05D)          - 9.1.C.0.475
Xperia VL      (SOL21)            - 9.0.F.0.226
Xperia VL      (SOL21)            - 9.1.D.0.395/401
Xperia UL      (SOL22)            - 10.2.F.3.43
Google Nexus 4                     - JDQ39
Google Nexus                        - JOP40C/JZO54K
LG Optimus G E975                - v10e
လိုချင်ရင်တော့ ဒီအောက်မှာဒေါင်းလိုက်ပါ။
Download Link :
Credit To : http://itsuboo.blogspot.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်
နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃
၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop
ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine
နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့်
နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့)
ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။
Type of Subtitle
စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။
Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး
တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။
စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့
ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို
English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊
Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။
How to use softsub?
Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး
Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို
သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video
file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊
တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့
ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt
ဆိုပြီးထားရပါမယ်။
Subtitle တွေကို ဘယ်မှာ ရှာရမလဲ??
Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို
ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ
ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့
subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက
စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။
များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ
အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း
ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။
http://subscene.com/
http://www.opensubtitles.org/
http://www.divxsubtitles.net/
http://www.mysubtitles.org/
http://www.allsubs.org/
http://www.tvsubtitles.net/
မြန်မာစာတန်းထိုးပြောင်းကြမယ်
video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ
ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က
အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။
ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက
မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline
တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး
စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။
file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode
လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့
ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။
Produce DVD,VCD or Hardsub
မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter
ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file
နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD
ထုတ်လို့ရပါပြီ။
Credit To : http://www.sawlinux.org
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
OutBux တွင်ဝင်ငွေရှာဖွေခြင်းနှင့် လက်တွေ့ 2$ ထုတ်ယူခြင်း
အရင်ဆုံး Member အရင်ဝင်ရပါ့မယ် .. Member ၀င်ဖို့အတွက် ဒီကို နှိပ်လိုက်ပါ။
ပြီးတာနဲ့ ညာဘက်ထိပ်ဆုံးက Register ကိုနှိပ်လိုက်ပါ..အောက်က ပုံမှာပြထားတဲ့အတိုင်းဖြည့်လိုက်ပါ..မိမိမှာ PayPal မရှိသေးရင်တော့ Register လုပ်ခဲ့တဲ့ Email
ကိုဘဲပြန်ထည့်ပေးလိုက်ပါ။ Member ၀င်ပြီးတာနဲ Welcome To Outbux ဆိုတာပေါ်လာရင်တော့ Member ၀င်ခြင်းပြီးဆုံးပါပြီ ။
Member ၀င်ပြီးပြီဆိုရင် Login ၀င်လိုက်ပါ...ကြော်ငြာ Click ပြီးငွေရှာတဲ့လုပ်ငန်းစပါ့မယ်။.ပြထားတဲ့ကြော်ငြာတွေကို အကုန်ကုန်အောင် Click လုပ်ပါ.. အထူးသတိပေးချင်တာက ကြော်ငြာတွေကိုClick လုပ်ရာမှာ တစ်ခုပြီးမှတစ်ခုဖွင့်ကာ Click လုပ်ကြပါ..တစ်ပြိုင်တည်း စိတ်မရှည်လို့ဖွင့်လိုက်မယ်ဆိုရင် ကြော်ငြာခလဲမရ ပိုက်ဆံလဲရတော့မှာမဟုတ်ပါဘူး။ အောက်ပုံမှာ ကြည့်ပါ။
အပေါ်ပုံမယ်ပြထားတဲ့အတိုင်း View ADS ကိုနှိပ်လိုက်...အဲဒါဆိုရင် Click ရမယ့်ကြော်ငြာတွေပေါ်လာမယ်..အဲဒီထဲမှာမှ အပြာရောင်ဘားကို ကြော်ငြာကြည့်ဖို့Click လိုက်
click လိုက်ရင်အောက်ကအတိုင်း  ပေါ်လာမယ်...( တစ်ခုသတိပေးတာက ကလစ်လိုက်တာနဲ့ တန်းပေါ်တာမဟုတ်ပါဘူး..သူသတ်မှတ်ထားတဲ့ Webpag ရဲ့စာမျက်နှာအပြည့်ပေါ်မှ Click ရမယ့် ပုံတွေပေါ်တာပါ..ကျွန်တော်ကတော့ GSM Connection နဲ့သုံးတယ်...တစ်မိနစ်လောက်နေလို့မှClick ရမယ့်ပုံတွေမပေါ်သေးရင် Loading ပြန်ဆွဲတယ်.မကြာဘူးတန်းပေါ်လာပါတယ်...
ပုံမှာ Click ဖို့ ပုံခြောက်ပုံပေါ်လာပါတယ်နော်... ဘေးမယ်စာရေးထားတယ်.. " Click the upside down Picture" ဆိုတော့ အောက်ကို ဇောက်ထိုးဖြစ်နေတဲ့ပုံကို click ခိုင်းတာပါ.. ခြောက်ပုံထဲက ဇောက်ထိုးဖြစ်နေတဲ့ ပုံကို ကလစ်ပေးလိုက်ပေါ့.. ဒါဆိုရင် အောက်က အတိုင်း
အမှန်ခြစ်ပေါ်လာပါ့မယ်..ဒါဆိုရင် ကြော်ငြာတစ်ခု ကြည့်လို့ပြီးသွားပါပြီ..ကျန်ရှိနေတဲ့ကြော်ငြာတွေကိုလည်း ဒီအတိုင်းသာ ကလစ်သွားပါ...ကိုယ်ပိုင်ဖုန်းသမားတွေကတော့ မနက်ခင်း 7 နာရီ 8 နာရီလောက်ထလုပ်ကြည့်ပါ..မြန်မှမြန် ခဏလေးနဲ့ တက်ပါတယ်။
အိုကေ ကြော်ငြာတွေ အကုန်ကြည့်ပြီးသွားပြီ မိမိဘယ်လောက်ရပြီလဲသိချင်ရင် အောက်ပုံမယ်ပြထားတဲ့အတိုင်း Account ကိုနှိပ်လိုက်ပါ..ဒါဆိုရင် ကြော်ငြာ Click လိုက်လို့ရလာ
တဲ့ငွေတွေက Balance ထဲမှာဝင်နေပါလိမ့်မယ်..ကျနော်ကတော့ လုပ်တာ သုံးပတ်ကျော်ရှိပြီဖြစ်တဲ့အတွက် $7 ရနေတာပါ... အိုကေ..အဓိကပြောချင်တာက ကြော်ငြာ Click လုပ်
လို့ရလာတဲ့ငွေတွေသည် Balance ထဲသို့ဝင်ပါ့မယ်။ စ စလုပ်ချင်းကတော့ 1$ ရအောင် နှစ်ပတ်ကျော်မျှ စိတ်ရှည်လက်ရှည် Click လုပ်လိုက်ရပါတယ်..စိတ်ပျက်သွားပြီလား မပျက်နဲ့နော် သူဌေးကြီး :) မြန်မြန် တစ်ဒေါ်လာရအောင်ဖြတ်လမ်းနည်းပြောပြမယ်ဗျ..တစ်ခြားနည်းတော့မဟုတ်ပါဘူး မိမိကိုယ်တိုင် ပွဲစားလုပ်
ရမှာဖြစ်ပါတယ်နော့်.. :)
ကဲ..မိမိရဲ့ Balance မှာ $1.0000 တစ်ဒေါ်လာရလာပြီ ဆိုပါစို့ ပိုက်ဆံရလာတာနဲ့ ရှယ်ယာ ၀ယ်တဲ့ လုပ်ငန်းစပါ့မယ်.. ဒီနေရာမယ် ရှယ်ယာဝယ်တဲ့လုပ်ငန်းနဲကပတ်သက်လို့နည်း
နည်းရှင်းပြပါ့မယ်... ဘယ် Website မှာဘဲ ငွေရှာရှာ ရှယ်ယာ ဆိုတာ နှစ်မျိုးဘဲရှိပါတယ် Direct Referral Share နဲ့ Rental Referral Share ဆိုပြီးနှစ်မျိုးရှိပါတယ်ဗျ။
Direct Referral Share ဆိုတာကတော့ ကိုယ့်ရဲ့ Share Link မှာ အခြားသူတွေကို စိတ်ဝင်စားအောင်ပြောပြပြီး Member ၀င်ခိုင်းတာဘဲဖြစ်ပါတယ်ခင်ဗျ..ဟော ...ကျနော်
အထက်မှာပြောခဲ့တဲ့ ပွဲစားဆိုတာ Direct Referral Share ကိုဆိုလိုခြင်းဘဲဖြစ်ပါတယ်ခင်ဗျ... သူငယ်ချင်းရေ..ငါကတော့ ဒီဆိုဒ်မှာ လုပ်နေတယ်..ငွေတွေသိပ်ရသကွာ..ပါဂျဲရိုး
တောင် ၀ယ်စီးနေပြီကွ..မင်းလဲ လုပ်သင့်တယ်ကွ...မင်းလုပ်ချင်တယ်ဆိုရင်ငါကူညီပေးမယ်..ရော့ရော့..ဟောဒီက ငါပေးတဲ့ Link မှာ Member ၀င်လိုက်..ပြီးရင် ငါပြောတဲ့နည်း
တွေအတိုင်း လုပ်ပေတော့ကွာ... ကိုယ့်ရဲ့ သူငယ်ချင်းက ကိုယ်ရဲ့ Share Link မှာမန်ဘာဝင်ပြီး အလုပ်လုပ်တာနဲ့ သူငယ်ချင်းဆီက $0.0200 ကို ကိုယ်က ရှယ်ယာအမြတ်အနေ
နဲ့ရရှိမှာဖြစ်ပါတယ်..သူငယ်ချင်းကိုတော့ ဘားမှမထိခိုက်ဘူးနော်..သူဘာသာ Outbux Company ကထပ်ဆောင်းပေးတဲ့ ဘောက်ဆူးပါ...အိုကေ ဒါကို Direct Referral Share
လို့ခေါ်တာပေါ့ဗျာ... :) ကိုယ့်ရဲ့ Share Link ကိုထုတ်တဲ့နည်းလေး သက်ဆိုင်ရာအခန်းမှာသင်ပြပေးသွားပါ့မယ်။ အိုကေ ..ဒါဆိုရင် Direct Referral Share ဆိုတာ ဘာမှန်းသိ
ပါပြီနော်... အခု Rental Referral Share အကြောင်းကိုပြောပါ့မယ်... အဲကေင်က ကိုယ်ကြော်ငြာ Click လုပ်လိုက်လို့ရလာတဲ့ ငွေထဲကနေ၀ယ်ရမှာဖြစ်ပါတယ်..လူမဟုတ်ပါဘူး
သူ့ဘာသာ Auto အလုပ်လုပ်ပေးတဲ့ Share ဖြစ်ပါတယ်... ဥပမာ မိမိမှာ 1$ ရပြီဆိုရင် Share ငါးခု စ၀ယ်လို့ရပါပြီ... အိုကေ ဘယ်လိုဝယ်မှာလဲ..အပေါ်က ပုံကိုတစ်ချက်ကြည့်
လိုက်.. Balance မှာ တစ်ဒေါ်လာရပြီထားပါစို့..ရှယ်ယာဝယ်ဖို့ဆိုရင် အဲဒီ Balance ထဲကငွေကို Purchase Balance ကိုရွှေ့ရမှာဖြစ်ပါတယ် .. မှတ်ထားနော်..ဒီနည်းက အခြား
ငွေရှာတဲ့ဆိုဒ်တွေမှာလည်း ဒီလိုနည်းသုံးရပါတယ်.. Purchase Balance ထဲကိုရွှေ့ဖို့အတွက် Purchase Balance ဆိုတဲ့စာသားရဲ့ ညာဘက်ဘေးကပ်ရပ်လေးမှာ                        ( Add Funds ) ဆိုတာလေးရှိတယ်...တွေ့လားမသိ..တွေ့ရင် အဲကောင်လေးကို နှိပ်ပါ... အောက်က ပုံကိုကြည့်လိုက်ပါဦးး
Add Funds ကိုနှိပ်လိုက်တာနဲ့ အပေါ်ပုံမယ်ပြထားတဲ့အတိုင်း တွေ့ပါလိမ့်မယ်.. Method နေရာမှာ Account Balance ကိုရွေးပါ..Amount နေရာမှာတော့ တစ်ဒေါ်လာကိုထည့်မှာဖြစ်တဲ့အတွက် 1 လို့ရွေးပေးလိုက်ပါတယ်..ပြီးရင်တော့ Send ကိုနှိပ်ပေးလိုက်...ဒါဆိုရင် Purchase Balance ထဲကိုငွေလွှဲပြီးကြောင်း Message ပြပါ
လိမ့်မယ်.. ပြီးတာနဲ့ ဟိုးးးအပေါ်ဆုံးမယ်ရှိတဲ့ Logout လုပ်တဲ့ နေရာက My Account ကိုနှိပ်ပေးလိုက်..ဒါဆိုရင် Balance ထဲက တစ်ဒေါ်လာက Purchase Balance ထဲကို
ရောက်သွားပါပြီ..ရောက်သွားပြီဆိုတာနဲ့ Rental Referral Share ၀ယ်ဖို့စတင်နိုင်ပြီဖြစ်ပါတယ်..ကဲ..ဘယ်လိုဝယ်မလဲ... အောက်ပုံမယ် ပြထားတဲ့အတိုင်း Rent Referrals ဆို
တာကို နှိပ်ပေးလိုက်..ဒါဆိုရင် ရှယ်ယာဝယ်ဖို့နေရာရောက်သွားပါ့မယ်..
ကျနော်ကတော့ Purchase Balance ထဲမယ် 10$ ကြီးများတောင်ရှိလယ်ဗျား :D မိတ်ဆွေတို့ကတော့ တစ်ဒေါ်လာပေါ့နော်.Rent Now! ကိုနှိပ်လိုက်ပါ..ဒါဆိုရင် ရှယ်ယာ ငါးခု ၀ယ်ခြင်းပီးဆုံးပါပြီ ရှယ်ယာတွေက တစ်ပတ်ကိုတစ်ကြိမ်ဘဲ ၀ယ်ခွင့်ရှိပါတယ်..ဒီတော့ ခေါင်းနည်းနည်းသုံးမယ်..ပထမ အခေါက်မှာ ရှိတဲ့ပိုက်ဆံနဲက ရသလောက်ဝယ်မယ်..နောက် ဒုတိယအပတ်ကျရင်လည်း ရှိသမျှ ဟာလေးနဲ့ ရသလောက်ဝယ်မယ်..နောက်တတိယပတ်ကျရင်တော့ မ၀ယ်သေးနဲ့ဦး.. ရှယ်ယာ ၀ယ်နေစဉ်ကာလမှာလည်း Direct Referral
Share ရဖို့ ပွဲစားလေးလဲ လုပ်ပေါ့.. :D အိုကေနော်... Direct Referral 20 လောက်ရှိလာပြီဆိုရင် Rental Referral တွေကိုမ၀ယ်သေးဘဲနဲ့ ပိုက်ဆံစုထား.စုနေစဉ်ကာလမှာ
Direct Referral ကိုရသလောက် ရနိုင်သလောက်ရအောင်ရှာပါ..အိုကေ... စုထားတဲ့ ပိုက်ဆံတွေကို Rental Referral Share ၀ယ်ပါ.. ဒီနေရာမယ် တစ်ချို့ တော်တော်များများ
ကြုံရတဲ့ ပြသနာလေးတစ်ခုရှိတယ်..ဘာတုန်းဆိုရင် Purchase Balance ထဲမယ်ထည့်ထားတဲ့ ငွေတွေ လျော့သွားတာပါဘဲ..ဒါကြောင့်မထည့်ပါနဲ့ ၀ယ်စရာရှိမှ Purchase Balance ထဲကိုထည့်ပါလို့ အသိပေးလိုက်ရပါတယ်.. ကဲ ဟုတ်ပီ... မိမိမှာ Direct Referral တွေ Rental Referral တွေဝယ်ထားတဲ့ ပမာဏကို ကြည့်ဖို့အတွက် အောက်က ပုံ
ကိုကြည့်လိုက်ပါ...ကိုယ်ရထားတဲ့ ပမာဏကိုကြည့်ဖို့အတွက် My Account ထဲက Referral Stats ကိုကြည့်လိုက်... အောက်ပုံမယ်ဆိုရင် ကျနော်အခြားဆိုဒ်မှာလုပ်နေတဲ့ Result ပါ.. Direct Referrals က 561 ယောက်.. :P ( ပွဲစားပတ်လုပ်ထားရတာ ) .. Rented Referrals ၀ယ်ထားတာက 25 ခုဘဲရှိသေးတယ်.. :) အမှန်တော့ Direct Referral 561 ယောက်မှာ မလုပ်ကြတဲ့လူအရေအတွက်က 200 ကျော်လောက်ရှိတာပါ... ဒါပေမယ့် ပြသနာမရှိ Direct Referrals 350 နဲ့ Rented Referrals 500 လောက်ရှိရင်ကိုဘဲ တစ်နေ့ကို 4$ အေးအေးဆေးဆေးရနေပါပြီ..နောက်ပိုင်းကျရင်တော့ Rented Referrals ကိုသာ အားထားဝယ်ပါ.. :)
မိမိရဲ့ Direct Referrals ( လူအစစ် ) တွေ အလုပ်ဘယ်လောက်လုပ်လားမလုပ်လား အောက်က ပုံမှာကြည့်ပါ... ပုံမှာမြှားပြထားတဲ့အတိုင်း  Direct Referrals ဆိုတာကို
Click လုပ်လိုက်ပါ... Rented Referrals တွေအလုပ်လုပ်လား မလုပ်လားသိချင်ရင်တော့ Rented Referrals ဆိုတာကိုနှိပ်ပေးလိုက်ပေါ့..
Click လုပ်လိုက်တာနဲ့ အလုပ်လုပ်တဲ့ Direct Referrals တွေကို အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်..
အပေါ်ပုံမယ်မြင်တဲ့အတိုင်းပါဘဲ... ကိုယ်ပွဲစားလုပ်ထားတဲ့ Direct Referrals တွေပါ... အနီရောင် ၀ိုက်ပြထားကတော့ ကနေ့နေ့တိုင်းတစ်ကယ်အလုပ်လုပ်တဲ့သူတွေပါ...
ဘဲဥ မကွဲတဲ့ 0 တွေကတော့ တစ်ခါမှမလုပ်ရသေးတဲ့လူတွေပါ.. Rented Referrals လဲဒီအတိုင်းပါဘဲ.. ဒါပေမယ့် Rented Referrals က ဘဲဥမကွဲတာ ရှားတယ်..၀ယ်ပြီး တစ်ပတ်အတွင်း တော်တော်များများက နေ့တိုင်း အလုပ်လုပ်ကြပါတော့တယ်..ဒါကြောင့် Rented Referrals တွေကိုချည်း ဖိဝယ်ခိုင်းတာပါ.. :) Rented Referrals မှာအား
နည်းချက်တစ်ခုကတော့ရှိတယ်..ဒါကလဲ သူ့စည်းမျဉ်းပါဘဲ..ဘာလဲဆိုတော့...သူက တစ်လခံမလို့ပါ..တစ်လပြည့်တာနဲ့ ရှယ်ယာတွေက ပျောက်ကုန်ပါတယ်..ကဲမပျောက်အောင် ဘယ်နှုယ်လုပ်မလဲ... Rented Referrals ကိုနှိပ်ဝင်လိုက်ပါ...အောက်က ပုံအတိုင်းပေါ်လာပါ့မယ်....  (( ဘယ် ငွေရှာတဲ့ဆိုဒ်မှာမဆို AutoPay ကို Enable လုပ်ဖို့မမေ့ပါနဲ့ ))
အပေါ်ပုံမှာဆိုရင် Expires Date ကိုတွေ့မှာပါ... Expire 0 ဖြစ်သွားတာနဲ့ ၀ယ်ထားတဲ့ Share ဟာလည်းပျောက်သွားတော့မှာပါ.. ကဲ..ထားပါစို့.. Expire Date မှာ 2 Days လောက်ပဲကျန်တော့တယ်ဆိုရင် ဒီကောင်တွေကိုပျောက်မသွားအောင်လုပ်ရတော့မှာပါ....ဒီတော့ မပျောက်အောင်ဘယ်လို လုပ်မလဲ.. Recycle လုပ်ပါ့မယ်..ဘယ်လို Recycle လုပ်မှာလဲ ?အောက်က ပုံကို ထပ်ကြည့်လိုက်ပါ..
Expire Date ဖြစ်တော့မယ့် Share တွေကိုရှာပြီး အမှန်ခြစ်လေးတွေလိုက်ခြစ်ပါ...အမှန်ခြစ်ပြီးရင် I want to keep them for 30 More Days ကိုရွေးလိုက်ပါ... ကျနော်ဆယ်ခုလောက်ကို ဥပမာပြထားပါတယ်... အဲဒီဆယ်ခုစာ ကို Recycle လုပ်ရင်ကုန်ကျမယ့်ပမာဏက $1.800 ကျသင့်ပါမယ်..ကျနော်တစ်ခုပြောပါ့မယ်..Recycle လုပ်မယ်
ဆိုရင် Purchase Balance ထဲမယ်ငွေတော့ရှိနေဖို့လိုမယ်နော်..မရှိဘူးဆိုရင် လုပ်လို့မရပါဘူး... မိတ်ဆွေတို့မှတ်ထားရမှာက ရှယ်ယာတွေကို ၀ယ်တိုင်း.. Recycle လုပ်တိုင်း
Purchase Balance ထဲကိုငွေအရင်ဖြည့်ပီးမှ လုပ်လို့ရမှာပေါ့နော်..အိုကေ... ငွေရှိတယ်ဆိုရင် Do it! ကိုနှိပ်လိုက်တော့..ဒါဆိုရင်ဒီကောင်တွေက အသက်တစ်လကျော် ပြန်ပြည့်
သွားပါပြီ... Recycle လုပ်ခ တစ်ဒေါ်လာဆိုတာမများပါ..ဘာလို့လဲဆိုတော့ ရှယ်ယာ နှစ်ခုရဲ့ တစ်လအတွင်းရှာနှုန်းက တစ်ဒေါ်လာလောက်ရှိပါတယ်..ဒါကြောင့်မများပါဘူး..
ကဲ..အိုကေ..ဒါဆိုရင် Direct Referral Share နဲ့ Rented Referrals Share အကြောင်းကိုသိသွားလောက်ပြီထင်ပါတယ်... Direct Referrals ရှာမယ်.. Rented Referrals အတွက်ပိုက်ဆံရှိရင် ၀ယ်မယ်...လကုန်ခါနီးတုန်း Expire ဖြစ်တော့မယ်ကောင်တွေကို အသက်ပြန်ဖြည့်သွားမယ်.. ဒီလိုနည်းနဲ့ဘဲ တဖြည်းဖြည်းလုပ်သွားပါ လေးငါးလ
အတွင်း မိတ်ဆွေဟာ တစ်နေ့ကို 3$ နီးပါး လောက်ရနေတဲ့သူဖြစ်နေပါလိမ့်မယ်..အသေအချာပါ သို့ပေမယ့် မိမိ Share တွေရှာရင်ရှာနိုင်သလို.၀ယ်ရင်ဝယ်နိုင်သလို ပိုက်ဆံအတက်
အကျ ကွာခြားပါသေးတယ်နော့်... ကဲ ဒါလောက်ဆိုရင် ဘယ်လိုထိန်းညှိရမလဲ တွေးမိကြမှာပါ..တွေးလဲတွေးကြပါ... အိုကေ........ မိမိဆီမှာ မန်ဘာဝင်စေဖို့အတွက်
Direct Referrals Link ထုတ်နည်းလေးပြောပါဦးမယ်.. အောက်ကပုံကိုကြည့်ပါ
အပေါ်ပုံမှာပြထားတဲ့အတိုင်း Banner ကိုနှိပ်ပါ... ပြီးတာနဲ့ http://outbux.com/?ref=aungsan ဆိုတာလေးကိုကူးလိုက်ပါ...ပြီးတာနဲ့ အဲ Link ကို မိမိမန်ဘာဝင်စေလိုတဲ့သူဆီပေးပြီး .သူငယ်ချင်းရေ..ဘာဖြစ်တယ် ညာဖြစ်တယ် ကွာဆိုပြီး မန်ဘာဝင်ခိုင်းပါ..ဒါဟာ ကိုယ့်ရဲ့ Direct Referrals Link ဘဲဖြစ်ပါတယ်ခင်မျာ.. aungsan ဆိုတဲ့နေရာမယ်..မိမိ မန်ဘာဝင်ထားတဲ့နာမည်ဖြစ်နေပါလိမ့်မယ်.. ဥပမာ http://outbux.com/?ref=iloveamicho ပေါ့...အိုကေနော်..ဒါလောက်ဆိုလျှင်ရှင်းတယ်လို့ယူဆပါတယ်နော်..
ကဲ....နောက်ဆုံးအဆင့် ငွေထုတ်တဲ့အဆင့်.... မိမိရဲ့ Balance ထဲမှာ ၀င်ငွေများလာပြီထုတ်ချင်ပြီဆိုပါစို့...အောက်က ပုံအတိုင်း ထုတ်ယူရမှာဖြစ်ပါတယ်...
Withdraw ကိုနှိပ်ပါ
အိုကေ.. PayPal ကိုနှိပ်တာနဲက အောက်ပါပုံအတိုင်းဆက်တွေ့ပါလိမ့်မယ်..Send ကိုသာနှိပ်လိုက်ပါ... ဒါဆိုရင် မိမိရဲ့ ပိုက်ဆံက 24 နာရီအတွင်း မိမိရဲ့ PayPal Account
ထဲသို့ရောက်ရှိလာပြီဖြစ်ပါတယ်... PayPal Account မရှိသူများအတွက် တစ်ခုသတိပေးမယ်နော်.. အကောင့် စဖွင့်တုန်းက Paypal Email နေရာမယ် မိမိရဲ့ Email လိပ်စာ
ကိုထည့်ခဲ့ကြတယ်နော်... ငွေမထုတ်ခင် အဲဒီနေရာမယ် တကယ့် PayPal အစစ်ရဲ့ လိပ်စာကိုအရင်ပြောင်းလဲပေးရပါ့မယ်နော်..အဲဒါလေးသတိထားကြပါ..ပြောင်းလဲဖို့ကတော့
Personal Settings ထဲကနေပြောင်းလဲရမှာပါ။ အိုကေ .အောက်မယ်ငွေထုတ်တဲ့ပုံပါ။
ကဲ..အကောင့်ဖွင့်တာကစလို့..ငွေထုတ်တဲ့အဆုံးကျနော် ဘယ်လိုလုပ်ရမယ်ဆိုတာတွေပြောပြခဲ့ပြီးပါပြီ..ဒါကတော့ Outbuxအတွက်ပါ... ဒီလိုဆိုရင် ရှာပုံ ထုတ်ပုံတွေကိုသိသွား
ကြပြီထင်ပါတယ်... ဒီအခန်းကတော့ပြီးသွားပြီ... Direct Referrals များများရှာနိုင်ပါတယ်ဆိုသူများအတွက် Upgrade လုပ်နည်းပြောပြပါ့မယ်...Extend Member Ship ကို
နှိပ်လိုက်ပါ..အောက်က ပုံကိုကြည့်ပါ
အရှေ့က Aribux , Ukabux တို့မှာ  Upgrade တွေကိုရှင်းပြခဲ့လို့ ထပ်မံမရှင်းပြတော့ပါဘူးနော်... ဒီကောင်မှာ Direct Referral 500 ပြည့်တာနဲ့ Dollar 60$ တန်းရပါတယ်
ကျနော်ကတော့
အဲဒီ45$ ကိုထုတ်ချင်ထုတ် .. မထုတ်ချင်လဲ Purchase Balance ထဲကိုထည့်ပြီး ရှယ်ယာဝယ်ချင်ဝယ် လုပ်လို့ရပါတယ်ဗျား..ကဲမိုက်ဖူးလား..အဲဒါကြောင့်ပြောတာ Direct Referral များများရှာ ပွဲစားများများလုပ်ပါလို့ပြောတာ :D ကျနော် ရဲ့ လူလည်ကျပုံကျနည်းလေးပြောပြဦးမယ်.ကျနော် ဒါတွေကိုစစလုပ်တုန်းက Direct Referrals တွေကို သတ်မှတ်ထား
တဲ့အတိုင်းပြည့်အောင် ဘာလုပ်ခဲ့သလဲဆိုရင် Website တွေ Blog တွေမယ်လိုက်ပြီးတော့ ဒီ Link မှာမန်ဘာဝင်ပါ... မန်ဘာဝင်ပြီး ညွှန်ထားတဲ့အတိုင်းအလုပ်များဆုံးလုပ်နိုင်သူ
ကို သုံးရက်အတွင်းဖုန်းကဒ်တစ် ငါးထောင်တန်တစ်ကဒ်ဆိုပြီး လုပ်ထည့်လိုက်တယ်.. အဲဒီတုန်းက သတ်မှတ်ထားတာက အယောက် 200 ဘဲ Direct Referrals ရှိပါတယ်..
ဒါပေမယ့် ကြော်ငြာပီး ငါးနာရီအတွင်း Direct Referrals 200 ကျော်နေရုံမျှမက 25$ ဟာလည်း ကျနော့်ရဲ့အကောင့်ထဲမှာရောက်ရှိလို့နေပါသဗျား..ဒါကတော့ကျနော်ကြံဖန်
လူလည်ကျခဲ့တာလေးကို အားလုံးအတွက် အတွေးစ လမ်းစလေး ရအောင်ပြောပြလိုက်တဲ့သဘောပေါနော့်.. ကဲကဲ... ဒီနေရာမယ် Outbux မှာငွေရှာနည်း အဆုံးသတ်ပြီးဖြစ်ပါတယ်
ခင်ဗျား..အားလုံးဘဲ စာဖတ်ပါ..ကိုယ့်ညှစ်အားလေးလည်း ကိုယ်နည်းနည်းသုံးပါ..လိုက်ကလိလို့ရပါတယ်..အခုကြော်ငြာ ကလစ်ခြင်းအပြင် အပိုဝင်ငွေရမယ့် လုပ်ငန်းလေးတစ်ခု
လဲပါပါသေးတယ်..ဒီလုပ်ငန်းကိုတော့ Micro Jobs လို့ခေါ်ပါတယ်..ဒါကိုတော့အသေသးစိတ်မရှင်းပြတော့ပါဘူး .စာလေးဖတ် ကလိပါ..ဒါမှပိုသိလာပါ့မယ် အောက်ကပုံကိုကြည့်ပါ
Signup Offer , Offer , PTU အဲလိုစကားလုံးတွေက ငွေရှာတဲ့ဆိုဒ်တွေ တော်တော်များများမှာရှိပါတယ်..သဘောကတော့ ဗျာ သူတို့လုပ်ခိုင်းတာကိုလုပ် အကုန်လုပ်နိုင်ရင်
ဘယ်လောက်ဒေါ်လာပေးမှာဆိုတာပေါ့...ကဲ ပုံမယ်မြင်တဲ့အတိုင်းဘဲ $0.10 သတ်မှတ်ထားတဲ့ အလုပ်တစ်ခုရှိနေပါတယ်... အဲဒါကို နှိပ်ပါ..သူတို့ခိုင်းတဲ့အတိုင်းသာလုပ်ပါ..လုပ်သွား
တာနဲ့ $0.10 က ကိုယ့်အကောင့်ထဲကိုအလိုလိုရောက်လာပါလိမ့်မယ်။ ကဲ.. အောက်မှာတော့ ကျနော် 2$ စမ်းသပ်ထုတ်ယူထားတဲ့ပုံလေးပါ..
အောက်ကပုံကတော့ PayPal ထဲကို 24 နာရီအတွင်းရောက်လာတဲ့ပုံလေးပါ။ ကဲ..အားလုံးဘဲ Good Luck ပါဗျား... :)
Picture 
Credit To : http://makingmoneytutorial.weebly.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"