Tuesday, November 19, 2013
Built In မြန်မာစာမပါသောAndroid ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းခြင်း
ဒါကတော့ကျွန်တော်စမ်းသပ်ထားတဲ့ကျွန်တော့်ရဲ့Samsung Galaxy Tab 2 P3100 လေးဖြစ်ပါတယ်။။။
Version ကတော့ 4.2.2 ကိုတင်ထားပါတယ်…မြန်မာစာက Built in မပါတော့တော်တော်လေးစိတ်ညစ်
ခဲ့ပါတယ်….အခုတော့ကျွန်တော်တော်တော်လေးစိတ်သက်သာသွားပါပြီ…ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော့်သူငယ်ချင်းဆောင်းညီဦး(ပျဉ်းမနားသား)ကကျွန်တော့်ကိုSoftwareလေးတစ်ခုပေးတယ်။။။
သူကတော့HTC One ကိုင်ပါတယ်…သူ့ဖုန်းကလည်း Built In မြန်မာစာမပါဘူးဆိုတော့သူလည်းရှာတွေ့
ထားတာကိုကျွန်တော့်ကိုပြန်ပေးတယ်..သူ့ဖုန်းမှာတော့မြန်မာစာတချို့နေရာတွေမှာလွဲနေတာလေးတွေရှိနေ
ပါတယ်…ကျွန်တော့်Tabletလေးမှာတော့မြန်မာစာကDate&Timeမှာလောက်လွဲမှားပြီးကျန်တဲ့နေရာတွေမှာ
တော့မလွဲသလောက်ကိုရှိပါတယ်…..
ဒီအောက်ကScreen Shot လေးကကျွန်တော့်သူငယ်ချင်းဖုန်းလေးကိုစမ်းသပ်ထားတာပါ…..
ကဲဒီနည်းလေးကိုသိပြီးသားလူတွေလည်းရှိကောင်းရှိနိုင်ပါတယ်…
ကျွန်တော်ကတော့ခုမှာစမ်းသပ်ပြီးဖြစ်လို့နည်းပညာကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်….
ဒီကောင်လေးကထွေထွေထူးထူးမဟုတ်ပါဘူးးးAPKလေးတစ်ခုတည်းနဲ့ဘဲမြန်မာစာစနစ်ပြောင်းသွားမယ်ဆို
ရင်သင်ယုံမလားးးးး???
ကျွန်တော်တောင်အစကလုံးဝမယုံလို့စမ်းလိုက်တာတော်တော်မျက်လုံးပျူးသွားတယ်…
ဒီApp လေးကတော့ MoreLocale 2 လို့အမည်ရတဲ့အစွမ်းထက်တဲ့Appလေးဖြစ်ပါတယ်…
ဒီAppလေးကိုအသုံးပြုဖို့အတွက်Root Accessတော့ရှိရပါမယ်…
မှတ်ချက်။။   ။။ဖုန်းတိုင်းနှင့်အဆင်မပြေပါ…။Samsung တော်တော်များများနှင့်အဆင်ပြေပါလိမ့်မယ်…
Sony တစ်ချို့ဖုန်းတွေမှာလည်းအလုပ်လုပ်ပါတယ်..(Xperi Z မပါပါ)…
ဒီAppလေးကိုဒေါင်းပြီးဖုန်းရဲ့ညာဘက်ထောင့်နားလေးက “Custom Locale”ကိုနှိပ်လိုက်ပါကအပေါ်ကပုံလေးအတိုင်းပေါ်လာပါမယ်..
Language – my
Country   – MM
ပြီးရင်တော့ Set ကိုနှိပ်လိုက်ပါ….
Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကိုRebootလုပ်ပေးပါ….
ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်…
အားလုံးအဆင်ပြေပါစေ
Software ပေးတဲ့ကျွန်တော့်ရဲ့Best Friend ဆောင်းညီဦးကိုလည်းကျေးဇူးတင်ပါတယ်…
Download Link For MoreLocale 2
Credit To : http://www.myanmarmobileapp.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Saturday, November 16, 2013
Galaxy S3 (I9300) Android 4.3 ကို System တစ်ခုလုံး မြန်မာစာစနစ် နှင့် Font အလွယ်သွင်းမယ်
Galaxy S3 (I9300) Android 4.3 ကို System တစ်ခုလုံး မြန်မာစာစနစ် နှင့် Font အလွယ်သွင်းမယ် (System 97% Correct > Webpage 100% Correct)
Samsung Galaxy S3 (GT-I9300) Android Version 4.3 ကို System တစ်ခုလုံးမြန်မာလို လိုချင်သူတွေအတွက် အောက်က အဆင့်တွေအတိုင်း လုပ်ဆောင်သွားရုံပါပဲ။
အပေါ်က ပုံလေးအတိုင်း မြန်မာလိုလေးတွေဖြစ်သွားမှာဖြစ်ပါတယ်။
အဲ့လိုလုပ်ဖို့အတွက် အရင်ဆုံး ဇာတ်လိုက်က တော့ Root Explorer လေးပါပဲ။
Root Explorer ကို ဒေါင်းရန် >> Download Here
Step - 1 (Android Version 4.3 ကို Upgrade လုပ်မယ်)
Android 4.3 မတင်ရသေးတဲ့သူတွေက တော့ >> Watch Here
အခု ဒီအဆင့်ထိ ရောက်ပြီဆိုတော့ Android Version 4.3 ထိ တင်ပြီးပီလို့လဲ ယူဆပါတယ်။
တင်ပြီးရင်တော့ ထုံးစံအတိုင်း USB Debugging နဲ့ Unknown Sources ကို ON ပေးထားရပါမယ်။
မသိတဲ့သူတွေအတွက်ကတော့....
How to Enable USB Debugging on (GT-I9300) Android Version 4.3
Setting > More Tab > About Device
Tap Build Number 7 Times and U got a Message "You Are Now Developer"
Back > and u can see Developer Options and Enter it & Tap USB Debugging
How to Enable Unknown Sources on (GT-I9300) Android Version 4.3
Setting > More Tab > Security
and Tap Unknown Sources.....
ဒါတွေလုပ်ပြီးသွားရင်တော့ မိမိရဲ့ဖုန်းကို Root လုပ်ရပါမယ်။
Step - 2 (ဖုန်းကို Root လုပ်မယ်)
GT-I9300 Android 4.3 Root >> Watch Here
အဲ့တာလေး ဖတ်ပြီးသွားရင် Root လုပ်ပြီးပြီလို့ ယူဆပါတယ်။
Root လုပ်ပြီးရင်တော့ Apps ထဲမှာ SuperSu ဆိုပြီး စိန်တုံးလေးနဲ့ တွေ့ရပါမယ်။
ဒါဆိုရင်တော့ မြန်မာဖောင့်သွင်းလို့ရပါပြီ။
Step - 3 (Root လုပ်ပြီးရင် မြန်မာစာသွင်းမယ်)
မြန်မာဖောင့်သွင်းဖို့ကိုတော့ ဒီမှာ သွားကြည့်လိုက်ပါ။
မြန်မာဖောင့်သွင်းခါနီးမှာ Android 4.2.2 ကနေစတဲ့ အတိုင်း အနက်ရောင် Box လေးတစ် Box ကျလာရင် Allow ကို Check လုပ်ပေးပြီး OK ကိုနှိပ်ပေးလိုက်ပါ။
ပြီးသွားရင်တော့ Smart Zawgyi Pro ဖိုဒါထဲက Smart Zawgyi Pro.bat ကို Run ပါ။
ခေတ္တစောင့်ပါ။ စောင့်နေတဲ့အချိန်မှာ မိမိဖုန်း Screen ကို Lock Screen ဖွင့်လျှက်ထားပါ။ အောက်ကပုံအတိုင်း ADB Shell ကို Superuser Request လာမေးပါမယ်။ ပုံပါအတိုင်း Grant ကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ဖုန်းပာာ Reboot ကျသွားပြီး Smart Zawgyi Pro.bat ဖိုင်လေးမှာ Waiting For Devices ဆိုပြီး ပြနေပါမယ်။ ဖုန်းပါဝါပြန်တက်လာပြီး ခေတ္တအကြာမှာ Smart Zawgyi Pro က နဂို မူလအတိုင်း 1,2 ပြန်မေးတဲ့အဆင့်ရောက်ရင်တော့ ပိတ်လိုက်လို့ရပါပြီ။
ဒါဆိုရင်တော့ သင့်ဖုန်းကို မြန်မာစာ လဲသွင်းပြီးသွားပါပြီ။
(ကီးဘုတ်ကိုတော့ ကြိုက်နှစ်သက်ရာ မြန်မာကီးဘုတ် တစ်ခုခု ရွေးသုံးပါ။ e.g - Frozen, Bagan, Myan Pro, etc....)
Step - 4 (System တစ်ခုလုံးကို မြန်မာလိုပြောင်းမယ်)
System တစ်ခုလုံးကို မြန်မာလိုပြောင်းဖို့အတွက် လိုအပ်တဲ့ ဖိုင်က တော့ တစ်ဖိုင်ထဲပါ။ အဲ့ပာာလေးကို Root Explorer ကနေထည့်ပေးလိုက်ရမှာပါ။
မြန်မာစာစနစ်ဖိုင်ကို ဒီမှာ ဒေါင်းလိုက်ပါ
ဒေါင်းလို့ရလာတဲ့ "language.xml" ဆိုတဲ့ ဖိုင်လေးကို Internal Storage ထဲထည့်ပေးထားပါ။
ပြီးရင် အပေါ်မှာ ဒေါင်းထားတဲ့ Root Explorer လေးကို Install လုပ်ထားပါ။
(၁) Root Explorer ကိုဖွင့်ပါ။
(၂) Superuser Request တောင်းရင် Grant နှိပ်ပါ။
(၃) ပြီးရင် sdcard ဆိုတာလေးကိုရှာပြီး ဖွင့်လိုက်ပါ။
(၄) တွေ့လို့ ပွင့်သွားရင် language.xml ဆိုတဲ့ဖိုင်လေးကို ထပ်တွေ့အောင်ရှာပါ။ တွေ့ရင် ဖိထားပြီး Copy နှိပ်ပါ။
(၅) ပြီးရင် Back ကိုတစ်ချက်ပြန်နှိပ်ပါ။
(၆) ဒီ Source လေးကို ထပ်သွားလိုက်ပါဦး။ "System > csc > "
(၇) ရောက်သွားရင်တော့ အောက်နားလေးက Paste ဆိုတာလေးကိုနှိပ်လိုက်ပါ။
(၈) Overwrite လုပ်မလားမေးရင်တော့ Yes ကိုနှိပ်ပေးပါ။ ပြီးရင် ဖုန်းကို Restart လုပ်လိုက်ပါ။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Setting > My Device Tab > Language and input ကိုနှိပ်ပါ။
အပေါ်ဆုံးက Language ထဲကို ထပ်ဝင်ပါ။
အောက်ဘက်ကို ဆက်ဆင်းပြီး "Myanmar(Zawgyi)" ဆိုတာကိုရှာပြီး နှိပ်လိုက်ပြီဆိုရင်တော့ သင့်ဖုန်းလေးကို မြန်မာစာစနစ်နဲ့ ပိုင်ဆိုင်နိုင်ပြီပေါ့.... :)
Credit & Special Thanks to > Djjoeman
                                      > Ko Kyaw Swar Thwin
အဆင်ပြေကြပါစေ။
Credit To : http://sony-samsung.blogspot.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
V root 1.7.3 latest version (15.11.2013)
Vroot လို့ပြောလိုက်တာနဲ့ Android User တွေ မသိသူမရှိလောက်ပါဘူး...
15.11.3013 ထွက် Vroot latest version လေးကိုအောက်မှာဒေါင်းနိုင်ပါပြီ.....
Download Here
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Friday, November 15, 2013
Nokia ဖုန်းတွေ မှာ မြန်မာဖောင့်နဲ့ မြန်မာလိုပေါ်အောင်လုပ်နည်း
Nokia မှာမြန်မာဖောင့်ထည့်ချင်တယ်လို့ comment ပေးသွားတာတွေ့လို့ပါ။ မြန်မာဖောင့်သွင်းဖို့ အတွက် Font Zoomer ဆိုတဲ့ software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ Nokia C7 မှာတင်မကပါဘူး ။ တခြား Nokia smart phone တွေဖြစ်တဲ့
Nokia 5230, 5233, 5235, 5530, 5800, X6, C5, N97mini, N97 တို့မှာလည်း ဒီ ဆော့ဝဲလေးကိုသွင်းလို့ရပါတယ်။ အောက်မှာရယူနိုင်ပါတယ်။ Font Zoomer အားရယူရန်
software လေးကို download ဆွဲပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ ။ ပြီးရင် သွင်းချင်တဲ့ မြန်မာဖောင့်ကို ဖုန်းရဲ့ sd card ထဲကို copy လုပ်လိုက်ပါ။
ပြီးရင် ဖုန်းရဲ့ file manager ထဲကနေ၀င်ပြီး ခုနက sd card ထဲကို copy လုပ်ထားတဲ့ မြန်မာဖောင့်ကို C:datafontzoomer အောက်ကို ရွေ့လိုက်ပါ။
ပြီးပြီဆိုရင် Font Zoomer program လေးကို ဖွင့်လိုက်ပါ။ Font Zommer ထဲရောက်ပြီဆိုရင် option ကိုရွေးပါ။ option ထဲကနေ list of font ကို
ရွေးပါ။ list of font ထဲကနေ ခုနက သွင်းထားတဲ့ မြန်မာဖောင့်ကိုရွေးလိုက်ပါ။ ပြီးရင် phone ကို restart ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင် မြန်မာလိုရေးထားတဲ့စာတွေကို မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တခြားသွင်းလို့ရတဲ့ဖုန်းအမျိုးအစားတွေကတော့
Nokia 5800, Nokia 5230, Nokia 5233, Nokia 5250, Nokia 5228, Nokia 5235, Nokia 3250, Nokia 5320, Nokia 5500, Nokia 5530, Nokia 5630, Nokia 5700, Nokia 5730,
Nokia 6110, Nokia 6120, Nokia 6124, Nokia 6210, Nokia 6220, Nokia 6290, Nokia 6650, Nokia 6710, Nokia 6720, Nokia 6730, Nokia 6760, Nokia 6788, Nokia 6790,
Nokia: E50, E51, E52, E55, E60, E61, E62, E63, E65, E66, E70, E71, E72, E75, E90, N8, N71, N73, N75, N76, N77, N78, N79, N80, N81, N82, N85, N86, N91,
N92,N93, N95, N96, N97, N97 mini, X6, C7-00, E7-00, C5-03, C6.
Credit To : http://www.myanmarmobileapp.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
MTK ဖုန်းတွေ IMEI ပြန်ရေးနိုင်မယ့် ZOPO_IMEI.apk
MTK Device တွေမှာ IMEI ပြန်ရေးနိုင်မယ့် apk လေးတွေ့လို့ပြန်ရှယ်လိုက်ပါတယ် ...
မူရင်းကတော့ IPA Cracker ပါ ... ဒီ apk ကို MTK အတွက်လို့ရေးထားပါတယ် ...
အခြား china ဖုန်းတွေလည်း စမ်းချင်ရင်စမ်းကြည့်ပေါ့ ...
ပုံမှာပြထားတာကတော့ ကျွန်တော့်ရဲ့ ဘက်စုံသုံးဖုန်းလေး Huawei U8825D နဲ့ပြထားပါတယ်ဗျ ...
[မှတ်ချက် - ကျွန်တော်မစမ်းရသေးပါ ... ]
     ==>  ZOPO_IMEI.apk v.1.3.1<==     
Android 2.1 + ...
အဆင်ပြေပါစေ ...
Credit To : http://mm-mpxteam.net
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Wednesday, November 13, 2013
Huawei U8818 နဲ့ U8815 တွေကို 4.0.3 မှ 2.3.6 သို့ ပြန်ဆင်းနည်း။
အရင်ဆုံးကတော့ Just do your own risk! ပေါ့နော်။ သေချာစဉ်းစားပြီး သေချာမှ လုပ်ပါ။
ထပ်ပြောပါမယ် JUST DO YOUR OWN RISK!
အရင်ဆုံး အောက်ကကောင်လေးကို download လုပ်ပါ။
Download>> https://www.sugarsync.com/pf/D0019460_943_94144123
Download>> http://www.mediafire.com/download.php?p58ufjpsr5t096j
Download>> http://mc.tt/d1BB1qPxMLC
အခု အောက်ပြန်ဆင်းချင်တဲ့ 4.0.3 ဟာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ မဟုတ်သေးရင်တော့ အရင်ဆုံး Root လုပ်လိုက်ပါ။ မိမိ နှစ်သက်ရာနဲ့ Root လုပ်နိုင်ပါတယ်။ အခြားသော နောင်တော်ကြီးများ တင်ပြီးသား ဖြစ်သည့်အတွက် ပြန်မရေးပေးတော့ပါဘူး။ အမြစ်မတူးရသေးတဲ့သူများ ကြိုက်ရာ နည်းလမ်းများဖြင့် အမြစ်တူးပါ။
ကဲ…..အမြစ်တူးပြီးသား ဖြစ်ပြီ ဆိုရင်တော့ ..စမယ်ဗျာ။။။။။။ရယ်ဒီ ၀မ်း…တူး….ဟီး ။
ဒေါင်းလို့ ရတဲ့ကောင်လေးကို zip ဖြည်လိုက်ပါ။ အထဲမှာပါတဲ့ toolbox5irom.apk လေးကို ဖုန်းမှာ install လုပ်ပါ။ ပြီးရင် အဲကောင်လေးကို သုံးပြီး IMEI ကို Backup လုပ်ပါ။(This is important!) အကယ်၍ backup လုပ်တာ မအောင်မြင်ဘူးဆိုရင် သင့်ရဲ့ ဖုန်းဟာ Root Access မရသေးလို့ပဲ ဖြစ်ပါတယ်။
 ဒီနေရာမှာ ကြုံတုံးလေး တစ်ခုလောက်ြေ့ပာပြချင်ပါတယ်။ ကျွန်တော်တို့ Root တယ်။ အမြစ်တူးတယ် ဆိုတာက ရိုးရိုး သာမာန် End User အဆင့်ကနေ Advance User အဖြစ် ပြောင်းလဲ ခံယူလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ယူလိုက်ရင် ဖုန်းမှာ ပါတဲ့ Warranty ပျက်ပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ End User နဲ့ Advance User ရဲ့ အဆင့်ကွားခြားချက်ကြောင့်ပဲ ဖြစ်ပါတယ်။
End User ဆိုတာက သာမာန် အသုံးပြုသူပါ။ သူက နဂိုစက်ရုံထုတ်အတိုင်း အသုံးပြုတာပါ။ ဆိုလိုချင်တာက Android ဖုန်း တစ်လုံးကို သုံးရင် ဖုန်းပြောမယ်။ Builtin ပါတဲ့ App တွေ၊ ဆိုင်က ထည့်ပေးလိုက်တဲ့ ဂိမ်းတွေ ဆော့မယ်။ ကိုယ်ဆော့ချင်တာလေး တွေ့ရင် ဆိုင်မှာ သွားသွင်းမယ် ဆိုတာလောက်ပဲ သိတဲ့၊ သုံးတဲ့ User မျိုးပဲ ဖြစ်ပါတယ်။
Advance User  ဆိုတာကတော့ ကိုယ့်ဖုန်းကို ကိုယ်တိုင် Modify လုပ်နိုင်ပါတယ်။ ကိုယ်တိုင် အမျိုးမျိုး စိတ်ကြိုက် ပြုပြင်ပြောင်းလဲ သုံးစွဲနိုင်တဲ့သူမျိုးတွေပေါ့ဗျာ။ ဆိုရရင် ဖုန်းတော်တော်များများက မြန်မာစာကို Builtin အနေနဲ့ မပါပါဘူး။ အဲဒါကို မြန်မာစာဖောင့်ထည့်သုံးမယ်။အဲဒီလိုထည့်တဲ့နည်းက အမျိုးမျိုး ရှိပါတယ်။ သူ့မှာ နဂို ပါတဲ့ font ကို Modify လုပ်ထားတဲ့ နာမည်တူမြန်မာfont နဲ့ အစားထိုးတယ်။ ဒါမှမဟုတ် zawgyione ကို သွင်းတယ်။ Font Changer သုံးတယ်။ အမျိုးမျိုးသော နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ပါစေ။ သူ့ရဲ့ Original System ကို ပြောင်းလဲ လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် Advance User ဆိုတာက End User ထက် အဆင့်ပိုမြင့်ပါတယ်။
ဒီလို ဒီလိုတွေကြောင့် Advance User ဆိုတာက ကိုယ်ကိုယ်တိုင် ပြုပြင်ပြောင်းလဲနိုင်တဲ့အဆင့်ရှိသည်အတွက် Damage Attack တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Advance User အဖြစ်ခံယူလိုက်တာနဲ့ တစ်ပြိုင်နက် Warranty က အကျုံးမ၀င်တော့ပါဘူး။
Root လုပ်တာမှာလည်း SuperUser(or) SuperSU app လေး ပေါ်လာတိုင်းလည်း Root Access မရပါဘူး။ အားလုံးမဟုတ်တောင် တစ်ချို့တစ်လေတော့ ကြုံဖူးကြမှာပါ။ အဲဒါဘာကြောင့်လည်းဆိုတော့ SuperUser အလုပ်မလုပ်(မနိုးသေး)လို့ပဲ ဖြစ်ပါတယ်။ ဥပမာပေးရရင်..battery အသစ်တစ်လုံး ၀ယ်တယ်ဗျာ။ တစ်ခါတစ်ရံမှာချက်ချင်း အသုံးပြုလို့ မရသေးဘူး။ Shock တိုက် ပေးလိုက်မှ အလုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ (ဟီး….SuperUser နိုးဖို့တော့ Shock သွားမတိုက်နဲ့နော်) SuperUser နိုးဖို့ဆိုရင် သူ့ကို version အမြင့် သွင်းပေးလိုက်ပါ။ နိုးလာပါလိမ့်မယ်။
ကဲကဲ…မဆိုင်တာတွေ ထည့်ပြောလိုက်တာ တော်တော်များသွားပြီး ပြန်စမယ်နော်။
Root Access ရပြီးသား ဆိုရင်တော့ toolbox5irom.apk  လေးကို သွင်းလိုက်ပါ။သူ့ကို သုံးဖို့ Root Access တောင်းပါတယ်။ ။IMEI ကို Backup လုပ်ပါ။ ခဏစောင့်ရပါတယ်။ Complete ပြရင် file manager သုံးပြီး SD Card ထဲမှာ 5irom ဆိုတဲ့ ဖိုဒါလေးကို ရှာလိုက်ပါ။ ပြီးရင် အဲဒီဖိုဒါလေးကို imeibackup ဆိုတဲ့နာမည်ကိုပြောင်းပေးပါ။(မိမိနှစ်သက်ရာ နာမည်ကို ပြောင်းနိုင်ပါတယ်)။ နာမည်ပြောင်းပြီးသားကောင်လေးကို Computer မှာလည်း Copy ယူထားပါ။တစ်ခုခု အဆင်မပြေဖြစ်ခဲ့ရင် ယူသုံးလို့ ရအောင်ပါ။အရေးကြီးပါတယ်။ပြီးရင် ဖြည်ထားတဲ့ဖိုဒါထဲမှာပါတဲ့ 5irom ဆိုတဲ့ ဖိုဒါလေးကို SD Card ထဲကို ကူးထည့်ပါ။ ပြီးရင် (*#06#)ကို နှိပ်ပြီး  ဖုန်းရဲ့ IMEI ကို ကြည့်ပြီး ရေးမှတ်ထားစေချင်ပါတယ်။နောက်ပိုင်း ပြန်ပြီး Restore လုပ်တဲ့အခါမှာ ပြန်စစ်ကြည့်ဖို့ပါ။
ကဲ…….အပေါ်က အဆင့်တွေကို တစ်ဆင့်ချင်း သေချာ လုပ်ပြီးပြီလား ဆိုတာလေး ပြန်စစ်ပါ။နောက်ပြီး နောက်ဆုတ်ချင်ရင်လည်း ဒီအချိန်မှာ နောက်ဆုတ်လို့ ရပါတယ်။
ကဲ..ဆက်မယ်နော်။သွင်းထားတဲ့ Toolbox5irom ကို ဖွင့်ပြီး IMEI Restore လုပ်လိုက်ပါ။ Complete ဖြစ်သွားပြီလို့ ပြတာနဲ့ ဖုန်းကို Restart ချပေးလိုက်ပါ။ပြီးရင် IMEI ကို တစ်ချက်ပြန်စစ်ပါ။ 0 ဒါမှမဟုတ် စောနက မှတ်ထားခဲ့တဲ့ သင်ရဲ့ ကိုယ်ပိုင် IMEI မဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။ ဖုန်းခေါ်ကြည့်ရင်တော့ SIM Cardကို သိမှာ မဟုတ်ပါဘူးနော်။System Busy နဲ့ပဲ တွေ့နေမှာပါ…..ဟိဟ။ိ
ကဲပြီးရင်တော့ 2.3.6 Official Firmware ကို ဒေါင်းထားပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက build no. နောက်ဆုံးက Bxxx နဲ့ ဆုံးတဲ့ကောင်ကိုပဲ သုံးစေချင်ပါတယ်။ အခြား SPxxx နဲ့ဆုံးတဲ့ကောင်တွေက စက်တိုင်းနဲ့ အဆင်မပြေတတ်လို့ပါ။ ပြီးရင် ထုံးစံအတိုင်းပေါ့နော်။ Firmware ဒေါင်းပြီးမှတော့ ဘာလုပ်ရမလဲ မေးမနေပါနဲ့။ Firmware တင်လိုက်ပါ။ တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်း dload ဖိုဒါလေးထဲမှာ UPDATE.APP ဟုတ်ရဲ့လား စစ်။ဟုတ်တယ်ဆိုရင် dload ဖိုဒါလေးကို SD Card ထဲကိုထည့်။ ဖုန်းကို ပါဝါပိတ်။ဘက်ထရီကို ၁၀စက္ကန့်လောက် ဖြုတ်ထား။ ပြီးရင် ပြန်တပ်။ (Vol Down +Vol Up+Power) သုံးခုလုံးကို တစ်ပြိုင်တည်း ဖိနှိပ်။ဒါမှ မဟုတ် ဖုန်းကို ပါဝါဖွင့်ထား။Setting>Storage>Software Upgrade ဆိုတာကနေ တင်ပါ။ Step 1 Unpacking ဆိုတာကနေ စပြီး သူ့ဘာသာ လုပ်သွားမယ်။ Auto Restart ကျသွားပြီး ပြန်တက်လာတာနဲ့ Firmware တင်တာ ပြီးပြီပေါ့နော်။
Root လုပ်ပါ။ Root Access ရတာနဲ့ Toolbox5irom.apk လေးကို install လုပ်ပါ။ စောနလေးက imeibackup လို့ နာမည်ပြောင်းထားတဲ့ ကောင်လေးကို 5irom ဆိုပြီး မူလ နာမည်ကို ပြန်ပြောင်းပေးပါ။ ပြီးရင် Toolbox5irom ကိုဖွင့်။ IMEI Restore လုပ်လိုက်ပါ။ Complete ပြတာနဲ့ Restart ချပေးပါနော်။(လုံးဝမမေ့ပါနဲ့)။ပြန်တက်လာရင် (*#06#) နဲ့ IMEI ကို ပြန်စစ်လိုက်ပါ။ နဂိုမူလ ကိုယ့်ရဲ့ ကိုယ်ပိုင် IMEI ဖြစ်သွားပြီ ဆိုရင်တော့ Downgrade ဆင်းတာ အောင်မြင်သွားပါပြီ။ version လေးကို လည်း ကြည့်ကြည့်ပါအုံး 2.3.6 ဟုတ်မှ ဟုတ်ရဲ့လားလို့ :P ။ဖုန်းပြန်ခေါ်လို့လည်းရပါပြီနော်။
အားလုံးပဲ အဆင်ပြေကြပါစေနော်။
Credit To : http://mobileandtechnologyfield.blogspot.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Huawei ဖုန်းတွေမှာ IMEI ပျောက်သွားလို့ စိတ်ပူနေတာလား
Huawei Smart ဖုန်းတွေမှာ IMEI ပျောက်ပြီး ဖုန်းခေါ်မရသူတွေအတွက် လာပါပီခင်ဗျာ.....
ကျွန်တော်အကို ကိုတိုးအောင်ခိုင်(ပျဉ်းမနား)မှရှာဖွေတွေ့ရှိထားတာလေးကိုပြန်လည်ဝေမျှလိုက်ပါတယ်......
ပထမဦးဆုံးအနေနဲ့ကတော့ ဖုန်းရဲ့IMEI ပျောက်မပျောက် အရင်စစ်ဆေးပါ့မယ်…....
စစ်ဆေးပုံကိုသိပြီးသားဖြစ်မှာပါ *#06# ကိုနှိပ်ပြီးစစ်ဆေးလိုက်ပါ.......
IMEI မှာဘာမှမပေါ်တော့ပါဘူး.....ဒါမှမဟုတ်....null ပေါ်နေပြီဆိုရင်တော့သေချာပါတယ်…
အောက်ကနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ...........
Huawei U8825D နဲ့ပြပေးတာဖြစ်ပါတယ်.......
ကဲစလိုက်ရအောင်ဗျာ…
- ပထမဆုံး Dialer ကနေပြီးတော့ *#*#2846579#*#* ကိုနှိပ်ပြီး engineering mode ကိုဝင်လိုက်ပါ…..
- ပြီးရင်တော့ ProjectMenu/Background setting/Usb ports setting and select Manufacture mode
ကိုရွေးပေးပါ….
- ပြီးရင် Back Key ကိုနှိပ်ပြီး Background setting ကိုဝင်ပြီး Qualcomm background open setting ကိုသွားပါ ပြီးရင်တော့ background open ကိုရွေးပါ (pass is 0 (ZERO))
- ပြီးရင်တော့ဖုန်းကိုUnknown Source နဲ့ USB Debugging ကို On ထားလိုက်ပြီး ဖုန်းကို Restart ချလိုက်ပါ.....
- ကွန်ပျူတာမှာတော့ DFS Tool ကို Install လုပ်ပါ..........DFS Tool မရှိပါက
http://cdmatool.com/Demo မှာဒေါင်းလိုက်ပါ.....Install လုပ်ပြီးပြီဆိုရင်တော့ DFS Tool ကို run ပြီးဖုန်းကိုကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ........
- ပြီးတော့Ports ကိုသွားပြီး dbAdapter Reserved Interface ကို Double Click နှိပ်လိုက်ပါ...........
- ပြီးရင်တော့ Ports Window ကိုပိတ်လိုက်ပါ….
- Programming tab ကိုရွေးလိုက်ပါ..ပြီးရင်တော့ IMEI အကွက်ထဲမှာ မိမိဖုန်းရဲ့ IMEI နံပါတ်ကို မှန်ကန်စွာရိုက်ပြီး write လုပ်လိုက်ရုံပါဘဲ.............
- ပြီးပြီဆိုရင်တော့ Ports ကိုပြန်သွားပြီး dbAdapter Reserved Interface ကို disabe လုပ်လိုက်ပါ...........
- ပြီးရင်တော့ ဖုန်းကိုဖြုတ်လိုက်ပါ........
- ပြီးရင်တော့ engineering menu ကိုပြန်ဝင်ပါ.......
- ပြီးရင် ProjectMenu/Background setting/Usb ports setting and select Normal mode ကိုပြန်ရွေးပါ..........
- ပြီးရင် Background setting ကိုပြန်ဝင်ပြီး Qualcomm background open setting ကိုဝင်ပြီး background close ကိုရွေးလိုက်ပါ......
- ပြီးရင်တော့ဖုန်းကို Restart လုပ်လိုက်ပါ...........
ပြန်တက်လာရင် Sim-Card ထည့်ပြီးအသုံးပြုလိုက်ရုံပါဘဲ……
Credit To : http://mm-mpxteam.net
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share" 
Huawei C8812/ C8813/ U8818 တွေ မှာ အဖြစ်များ တဲ့ Image signature verify fail ကို ရှင်းနည်း
Huawei C8812/ C8813/ U8818 တွေ မှာ အဖြစ်များ တဲ့ Image signature verify fail ဖြစ်ရင် ရှင်းဘို့ ပါ လုပ်နည်းက လွယ်ပါတယ် လုပ်ချင်တဲ့ မော်ဒယ် ကို ဒေါင်းလုပ် ဆွဲ ရလာတဲ့ Zip ကို ဖြည်အထဲက dload ဖိုဒါ ကို Sdcard ထဲ ကူးထည့်ပြီး Volume + & - & Power တွဲနှိပ်ပြီး Firmware တင်သလို တင်လိုက်ယုံ ပါဘဲ နော် ( အလုံးတိုင်းတော့ အဆင်ပြေချင် မှ ပြေမယ်နော် )
C8812 >>https://www.dropbox.com/s/5s9jku1qop1tt11/C8812%20Boot%20Repair.rar
C8813 >>https://www.dropbox.com/s/pwe6rkeujhc94f6/C8813%20Boot%20Repair.rar
U8818 >>https://www.dropbox.com/s/bpzx8gjec4v2yab/U8818%20Boot%20Repair.rar
Credit To : ကိုနေလ (MMUG)
 စိုင်းခိုင်တင့် (MMDT)
 mrprincez.mmcyber@gmail.com
"We Search , We Share"
Friday, October 25, 2013
Download IOS 7.0.3
Updates in 7.0.3  include:
- Adds iCloud Keychain to keep track of your account names, passwords, and credit card numbers across all your approved devices
- Adds Password Generator so Safari can suggest unique, hard-to-guess passwords for your online accounts
- Updates lock screen to delay display of “slide to unlock” when Touch ID is in use
- Adds back the ability to search the web and Wikipedia from Spotlight search
- Fixes an issue where iMessage failed to send for some users
- Fixes a bug that could prevent iMessage from activating
- Improves system stability when using iWork apps
- Fixes an accelerometer calibration issue
- Addresses an issue that could cause Siri and VoiceOver to use a lower quality voice
- Fixes a bug that could allow someone to bypass the Lock screen passcode
- Enhances the Reduce Motion setting to minimize both motion and animation
- Fixes an issue that could cause VoiceOver input to be too sensitive
- Updates the Bold Text setting to also change dial pad text
- Fixes an issue that could cause supervised devices to become un-supervised when updating software
Credit To : http://thantoeaung.blogspot.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Samsung ဖုန်းတွေမှာ software dead ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ........?
ကျွန်တော်ငွေရေးကြေးရေး တော့ စကားမပြောချင်ပါဘူး တန်ရာတန်ကြေး ကိုတော့ မိတ်ဆွေ တို့ သိမှာပါ ။အသုံးလိုတဲ့ အခါ အသုံးပြုလို့ ၇အောင်ဒေါင်းလုပ်ယူနိုင်ပါပြီခင်ဗျာ။ဖိုင်ဆိုဒ် ( 1MB ) တောင်မရှိပါဘူးခင်ဗျာ။(pdf file လေး လုပ်ပေးခဲ့ တဲ့  ကိုလတ်(ကျွဲဆင်းနည်းပညာများစုစည်းမှု့ ကိုလည်းအထူးကျေးဇူးတင်ပါတယ်။
 အရင်ဆုံးအချိန်ကုန် သက်သာအောင်တော့ ဖုန်းကို ရိုးရိုးဘက်ထရီကုန်ပြီးပြန်မပွင့် တာလားဆိုတာတော့ သေချာအောင်စမ်းပါခင်ဗျာ။ ဖုန်းနဲ့ အားသွင်းမရရင် ညှပ်နဲ့ ဘက်ထရီကို ( ၅ ) နာရီလောက် သွင်းကြည့် ပါ။ ပြီးရင် မိမိဖုန်းကိုစမ်းသပ်ကြည့် လို့ မထူးချားလာဘူးဆိုရင်တော့  ဒီနည်းလမ်းလေးနဲ့ ဖြေရှင်းလိုက်ပါ။
Password  တောင်းရင် saithuthai လို့ ပေးလိုက်ပါ။
Credit To : http://saithu102.blogspot.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Thursday, October 24, 2013
မြန်မာ့ကွန်ယက်အသစ် SQUAR v0.946 ထွက်ပြီ (နောက်ဆုံးထွက်)
ဒီတစ်ခါတော့ စက်တင်ဘာလ ၂၃ရက်နေ့ ၂၀၁၃ ထုတ် Squar ပါ။ သူ့ရဲ့ ဆိုဒ်ကတော့ http://adf.ly/Y3Ys8 ပေါ့ဗျာ။ Join လုပ်ချင်ရင် http://adf.ly/Y3YxZ ကိုကလစ်ပါ။ Google Play မှာတော့ Rating 4.4 ရထားပါတယ်။ ပိုပြီးသိချင်ရင်တော့ http://adf.ly/Y3ZAt မှာပိုဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။
Description
Myanmar's leading social network!SQUAR is a great way to meet new friends, share information and chat around common interests - all for free and all in Burmese. SQUAR will be a multi-platform experience so it won’t matter if your friends and family don’t have an Android phone, you can still hang out and communicate with them - from anywhere in the world.
Coming soon:
Chat
Friends lists
Create your own private or public communities & chat rooms
Favorite and follow interesting posts
Favorite and follow other users
Private messaging with friends
Games!
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
SQUAR - screenshot
Download => Link 1 / Link 2 
Credit To : http://www.pthaw.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်း( EBOOK )
Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်းလာပြီ။ Facebook မှာသူငယ်ချင်းတွေ
အပ်များလို့ လက်ခံတာများလို့ (like ) လုပ်တာများလို့ စသည်ဖြင့်  လော့ ကျတာမှန်သမျှကိုပြန်ယူလို့ ရမဲ့ နည်းလမ်း ebook ပါ။ဖိုင်ဆိုဒ်က ( 1mb ) တောင်မရှိပါဘူးအလွယ်တစ်ကူဒေါင်းလုပ်ဆွဲပြီးအခက်အဲမှန်သမျှဖြေရှင်းနိုင်ကြပါပြီခင်ဗျာ။လေ့ လာလိုသူများ
အောက်မှာဒေါင်းလုပ်ဆွဲနိုင်ပါပြီခင်ဗျာ။
ဒီပိုစ်လေးကို pdf file လုပ်ပေးခဲ့ တဲ့  ကိုလတ်(ကျွဲဆင်းနည်းပညာများစုစည်းမှူ့  ) ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
password တောင်းရင် saithuthai လို့ ထည့် ပေးလိုက်ပါခင်ဗျာ။
DOWNLOAD - ZIPPYSHARE , TUSFILES , SOLIDFILES
Credit To : http://www.aungkyaw.net
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
usb debugging off ထားတဲ့ ဖုန်းကို pattern lock ကျော်ဖြတ်ခြင်း
ကဲ စလိုက်ကြရအောင်ဗျာ ကျွန်တော် usb debugging off လိုက်ပါပြီ။ အရင်ဆုံး recovery mode ကို ၀င်
လိုက်ပါ ခင်ဗျာ။
ကျွန်တော်တို့ recovery mode မှာ ဆိုရင် adb device သိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ recovery mode ကို-သွားခဲ့တာပါ။ root ဖောက်လိုက်ပါဦးမယ် ။
ဒါဆိုရင် root လဲပေါက်သွားပြီ ဆိုတော့ လှုပ်လို့ရပြီ လှုပ်လို့ရပြီ။    အကိုတို့ adb folder လေးထဲကိုသွားကြမယ်ဗျာ။  ပြီးရင် အခုလိုလေးတွေရိုက် ထည့်လိုက်ပါ။
ပြီးရင် reboot ချလိုက်ပါခင်ဗျာ။
အဲဒီလို ပြန်တက်လာလို့ စိတ်မပူပါနဲ့ ။  အခုလိုစိတ်ကြိုက်ဆွဲထည့်လိုက်ပါ :P
ကဲ အဲဒါဆို ပွင့်သွားပါပြီ ခင်ဗျာ။
ပြီးပါပြီခင်ဗျာ။  ကျွန်တော် သိတာလေးကြုံတုန်း တင်ပေးသွားတာပါက ။  ဆက်ပြီးကျေကွဲလိုက်ဦးမယ်ဗျာ။
adb folder မရှိရင် အရင်က patter lock  ကျော်တုန်းက ပို့ထဲမှာ ရှိပါတယ် ခင်ဗျာ  ရှာပြီး ဆွဲလိုက်ပါနော်။
Credit To : http://hackbile.blogspot.com
 စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Wednesday, October 23, 2013
လူကြိုက်များ ရေပန်းစားဦးမယ့် iPad Air
Apple's Event ပွဲကတော့ မနေ့က အမေရိကန် San Francisco မှာရှိတဲ့ Yerba Buena Center မှာအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါပြီ။ ကျင်းပသွားတဲ့ ပွဲမှာတော့ အားလုံးသိပြီးလောက်ပြီဖြစ်တဲ့ Apple ရဲ့  1. OS X 10.9 2. New Macbook 13 & 15 3. Mac Pro 4. iLife 5. iWork 6. iPad Air 7. iPad Mini with Retina Display တွေ ကို ထုတ်ဖော်ပြသ သွားပါတယ်။ အဲဒီထုတ်ကုန်တွေထဲမှာ iPad ရဲ့ မျိုးဆက်သစ် iPad Air ကတော့ ကမ္ဘာတစ် ဝှမ်းမှာရှိတဲ့ Apple ပုရိတ်သတ်တွေ စိတ်ဝင်စားမှုအများဆုံးနဲ့ လူကြိုက် အများဆုံး ထုတ်ကုန်တစ်ခုဖြစ်လာနိုင်ပါတယ်။ အကြောင်းကတော့ အသွင်ပြင်ကော၊ဒီဇိုင်းမှာပါ ထွက်ပေါ်ပြီးသမျှ အရာတွေ ထက် စွမ်းဆောင်ရည်မှာကော၊အရည်သွေးပိုင်းမှာပါ အကုန်လုံးကို နောက် ကောက်ချသွားနိုင်လို့ပါပဲ။ iPad ရဲ့ မျိုးဆက်သစ် iPad Air မှာ ယခင်ကခန့်မှန်းထားသလိုပဲ iPhone 5S မှာပါဝင်လာတဲ့ A7 Chip,64bit architecture ထည့်သွင်းပါဝင်လာတဲ့ အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ကမာ့္ဘအကောင်းဆုံး အမြန်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားလို့ပါပဲ။ ။ အသွင်းအပြင် ဒီဇိုင်းမှာလည်း အပေါ့ဆုံး၊အပါးဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အလေးချိန် ၁ ပေါင်တိတိသာ လေးပါတယ်။ ပြီးတော့ အသုံးပြုသူတွေ အတွက်ကျေနပ်စေလောက်တဲ့ ကျယ်ပြန်တဲ့မျက်နှာပြင် ၉.၄ လက်မ၊ အထူ ၀.၂၉ လက်မ(၇.၅ မီလီမီတာ) ရှိပါတယ်။ 9.7-inch Retina display + iOS 7 မျက်နှာပြင်အကျယ် ၉.၇ လက်မှာ Retina မျက်နှာပြင်အသုံးပြုပေးထားတဲ့ ဒီ iPad Air ဟာ pixels 1.3 million အထိကြည်လင်ပြတ်သားစေမှာ ဖြစ်တဲ့ အတွက် HDTV လိုရုပ်ထွက်ကောင်းတဲ့ မျက်နှာပြင်ထက် အဆသန်းပေါင်း များစွာ ကြည်လင်သာလွန်စေပါတယ်။ Ultrafast wireless အခုထွက်ရှိလာတဲ့ iPad Air မှာမော်ဒယ်လ်နှစ်မျိုးဖြစ်တဲ့ iPad Air Wifi နဲ့ iPad Air Wifi+Cellular ဆိုပြီးထုတ်လပ်ထားတာပါ။ Wifi စွမ်းဆောင်မှု အပိုင်းမှာ သာမန်ထက် နှစ်ဆမြန်ဆန်စေတဲ့ စွမ်းဆောင်ရည်ပိုင်းကိုရရှိစေမှာ ပါ။ Wifi+Cellular အမျိုးအစားမှာတော့ Wifi စနစ်တင်မက Sim-Card အသုံးပြုကာ မိုဘိုင်းလ် ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ အမြန်ဆုံးအင်တာနက် ဝန်ဆောင်မှုဖြစ်တဲ့ LTE network စနစ်ကိုပါ အသုံးပြုနိုင်မှာပါ။ Powerful apps included ဒါကတော့ Apple တွေမှာသာသီးသန့်ရှိတဲ့ မှုပိုင် Applications ပါ။ အဆိုပါ Apps ဟာ အီးမေလ်တွေအလွယ်တကူပို့လို့အဆင်ပြေစေမယ့်အပြင်၊ သီချင်း တွေကိုနားဆင်အသုံးပြုနိုင်တယ်၊ မိမိဖန်တီးထားတဲ့ သီချင်းတွေ၊ Web တွေ ရုပ်သံဖိုင်တွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ တင်လို့ရတယ်။ အဲဒီ ထဲမှာ Musics ပိုင်းတွေဖြစ်တဲ့ ဂီတာတီးတာတွေ၊ Keynote တွေကိုမိမိကိုယ် တိုင်စိတ်ကြိုက်ရေးဆွဲ ဖန်တီးလို့ရတယ်။ Over 475,000 apps on the App Store iPad Air ကနေ Apple Store က Apps ပေါင်း ၄၇၅၀၀၀ ကိုအလွယ်တကူ ရယူနိုင်တယ်။ ထွက်ရှိလာမယ့် မော်ဒယ်လ်နဲ့ ဈေးနှုန်းတွေကတော့ Wi‑Fi Version အတွက် 16GB - $499 32GB - $599 64GB - $699 128GB - $799 Wi‑Fi + Cellular Version အတွက် 16GB - $629 32GB - $729 64GB - $829 128GB - $929 အမည်းရောင် နဲ့ ငွေရောင်ဆိုပြီး ထုတ်လုပ်ထားတယ်။ နိုင်ဝင်ဘာ-၁ ရက်နေ့မှာဖြန့်ချိရောင်းချပေးပါလိမ့်မယ်။
Credit To : TechSpace Journal
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
How to developed apk with eclipse (only for starter)
ကျွန်တော်လည်း လေ့လာနေတဲ့လူငယ်တစ်ယာက်ပါ
ကွန်ပျူတာပေါ်ကနေ eclipse ကိုအသုံးပြုပြီး hello world apk တစ်ခုလုပ်ပြသွားမှာပါ
1
2
အရင်ဆုံး လိုအပ်တဲ့ IDE ရယ် SKD တွေရယ်ကို Download ဆွဲပါမယ်..
http://developer.android.com/sdk/index.html
ပေါ်က link ကိုဖွင့်လိုက်ပါ
ကျွန်တော်က Window 32-bit ကိုအသုံးကိုပြုသွားမှာဖြစ်တဲ့အတွက်
adt-bundle-windows-x86-20130917.zip Download လုပ်လိုက်ပါပြီ
မိမိတို့အသုံးပြုတဲ့ Os အလိုက် ADT Bundle ကိုဆွဲလိုက်ပါ
3
Downlad လုပ်ထားတဲ့ adt-bundle-windows-x86-20130917.zip ကို D: or E: ပေါ်မှာ ဖြည်ချထားလိုက်ပါ
ပြီးရင် eclipse folder ထဲက eclipse ကို ဖွင့်လိုက်ပါ
Project file တွေကို သိမ်းထားဖို့ location တောင်းလိုက်ပါမယ်
ကျွန်တော်ကတော့
C:\Users\developer\workspace လို့ပဲထားလိုက်ပါတယ်
မိမိတို့စိတ်တိုင်းကျ ထားနိုင်ပါတယ်
4
အပေါ် Tab bar ပေါ်က
File>New>Android Application Project ကိုနှိပ်လိုက်ပါ
5
New Android Application ဆိုပြီးကျလာပါလိမ့်မယ်
Application Name : pinlonthar (မိမိစိတ်ကြိုက်တစ်ခုခုထည့်လိုက်ပါ)
MinimumREquired SDK : API9:Android 2.3 (Gingerbread)
Targer SDK:API 18:Android 4.3 (Jelly Bean)
Cpmpile With:API 18:Android 4.3 (Jelly Bean)
Theme:Holo Light with Dark Action Bar
ပြီးရင် Next ကိုနှိပ်လိုက်ပါ
6
ကျွန်တော်တို့ Apk အတွက် ပုံတစ်ခုခုကိုရွေးလိုက်ပါ
Next ကိုနှိပ်ပါ
7
Blank Activity ကိုရွေးလိုက်ပါ
Next ကိုနှိပ်လိုက်ပါ
8
Finish ကိုနှိပ်လိုက်ပါ
ကျွန်တော်တို့ pinlonthar နာမည်နဲ့ hello world apk တစ်ခုကိုအောင်မြင်စွာတည်ဆောက်ပြီးသွားပါပြီ
မိမိတို့ပြုလုပ်ထားတဲ့ apk ကို ကွန်ပျူတာပေါ်ကနေ
AVD (Android Virtual Device ) အသုံးပြုပြီး run ကြည့်ရအောင်
10
Window>Android Virtual Device Manager ကိုနှိပ်လိုက်ပါ
Android Virtual Device Manager ဆိုတဲ့ window တစ်ခုကျလာပါလိမ့်မယ်
11
New ကိုနှိပ်လိုက်ပါ
AVD Name : pinlonthar (မိမိစိတ်ကြိုက်တစ်ခုခုထည့်လိုက်ပါ)
Device: မိမိစိတ်ကြိုက်တစ်ခုခုရွေးလိုက်ပါ
Targetး တစ်ခုခုရွေးလိုက်ပါ
RAM: 512
Ok ကိုနှိပ်လိုက်ပါ
ကျွန်တော်တို့ AVD တစ်ခုကို အောင်မြင်စွာတည်ဆောက်ပြီးသွားပါပြီ
့hello world apk ကို AVD ပေါ်ကနေက run ကြည့်မယ်..
12
Run ကိုနှိပ်လိုက်ပါ
Run As ဆိုတဲ့ window တစ်ခုကျလာပါမယ်
Android Application ကိုရွေးပြီး ok ကိုနှိပ်လိုက်ပါ..
13
Launch a new Android Virtual Device ကိုရွေးလိုက်ပါ
ကျွန်တော်တို့ခဏက တည်ဆောက်ထားတဲ့ pinlonthar AVD ကိုရွေးပြီး Start လုပ်လိုက်ပါ
ပြီးရင် Launch လုပ်လိုက်ပါ
15
Ok ကျွန်တော်တို့ ANDROID ဆိုတဲ့ Logo နဲ့ AVD တစ်ခုတတ်လာပါလိမ့်မယ်
ခဏစောင့်လိုက်ပါ
16
ကျွန်တော်တို့ pinlonthar.apk ကို Virtual Device ပေါ်မှာ အောင်မြင်စာ run နေပါပြီ
17
ဖုန်းထဲထည့်ချင်တယ်ဆိုရင်
အပေါ်မှာတည်ဆောက်ထားတဲ့ workspace>pinlonthar>bin
အောက်က pinlonthar.apk ကို install လုပ်လိုက်ပါ..
အပေါ်ကနည်းတွေကတော့ ကျွန်တော်တို့ android application စတင်လေ့လာမဲ့တဲ့လူငယ်တွေအတွက်ပဲဖြစ်ပါတယ်
ကျွန်တော်လည်းလေ့လာနေဆဲလူငယ်တစ်ယောက်ဖြစ်ပါတယ်..
ကျွန်တော်တို့ Online ပေါ်မှာ ဆက်လက်လေ့လာနိုင်ဖို့အတွက် website တွေ Group တွေအများကြီးရှိပါတယ်
ကျွန်တော်လေ့လာနေတဲ့ Group တွေကိုလမ်းညွှန်ပေးပါမယ်
http://htarhtarlwin.blogspot.com/2013/06/android-programming-i.html
https://www.facebook.com/groups/apkdeveloper/
ဒါကတော့ ဆရာမဒေါ်ထားထားလွင် ရဲ့ android developing ကို Online ပေါ်ကနေ သင်ပေးနေတဲ့ blog နဲ့ group ဖြစ်ပါတယ်
http://myandroidian.blogspot.com/
ဒါကတော့ ဆရာမ Star Tek ရဲ့ android developing ကို Online ပေါ်ကနေ သင်ပေးနေတဲ့ blog ပါ
http://waiferkolar.com/#
ဒါကတော့ ဆရာ waiferkolar ရဲ့ video lesson တွေပါ java video lessons တွေ download ဆွဲပြီးလေ့လာနိုင်ပါတယ်
http://www.vogella.com/articles/Android/article.html
အဲမှာလဲ Eng tutorials တွေအများကြီးတင်ပေးထားပါတယ်..
Credit To : http://www.pinlonthar.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Tuesday, October 15, 2013
Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်များ
 Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက မှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။ ဒါကြောင့်အခု လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။
1. ADB
ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။
2. AOSP
Android Open Source Project ရဲ့အတိုကောက်ဖြစ်ပါတယ်။ များသောအားဖြင့် ROM (Read Only Memory) တွေရဲ့ ဖော်ပြချက်တွေမှာတွေ့ရှိရပါတယ်။ AOSP ဟာများသောအားဖြင့် Android Device တွေမှာသုံးတဲ့ ROM တွေဟာ Google ကပေးတဲ့ ဘယ် Android Source Code ပေါ်မှာမူတည်ပြီးထုတ်ထားသလဲဆိုတာကိုဖော်ပြပါတယ်။
3. Bootloader
Bootloader ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ Android Device တွေမှာသုံးတဲ့ lowest level software တစ်ခုဖြစ်ပြီး Android Operating System စတင်ဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။ များသောအားဖြင့် ထုတ်လုပ်သူတွေဟာ Bootloader ကို lock ပြုလုပ်ထားပါတယ်။ ဘာလို့ဒီလိုလုပ်သလဲဆိုတော့ Root လုပ်ခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကိုထုတ်လုပ်လိုက်တုန်းကအတိုင်းပဲ အသုံးပြုသူတွေကိုသုံးစေချင်လို့ဖြစ်ပါတယ်။
4. Bootloop
Bootloop ဆိုတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Android Device ကို Root လုပ်တာပဲဖြစ်ဖြစ် Custom ROM တင်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါ သူပြောထားတဲ့ အဆင့်တွေတိုင်းလိုက်မလုပ်ပဲ တစ်နေရာရာမှာတစ်ခုခုမှားခဲ့ရင် Android OS ဟာ restart ချလိုက်တာနဲ့ Start Up Logo မှာရပ်နေပြီးဘာမှဆက်တက်မလာတာ့ပါဘူး။ဒါကို Bootloop ဖြစ်တယ်လို့ခေါ်ပါတယ်။
5. BusyBox
BusyBox ဆိုတာကတော့ app တစ်ခုဖြစ်ပြီး UNIX Command Tools များစွာကိုအသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ Android OS ရဲ့ System File တွေကို ကိုယ်ကြိုက်သလိုပြောင်းချင်တဲ့အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox ကနေတစ်ဆင့် Commands တွေသုံးပြီးပြောင်းလဲလို့ရပါတယ်။
6. Dalvik cache
Dalvik cache ဆိုတာကတော့ Android OS မှာပါဝင်တဲ့ directory (folder) တစ်ခုဖြစ်ပြီး ကိုယ့် device မှာ install လုပ်လိုက်လို့ရလာတဲ့ *.dex file တွေအားလုံးကိုသိမ်းထားပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီ *.dex file တွေဟာ သွင်းထားတဲ့ app ကို update လုပ်လိုက်တာနဲ့ သူတို့ပါလိုက်ပြီး update ဖြစ်ပါတယ်။
7. Flashing or Flash
Flash လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Device မှာတစ်ခုခုကို install လုပ်လိုက်ခြင်းရဲ့နောက်ထပ်အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ ROM ပဲဖြစ်ဖြစ် Kernel ပဲဖြစ်ဖြစ် install လုပ်လို့ရတဲ့မည်သည့် .zip file ကိုမဆို install လုပ်ခြင်းကို flash လုပ်တယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။
8. Fastboot
Fastboot ဆိုတာကတော့ boot menu တစ်ခုဖြစ်ပြီး Android OS မစတင်ခင်မှာ Recover Mode နဲ့အခြား Download Mode တွေကို ဒီ boot menu ကနေတစ်ဆင့်ဝင်လို့ရနိုင်တဲ့ Android Boot Menu တစ်ခုဖြစ်ပါတယ်။
9. Firmware
Phone သို့မဟုတ် Tablet ရဲ့ Firmware ဆိုတာကတော့ များသောအားဖြင့် Operating System ကိုပဲညွှန်းဆိုခြင်းဖြစ်ပါတယ်။ Firmware Update လုပ်တယ်ဆိုတာကလည်း OS ကို Update ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။
10. IMEI
International Mobile Equipment Identity (IMEI) number လို့ခေါ်တဲက number တစ်ခုဖြစ်ပြီး GSM, WCDMA, and iDEN mobile device တွေနဲ့အခြား satellite device တွေမှာသုံးတဲ့ unique number တစ်ခုဖြစ်ပါတယ်။ ဒီ number ကို device တွေရဲ့ settings ထဲမှာကြည့်ရှုနိုင်ပါတယ်။
11. Kernel
Kernel ဆိုတာကတော့ Operating System ရဲ့အသဲနှလုံးပဲဖြစ်ပြီး Hardware နဲ့ Software (ဒီနေရာမှာတော့ App) ကြားဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
12. Opensource
Opensource ဆိုတာကတော့ software တစ်ခုကိုထုတ်လုပ်ပြီးလို့ဒီ software ဟာ opensource လို့ပြောလိုက်ပြီဆိုတာနဲ့ဒီ software ရဲ့ codes တွေကိုလိုသလိုပြုပြင်ပြောင်းလဲလို့ရပြီး အများတကာအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။
13. Recovery
Recovery ဆိုတာကတော့ ကျွန်တော်တို့ Android Device တွေမှာရှိတဲ့ Internal Storage အတွင်းက အခန်းငယ်လေးတစ်ခု (Partition) ဖြစ်ပြီး Custom ROM ထည့်သွင်းခြင်း system-level လုပ်ဆောင်ချက်တွေပြုလုပ်တဲ့နေရာမှာအသုံးပြုပါတယ်။
14. ROM
Android အဝင်းအဝိုင်းမှာတော့ ROM ဆိုတာဟာ Read Only Memory ဖြစ်ပြီး အသစ်ပြုပြင်ပြောင်းလဲထားတဲ့ Android Operating System ကိုပဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ Custom ROM လို့လည်းခေါ်ဝေါ်ပါတယ်။ Custom ROMs တွေကတော့ CyanogenMod, Android Open Kang Project (AOKP) နဲ့ MIUI တို့ပဲဖြစ်ပါတယ်။
15. ROM Manager
ROM Manager ဆိုတာတော့ အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပြီး root လုပ်ပြီးမှအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ ClockworkMod Recovery ထည့်သွင်းခြင်း (သို့) CMW ထဲဝင်ခြင်း Custom ROM ထည့်သွင်းခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ဒီ ROM Manager ကနေတစ်ဆင့်ဆောင်ရွက်လို့ရပါတယ်။
16. Root
Root ဆိုတာကတော့ Android Device တစ်ခုပေါ်မှာ Administrator (သို့) Full Access ဖြင့်အသုံးပြုခြင်းဖြစ်ပါတယ်။ (Root အကြောင်းအသေးစိတ်ဆောင်းပါးကို ရှာဖွေလေ့လာနည်းပညာ Album ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။)
17. Superuser
Superuser ဆိုတာကတော့ Android OS အတွက် special user account တစ်ခုဖြစ်ပြီး root account လို့လည်းခေါ်ပါတယ်။ Superuser ကနေမှတစ်ဆင့် Device ကိုလိုသလိုစီမှန်ခန့်ခွဲလို့ရပါတယ်။
18. Wipe
Wipe လုပ်တယ်ဆိုတာကတော့ Device ထဲမှာ ရှိတဲ့ data တွေကိုဖျက်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့အခေါ်ဝေါ်တွေအားလုံးနီးပါးကို စာဖတ်သူတို့  Android Device တွေရဲ့လောကထဲမှာ မှာတွေ့ဖူးမြင်ဖူးကြမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကတော့ ကျွန်တော်ရေးတာမဟုတ်ပါဘူးခင်ဗျာ ဆိုက်လိပ်စာလေး မမှတ်မိတော့လို့ ရေးမပေးလိုက်တာပါ။ ရေးသားသူကိုလည်း ဒီနေရာလေးကပဲ ခွင့်ပြုပေးပါလို့တောင်းဆိုပါတယ်ခင်ဗျာ။
 Credit : http://www.pyayblogger.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
Monday, October 14, 2013
"Huawei G610-U00 အတွက် CWM Recovery(English) နှင့် Stock Recovery သွင်းနည်း"
Huawei G610-U00 အတွက် cwm recovery တင်နည်းနဲ့ stock recovery ပြန်ပြောင်းနည်းလေးကို
တင်ပြသွားမှာဖြစ်ပါတယ်။
recovery.img ကို...apk ကနေ flash လို့ရကောင်းမှန်းသိလာတာကတော့...ကိုဖြိုးညီညီရဲ့ကျေးဇူးပါ။
credits to ကိုဖြိုးညီညီပါ။
cwm recovery(eng)နဲ့ stock recovery တွေကတော့..ကျွန်တော်ဖန်ထားတာပါ။
အခုpost မှာ..stock recovery ပြန်ပြောင်းတဲ့နည်းလေးကိုဖြည့်ထားရတဲ့အကြောင်းကတော့
G610-U00မှာ..cwm recovery (custom recovery)တင်ပြီးသွားတဲ့အခါမှာ...firmware ကို dload folderကိုကူးထည့်ပြီးတင်နည်းတဲ့လုံးဝတင်လို့မရတော့ပါဘူး။volume down+volume up+power
ကိုနှိပ်လိုက်တဲ့အခါမှာ.....cwm mode ထဲကိုပဲရောက်ရောက်သွားပြီးတင်လို့မရတော့ပါ။
အဲဒါကိုဖြေရှင်းဖို့အတွက်...stock recovery ကို...ပြန်ပြောင်းထားမှ..အဆင်ပြေမှာ..ဖြစ်ပါတယ်။
အောက်မှာ..ဆက်လက်ဖေါ်ပြမယ့်အရာများကို...ကျွန်တော်ကိုယ်တိုင် G610-U00 (B121 and B127)မှာ
အကြိမ်ကြိမ်cwm တင်လိုက်၊stock ပြန်တင်လိုက်..စမ်းပြီးဖြစ်ပါတယ်။ဘာပြဿနာမှတော့ မဖြစ်ပါ။ G610 ရဲ့အခြား build number တွေမှာ...ရမရကိုတော့...ပျက်မှာမပူဘူးဆိုရင်...စမ်းကြည့်နိုင်ပါတယ်..။
ထုံးစံအတိုင်း..ဒီpost ကို...အကြိမ်ကြိမ်စမ်းကြည့်ပြီးမှတင်တာဖြစ်ပြီး...လုပ်ရင်းကိုင်ရင်းနာက်ဆက်တွဲဖြစ်
တတ်သောပြဿနာများကိုတော့....တာဝန်ယူမှာမဟုတ်ပါ။ အခန့်မသင့်ပါက..firmware တက်မလာ
ခြင်း၊firmware ပြန်တင်လို့မရတော့ခြင်းနှင့်မထင်မှတ်ထားသည်များဖြစ်နိုင်ပါသည်။
ပထမဆုံး G610-U00ကို CWM recovery တင်မယ်ဆိုရင် G610 CWM Recovery နဲ့ 
Mobileuncle tool.apk ကိုအရင်ဒေါင်းပါ။
G610-U00 CWM Recovery (dropbox)
G610-U00 CWM Recovery (mediafire)
Mobileuncle tool.apk (dropbox)
Mobileuncle tool.apk (mediafire)
ဒေါင်းပြီးသွားရင်...recovery.img ဆိုတဲ့ဖိုင်ကိုsd cradထဲကိုကူးထားပါ။
ပြီးရင်..mobileuncle tool.apk ကို သွင်းလိုက်ပါ။
Mobileuncle Tools ကို..သုံးပြီး...fig 01 ကနေ 04 အထိပြထားတဲ့အတိုင်း လုပ်လိုက်ပါ။
fig 01=>
fig 02=>
fig 03=>
fig 04=>
 နောက်ဆုံးအဆင့် fig -04 မှာပြထားတဲ့ ok ကိုနှိပ်ပြီးသွားရင်...reboot ကျသွားပြီး
cwm recoveryသို့ရောက်သွားမှာဖြစ်ပါတယ်။အဲဒါဆိုရင် cwm တင်လို့ပြီးပါပြီ။
cwm ကနေ stock recovery ကို ပြန်ပြောင်းချင်သူများအတွက်ကတော့...အောက်မှာ
ပေးထားတဲ့ stock recoveryကိုဒေါင်းပြီးအပေါ်က...အဆင့်တွေအတိုင်းပြန်သွင်းလိုက်ပါ။
Credit To : http://amarasuper.blogspot.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"