Thursday, August 8, 2013

Dead Boot ဖြစ်နေသောဖုန်းကို Riff Box အသုံးပြု၍ပြန်နှိုးခြင်း



သာမန်သုံးတဲ့ User တွေ နဲ့ Riff Box ကို အခုမှ စသုံး မဲ့ သူတွေ အတွက် ဗဟုသုတ လေး တစ်ခု လောက်ရစေရန်
ကျွန်တော် Deadboot ဖြစ်နေတဲ့ Samsung i8160 လေးကို Riffbox နဲ ပြန်နှိုးထားတာလေး ကို ပိုစ်တစ်ခုအနေနဲ့ တင်ပေးလိုက်တာပါခင်ဗျာ သိပြီးသားသူတွေ ကတော့ ကျွန်တော့်ပိုစ်လေးကြောင့် အနှောင့်အရှက်ဖြစ်သွားရင် Sorry ပါနော် လို့ ကြိုတင်တောင်းပြန်အပ်ပါတယ်ခင်ဗျာ
အရင်ဆုံးလုပ်ရမှာက Riffbox ကို PC မှာချိတ်ပြီး Box Service >> Check for Updates ကနေ ကိုယ်လုပ်ချင်တဲ့ မော်ဒယ်ရဲ့ dll ဖိုင်ကို ဒေါင်းလော့ အရင် ဆွဲရပါမယ်
ပြီးရင် RiffBox က Resurrection >> Interface Pinout ကနေ ဖုန်းမှာ ခဲဆော်ရမဲ့ နေရာလေးကို ကြည့်ပြီး သက်ဆိုင်ရာနေရာလေးတွေ အလိုက် ခဲဆော်ရပါမယ်
လုပ်ရမဲ အဆင်တွေ ကို ကြည့်ချင်ရင်တော့ Resurrection Help မှာ ကြည့်နှိုင်ပါတယ် နော် ခဲဆော်ပြီးပြီဆိုရင်တော့ စလို့ ရပါပြီ ခဲဆော်ထားတဲ့ အပိုင်း ကို RiffBox မှာ တွဲမယ်
ဖုန်းကို battery (or) Power Supply နဲချိတ်မယ် PC နဲ့ USB ကြိုးချိတ်မယ် JTAG TCK Speed: နေရာမှာ 12MHz ကိုရွှေးမယ် Resurrector Setting အောက်က အကွက်
လေးထဲမှာ မိမိလုပ်မဲ့ ဖုန်း အမျိုးအစားနဲ့ မော်ဒယ်ကိုရွှေးပြီး Resurrectino ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ပြီးရင် ဖုန်းရဲ့ Power ခလုပ်ကို နှိပ်ပေးထားရပါမယ် ဒါဆိုရင် RiffBox
က အလုပ်နေပါမယ် အောက်ကပုံ အတိုင်း ပါ အဲမှာ 100% ပြီးသွားပြီဆိုရင်တော့ Deadboot ဖြစ်နေတာကို ပြန်ရေးတာ ပြီးပြီပေါ့ဗျာ ဒါပေမယ့် ဖုန်းက အလုပ်လုပ်အုံးမှာ မဟုတ်သေးဘူးနော်
Odin နဲ့ မိမိဖုန်းရဲ့ Firmware ပြန်ရေး ရပါမယ် အဲ ဒါတွေ အကုန်ပြီးရင်တော့ အားလုံးသုံးလို့ ရတဲ့ ဖုန်းလေးတစ်လုံးပြန်ဖြစ်ပြီ ပေါ့ဗျာ





Credit To : http://www.myanmarmobileapp.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

0 comments:

Post a Comment