Thursday, October 3, 2013

OutBux တွင်ဝင်ငွေရှာဖွေခြင်းနှင့် လက်တွေ့ 2$ ထုတ်ယူခြင်း

အရင်ဆုံး Member အရင်ဝင်ရပါ့မယ် .. Member ၀င်ဖို့အတွက် ဒီကို နှိပ်လိုက်ပါ။
ပြီးတာနဲ့ ညာဘက်ထိပ်ဆုံးက Register ကိုနှိပ်လိုက်ပါ..အောက်က ပုံမှာပြထားတဲ့အတိုင်းဖြည့်လိုက်ပါ..မိမိမှာ PayPal မရှိသေးရင်တော့ Register လုပ်ခဲ့တဲ့ Email
ကိုဘဲပြန်ထည့်ပေးလိုက်ပါ။ Member ၀င်ပြီးတာနဲ Welcome To Outbux ဆိုတာပေါ်လာရင်တော့ Member ၀င်ခြင်းပြီးဆုံးပါပြီ ။
Member ၀င်ပြီးပြီဆိုရင် Login ၀င်လိုက်ပါ...ကြော်ငြာ Click ပြီးငွေရှာတဲ့လုပ်ငန်းစပါ့မယ်။.ပြထားတဲ့ကြော်ငြာတွေကို အကုန်ကုန်အောင် Click လုပ်ပါ.. အထူးသတိပေးချင်တာက ကြော်ငြာတွေကိုClick လုပ်ရာမှာ တစ်ခုပြီးမှတစ်ခုဖွင့်ကာ Click လုပ်ကြပါ..တစ်ပြိုင်တည်း စိတ်မရှည်လို့ဖွင့်လိုက်မယ်ဆိုရင် ကြော်ငြာခလဲမရ ပိုက်ဆံလဲရတော့မှာမဟုတ်ပါဘူး။ အောက်ပုံမှာ ကြည့်ပါ။
အပေါ်ပုံမယ်ပြထားတဲ့အတိုင်း View ADS ကိုနှိပ်လိုက်...အဲဒါဆိုရင် Click ရမယ့်ကြော်ငြာတွေပေါ်လာမယ်..အဲဒီထဲမှာမှ အပြာရောင်ဘားကို ကြော်ငြာကြည့်ဖို့Click လိုက်
click လိုက်ရင်အောက်ကအတိုင်း  ပေါ်လာမယ်...( တစ်ခုသတိပေးတာက ကလစ်လိုက်တာနဲ့ တန်းပေါ်တာမဟုတ်ပါဘူး..သူသတ်မှတ်ထားတဲ့ Webpag ရဲ့စာမျက်နှာအပြည့်ပေါ်မှ Click ရမယ့် ပုံတွေပေါ်တာပါ..ကျွန်တော်ကတော့ GSM Connection နဲ့သုံးတယ်...တစ်မိနစ်လောက်နေလို့မှClick ရမယ့်ပုံတွေမပေါ်သေးရင် Loading ပြန်ဆွဲတယ်.မကြာဘူးတန်းပေါ်လာပါတယ်...
ပုံမှာ Click ဖို့ ပုံခြောက်ပုံပေါ်လာပါတယ်နော်... ဘေးမယ်စာရေးထားတယ်.. " Click the upside down Picture" ဆိုတော့ အောက်ကို ဇောက်ထိုးဖြစ်နေတဲ့ပုံကို click ခိုင်းတာပါ.. ခြောက်ပုံထဲက ဇောက်ထိုးဖြစ်နေတဲ့ ပုံကို ကလစ်ပေးလိုက်ပေါ့.. ဒါဆိုရင် အောက်က အတိုင်း
အမှန်ခြစ်ပေါ်လာပါ့မယ်..ဒါဆိုရင် ကြော်ငြာတစ်ခု ကြည့်လို့ပြီးသွားပါပြီ..ကျန်ရှိနေတဲ့ကြော်ငြာတွေကိုလည်း ဒီအတိုင်းသာ ကလစ်သွားပါ...ကိုယ်ပိုင်ဖုန်းသမားတွေကတော့ မနက်ခင်း 7 နာရီ 8 နာရီလောက်ထလုပ်ကြည့်ပါ..မြန်မှမြန် ခဏလေးနဲ့ တက်ပါတယ်။
အိုကေ ကြော်ငြာတွေ အကုန်ကြည့်ပြီးသွားပြီ မိမိဘယ်လောက်ရပြီလဲသိချင်ရင် အောက်ပုံမယ်ပြထားတဲ့အတိုင်း Account ကိုနှိပ်လိုက်ပါ..ဒါဆိုရင် ကြော်ငြာ Click လိုက်လို့ရလာ
တဲ့ငွေတွေက Balance ထဲမှာဝင်နေပါလိမ့်မယ်..ကျနော်ကတော့ လုပ်တာ သုံးပတ်ကျော်ရှိပြီဖြစ်တဲ့အတွက် $7 ရနေတာပါ... အိုကေ..အဓိကပြောချင်တာက ကြော်ငြာ Click လုပ်
လို့ရလာတဲ့ငွေတွေသည် Balance ထဲသို့ဝင်ပါ့မယ်။ စ စလုပ်ချင်းကတော့ 1$ ရအောင် နှစ်ပတ်ကျော်မျှ စိတ်ရှည်လက်ရှည် Click လုပ်လိုက်ရပါတယ်..စိတ်ပျက်သွားပြီလား မပျက်နဲ့နော် သူဌေးကြီး :) မြန်မြန် တစ်ဒေါ်လာရအောင်ဖြတ်လမ်းနည်းပြောပြမယ်ဗျ..တစ်ခြားနည်းတော့မဟုတ်ပါဘူး မိမိကိုယ်တိုင် ပွဲစားလုပ်
ရမှာဖြစ်ပါတယ်နော့်.. :)
ကဲ..မိမိရဲ့ Balance မှာ $1.0000 တစ်ဒေါ်လာရလာပြီ ဆိုပါစို့ ပိုက်ဆံရလာတာနဲ့ ရှယ်ယာ ၀ယ်တဲ့ လုပ်ငန်းစပါ့မယ်.. ဒီနေရာမယ် ရှယ်ယာဝယ်တဲ့လုပ်ငန်းနဲကပတ်သက်လို့နည်း
နည်းရှင်းပြပါ့မယ်... ဘယ် Website မှာဘဲ ငွေရှာရှာ ရှယ်ယာ ဆိုတာ နှစ်မျိုးဘဲရှိပါတယ် Direct Referral Share နဲ့ Rental Referral Share ဆိုပြီးနှစ်မျိုးရှိပါတယ်ဗျ။
Direct Referral Share ဆိုတာကတော့ ကိုယ့်ရဲ့ Share Link မှာ အခြားသူတွေကို စိတ်ဝင်စားအောင်ပြောပြပြီး Member ၀င်ခိုင်းတာဘဲဖြစ်ပါတယ်ခင်ဗျ..ဟော ...ကျနော်
အထက်မှာပြောခဲ့တဲ့ ပွဲစားဆိုတာ Direct Referral Share ကိုဆိုလိုခြင်းဘဲဖြစ်ပါတယ်ခင်ဗျ... သူငယ်ချင်းရေ..ငါကတော့ ဒီဆိုဒ်မှာ လုပ်နေတယ်..ငွေတွေသိပ်ရသကွာ..ပါဂျဲရိုး
တောင် ၀ယ်စီးနေပြီကွ..မင်းလဲ လုပ်သင့်တယ်ကွ...မင်းလုပ်ချင်တယ်ဆိုရင်ငါကူညီပေးမယ်..ရော့ရော့..ဟောဒီက ငါပေးတဲ့ Link မှာ Member ၀င်လိုက်..ပြီးရင် ငါပြောတဲ့နည်း
တွေအတိုင်း လုပ်ပေတော့ကွာ... ကိုယ့်ရဲ့ သူငယ်ချင်းက ကိုယ်ရဲ့ Share Link မှာမန်ဘာဝင်ပြီး အလုပ်လုပ်တာနဲ့ သူငယ်ချင်းဆီက $0.0200 ကို ကိုယ်က ရှယ်ယာအမြတ်အနေ
နဲ့ရရှိမှာဖြစ်ပါတယ်..သူငယ်ချင်းကိုတော့ ဘားမှမထိခိုက်ဘူးနော်..သူဘာသာ Outbux Company ကထပ်ဆောင်းပေးတဲ့ ဘောက်ဆူးပါ...အိုကေ ဒါကို Direct Referral Share
လို့ခေါ်တာပေါ့ဗျာ... :) ကိုယ့်ရဲ့ Share Link ကိုထုတ်တဲ့နည်းလေး သက်ဆိုင်ရာအခန်းမှာသင်ပြပေးသွားပါ့မယ်။ အိုကေ ..ဒါဆိုရင် Direct Referral Share ဆိုတာ ဘာမှန်းသိ
ပါပြီနော်... အခု Rental Referral Share အကြောင်းကိုပြောပါ့မယ်... အဲကေင်က ကိုယ်ကြော်ငြာ Click လုပ်လိုက်လို့ရလာတဲ့ ငွေထဲကနေ၀ယ်ရမှာဖြစ်ပါတယ်..လူမဟုတ်ပါဘူး
သူ့ဘာသာ Auto အလုပ်လုပ်ပေးတဲ့ Share ဖြစ်ပါတယ်... ဥပမာ မိမိမှာ 1$ ရပြီဆိုရင် Share ငါးခု စ၀ယ်လို့ရပါပြီ... အိုကေ ဘယ်လိုဝယ်မှာလဲ..အပေါ်က ပုံကိုတစ်ချက်ကြည့်
လိုက်.. Balance မှာ တစ်ဒေါ်လာရပြီထားပါစို့..ရှယ်ယာဝယ်ဖို့ဆိုရင် အဲဒီ Balance ထဲကငွေကို Purchase Balance ကိုရွှေ့ရမှာဖြစ်ပါတယ် .. မှတ်ထားနော်..ဒီနည်းက အခြား
ငွေရှာတဲ့ဆိုဒ်တွေမှာလည်း ဒီလိုနည်းသုံးရပါတယ်.. Purchase Balance ထဲကိုရွှေ့ဖို့အတွက် Purchase Balance ဆိုတဲ့စာသားရဲ့ ညာဘက်ဘေးကပ်ရပ်လေးမှာ                        ( Add Funds ) ဆိုတာလေးရှိတယ်...တွေ့လားမသိ..တွေ့ရင် အဲကောင်လေးကို နှိပ်ပါ... အောက်က ပုံကိုကြည့်လိုက်ပါဦးး
Add Funds ကိုနှိပ်လိုက်တာနဲ့ အပေါ်ပုံမယ်ပြထားတဲ့အတိုင်း တွေ့ပါလိမ့်မယ်.. Method နေရာမှာ Account Balance ကိုရွေးပါ..Amount နေရာမှာတော့ တစ်ဒေါ်လာကိုထည့်မှာဖြစ်တဲ့အတွက် 1 လို့ရွေးပေးလိုက်ပါတယ်..ပြီးရင်တော့ Send ကိုနှိပ်ပေးလိုက်...ဒါဆိုရင် Purchase Balance ထဲကိုငွေလွှဲပြီးကြောင်း Message ပြပါ
လိမ့်မယ်.. ပြီးတာနဲ့ ဟိုးးးအပေါ်ဆုံးမယ်ရှိတဲ့ Logout လုပ်တဲ့ နေရာက My Account ကိုနှိပ်ပေးလိုက်..ဒါဆိုရင် Balance ထဲက တစ်ဒေါ်လာက Purchase Balance ထဲကို
ရောက်သွားပါပြီ..ရောက်သွားပြီဆိုတာနဲ့ Rental Referral Share ၀ယ်ဖို့စတင်နိုင်ပြီဖြစ်ပါတယ်..ကဲ..ဘယ်လိုဝယ်မလဲ... အောက်ပုံမယ် ပြထားတဲ့အတိုင်း Rent Referrals ဆို
တာကို နှိပ်ပေးလိုက်..ဒါဆိုရင် ရှယ်ယာဝယ်ဖို့နေရာရောက်သွားပါ့မယ်..
ကျနော်ကတော့ Purchase Balance ထဲမယ် 10$ ကြီးများတောင်ရှိလယ်ဗျား :D မိတ်ဆွေတို့ကတော့ တစ်ဒေါ်လာပေါ့နော်.Rent Now! ကိုနှိပ်လိုက်ပါ..ဒါဆိုရင် ရှယ်ယာ ငါးခု ၀ယ်ခြင်းပီးဆုံးပါပြီ ရှယ်ယာတွေက တစ်ပတ်ကိုတစ်ကြိမ်ဘဲ ၀ယ်ခွင့်ရှိပါတယ်..ဒီတော့ ခေါင်းနည်းနည်းသုံးမယ်..ပထမ အခေါက်မှာ ရှိတဲ့ပိုက်ဆံနဲက ရသလောက်ဝယ်မယ်..နောက် ဒုတိယအပတ်ကျရင်လည်း ရှိသမျှ ဟာလေးနဲ့ ရသလောက်ဝယ်မယ်..နောက်တတိယပတ်ကျရင်တော့ မ၀ယ်သေးနဲ့ဦး.. ရှယ်ယာ ၀ယ်နေစဉ်ကာလမှာလည်း Direct Referral
Share ရဖို့ ပွဲစားလေးလဲ လုပ်ပေါ့.. :D အိုကေနော်... Direct Referral 20 လောက်ရှိလာပြီဆိုရင် Rental Referral တွေကိုမ၀ယ်သေးဘဲနဲ့ ပိုက်ဆံစုထား.စုနေစဉ်ကာလမှာ
Direct Referral ကိုရသလောက် ရနိုင်သလောက်ရအောင်ရှာပါ..အိုကေ... စုထားတဲ့ ပိုက်ဆံတွေကို Rental Referral Share ၀ယ်ပါ.. ဒီနေရာမယ် တစ်ချို့ တော်တော်များများ
ကြုံရတဲ့ ပြသနာလေးတစ်ခုရှိတယ်..ဘာတုန်းဆိုရင် Purchase Balance ထဲမယ်ထည့်ထားတဲ့ ငွေတွေ လျော့သွားတာပါဘဲ..ဒါကြောင့်မထည့်ပါနဲ့ ၀ယ်စရာရှိမှ Purchase Balance ထဲကိုထည့်ပါလို့ အသိပေးလိုက်ရပါတယ်.. ကဲ ဟုတ်ပီ... မိမိမှာ Direct Referral တွေ Rental Referral တွေဝယ်ထားတဲ့ ပမာဏကို ကြည့်ဖို့အတွက် အောက်က ပုံ
ကိုကြည့်လိုက်ပါ...ကိုယ်ရထားတဲ့ ပမာဏကိုကြည့်ဖို့အတွက် My Account ထဲက Referral Stats ကိုကြည့်လိုက်... အောက်ပုံမယ်ဆိုရင် ကျနော်အခြားဆိုဒ်မှာလုပ်နေတဲ့ Result ပါ.. Direct Referrals က 561 ယောက်.. :P ( ပွဲစားပတ်လုပ်ထားရတာ ) .. Rented Referrals ၀ယ်ထားတာက 25 ခုဘဲရှိသေးတယ်.. :) အမှန်တော့ Direct Referral 561 ယောက်မှာ မလုပ်ကြတဲ့လူအရေအတွက်က 200 ကျော်လောက်ရှိတာပါ... ဒါပေမယ့် ပြသနာမရှိ Direct Referrals 350 နဲ့ Rented Referrals 500 လောက်ရှိရင်ကိုဘဲ တစ်နေ့ကို 4$ အေးအေးဆေးဆေးရနေပါပြီ..နောက်ပိုင်းကျရင်တော့ Rented Referrals ကိုသာ အားထားဝယ်ပါ.. :)
မိမိရဲ့ Direct Referrals ( လူအစစ် ) တွေ အလုပ်ဘယ်လောက်လုပ်လားမလုပ်လား အောက်က ပုံမှာကြည့်ပါ... ပုံမှာမြှားပြထားတဲ့အတိုင်း  Direct Referrals ဆိုတာကို
Click လုပ်လိုက်ပါ... Rented Referrals တွေအလုပ်လုပ်လား မလုပ်လားသိချင်ရင်တော့ Rented Referrals ဆိုတာကိုနှိပ်ပေးလိုက်ပေါ့..
Click လုပ်လိုက်တာနဲ့ အလုပ်လုပ်တဲ့ Direct Referrals တွေကို အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်..
အပေါ်ပုံမယ်မြင်တဲ့အတိုင်းပါဘဲ... ကိုယ်ပွဲစားလုပ်ထားတဲ့ Direct Referrals တွေပါ... အနီရောင် ၀ိုက်ပြထားကတော့ ကနေ့နေ့တိုင်းတစ်ကယ်အလုပ်လုပ်တဲ့သူတွေပါ...
ဘဲဥ မကွဲတဲ့ 0 တွေကတော့ တစ်ခါမှမလုပ်ရသေးတဲ့လူတွေပါ.. Rented Referrals လဲဒီအတိုင်းပါဘဲ.. ဒါပေမယ့် Rented Referrals က ဘဲဥမကွဲတာ ရှားတယ်..၀ယ်ပြီး တစ်ပတ်အတွင်း တော်တော်များများက နေ့တိုင်း အလုပ်လုပ်ကြပါတော့တယ်..ဒါကြောင့် Rented Referrals တွေကိုချည်း ဖိဝယ်ခိုင်းတာပါ.. :) Rented Referrals မှာအား
နည်းချက်တစ်ခုကတော့ရှိတယ်..ဒါကလဲ သူ့စည်းမျဉ်းပါဘဲ..ဘာလဲဆိုတော့...သူက တစ်လခံမလို့ပါ..တစ်လပြည့်တာနဲ့ ရှယ်ယာတွေက ပျောက်ကုန်ပါတယ်..ကဲမပျောက်အောင် ဘယ်နှုယ်လုပ်မလဲ... Rented Referrals ကိုနှိပ်ဝင်လိုက်ပါ...အောက်က ပုံအတိုင်းပေါ်လာပါ့မယ်....  (( ဘယ် ငွေရှာတဲ့ဆိုဒ်မှာမဆို AutoPay ကို Enable လုပ်ဖို့မမေ့ပါနဲ့ ))
အပေါ်ပုံမှာဆိုရင် Expires Date ကိုတွေ့မှာပါ... Expire 0 ဖြစ်သွားတာနဲ့ ၀ယ်ထားတဲ့ Share ဟာလည်းပျောက်သွားတော့မှာပါ.. ကဲ..ထားပါစို့.. Expire Date မှာ 2 Days လောက်ပဲကျန်တော့တယ်ဆိုရင် ဒီကောင်တွေကိုပျောက်မသွားအောင်လုပ်ရတော့မှာပါ....ဒီတော့ မပျောက်အောင်ဘယ်လို လုပ်မလဲ.. Recycle လုပ်ပါ့မယ်..ဘယ်လို Recycle လုပ်မှာလဲ ?အောက်က ပုံကို ထပ်ကြည့်လိုက်ပါ..
Expire Date ဖြစ်တော့မယ့် Share တွေကိုရှာပြီး အမှန်ခြစ်လေးတွေလိုက်ခြစ်ပါ...အမှန်ခြစ်ပြီးရင် I want to keep them for 30 More Days ကိုရွေးလိုက်ပါ... ကျနော်ဆယ်ခုလောက်ကို ဥပမာပြထားပါတယ်... အဲဒီဆယ်ခုစာ ကို Recycle လုပ်ရင်ကုန်ကျမယ့်ပမာဏက $1.800 ကျသင့်ပါမယ်..ကျနော်တစ်ခုပြောပါ့မယ်..Recycle လုပ်မယ်
ဆိုရင် Purchase Balance ထဲမယ်ငွေတော့ရှိနေဖို့လိုမယ်နော်..မရှိဘူးဆိုရင် လုပ်လို့မရပါဘူး... မိတ်ဆွေတို့မှတ်ထားရမှာက ရှယ်ယာတွေကို ၀ယ်တိုင်း.. Recycle လုပ်တိုင်း
Purchase Balance ထဲကိုငွေအရင်ဖြည့်ပီးမှ လုပ်လို့ရမှာပေါ့နော်..အိုကေ... ငွေရှိတယ်ဆိုရင် Do it! ကိုနှိပ်လိုက်တော့..ဒါဆိုရင်ဒီကောင်တွေက အသက်တစ်လကျော် ပြန်ပြည့်
သွားပါပြီ... Recycle လုပ်ခ တစ်ဒေါ်လာဆိုတာမများပါ..ဘာလို့လဲဆိုတော့ ရှယ်ယာ နှစ်ခုရဲ့ တစ်လအတွင်းရှာနှုန်းက တစ်ဒေါ်လာလောက်ရှိပါတယ်..ဒါကြောင့်မများပါဘူး..

ကဲ..အိုကေ..ဒါဆိုရင် Direct Referral Share နဲ့ Rented Referrals Share အကြောင်းကိုသိသွားလောက်ပြီထင်ပါတယ်... Direct Referrals ရှာမယ်.. Rented Referrals အတွက်ပိုက်ဆံရှိရင် ၀ယ်မယ်...လကုန်ခါနီးတုန်း Expire ဖြစ်တော့မယ်ကောင်တွေကို အသက်ပြန်ဖြည့်သွားမယ်.. ဒီလိုနည်းနဲ့ဘဲ တဖြည်းဖြည်းလုပ်သွားပါ လေးငါးလ
အတွင်း မိတ်ဆွေဟာ တစ်နေ့ကို 3$ နီးပါး လောက်ရနေတဲ့သူဖြစ်နေပါလိမ့်မယ်..အသေအချာပါ သို့ပေမယ့် မိမိ Share တွေရှာရင်ရှာနိုင်သလို.၀ယ်ရင်ဝယ်နိုင်သလို ပိုက်ဆံအတက်
အကျ ကွာခြားပါသေးတယ်နော့်... ကဲ ဒါလောက်ဆိုရင် ဘယ်လိုထိန်းညှိရမလဲ တွေးမိကြမှာပါ..တွေးလဲတွေးကြပါ... အိုကေ........ မိမိဆီမှာ မန်ဘာဝင်စေဖို့အတွက်
Direct Referrals Link ထုတ်နည်းလေးပြောပါဦးမယ်.. အောက်ကပုံကိုကြည့်ပါ
အပေါ်ပုံမှာပြထားတဲ့အတိုင်း Banner ကိုနှိပ်ပါ... ပြီးတာနဲ့ http://outbux.com/?ref=aungsan ဆိုတာလေးကိုကူးလိုက်ပါ...ပြီးတာနဲ့ အဲ Link ကို မိမိမန်ဘာဝင်စေလိုတဲ့သူဆီပေးပြီး .သူငယ်ချင်းရေ..ဘာဖြစ်တယ် ညာဖြစ်တယ် ကွာဆိုပြီး မန်ဘာဝင်ခိုင်းပါ..ဒါဟာ ကိုယ့်ရဲ့ Direct Referrals Link ဘဲဖြစ်ပါတယ်ခင်မျာ.. aungsan ဆိုတဲ့နေရာမယ်..မိမိ မန်ဘာဝင်ထားတဲ့နာမည်ဖြစ်နေပါလိမ့်မယ်.. ဥပမာ http://outbux.com/?ref=iloveamicho ပေါ့...အိုကေနော်..ဒါလောက်ဆိုလျှင်ရှင်းတယ်လို့ယူဆပါတယ်နော်..

ကဲ....နောက်ဆုံးအဆင့် ငွေထုတ်တဲ့အဆင့်.... မိမိရဲ့ Balance ထဲမှာ ၀င်ငွေများလာပြီထုတ်ချင်ပြီဆိုပါစို့...အောက်က ပုံအတိုင်း ထုတ်ယူရမှာဖြစ်ပါတယ်...
Withdraw ကိုနှိပ်ပါ
အိုကေ.. PayPal ကိုနှိပ်တာနဲက အောက်ပါပုံအတိုင်းဆက်တွေ့ပါလိမ့်မယ်..Send ကိုသာနှိပ်လိုက်ပါ... ဒါဆိုရင် မိမိရဲ့ ပိုက်ဆံက 24 နာရီအတွင်း မိမိရဲ့ PayPal Account
ထဲသို့ရောက်ရှိလာပြီဖြစ်ပါတယ်... PayPal Account မရှိသူများအတွက် တစ်ခုသတိပေးမယ်နော်.. အကောင့် စဖွင့်တုန်းက Paypal Email နေရာမယ် မိမိရဲ့ Email လိပ်စာ
ကိုထည့်ခဲ့ကြတယ်နော်... ငွေမထုတ်ခင် အဲဒီနေရာမယ် တကယ့် PayPal အစစ်ရဲ့ လိပ်စာကိုအရင်ပြောင်းလဲပေးရပါ့မယ်နော်..အဲဒါလေးသတိထားကြပါ..ပြောင်းလဲဖို့ကတော့
Personal Settings ထဲကနေပြောင်းလဲရမှာပါ။ အိုကေ .အောက်မယ်ငွေထုတ်တဲ့ပုံပါ။
ကဲ..အကောင့်ဖွင့်တာကစလို့..ငွေထုတ်တဲ့အဆုံးကျနော် ဘယ်လိုလုပ်ရမယ်ဆိုတာတွေပြောပြခဲ့ပြီးပါပြီ..ဒါကတော့ Outbuxအတွက်ပါ... ဒီလိုဆိုရင် ရှာပုံ ထုတ်ပုံတွေကိုသိသွား
ကြပြီထင်ပါတယ်... ဒီအခန်းကတော့ပြီးသွားပြီ... Direct Referrals များများရှာနိုင်ပါတယ်ဆိုသူများအတွက် Upgrade လုပ်နည်းပြောပြပါ့မယ်...Extend Member Ship ကို
နှိပ်လိုက်ပါ..အောက်က ပုံကိုကြည့်ပါ
အရှေ့က Aribux , Ukabux တို့မှာ  Upgrade တွေကိုရှင်းပြခဲ့လို့ ထပ်မံမရှင်းပြတော့ပါဘူးနော်... ဒီကောင်မှာ Direct Referral 500 ပြည့်တာနဲ့ Dollar 60$ တန်းရပါတယ်
ကျနော်ကတော့
အဲဒီ45$ ကိုထုတ်ချင်ထုတ် .. မထုတ်ချင်လဲ Purchase Balance ထဲကိုထည့်ပြီး ရှယ်ယာဝယ်ချင်ဝယ် လုပ်လို့ရပါတယ်ဗျား..ကဲမိုက်ဖူးလား..အဲဒါကြောင့်ပြောတာ Direct Referral များများရှာ ပွဲစားများများလုပ်ပါလို့ပြောတာ :D ကျနော် ရဲ့ လူလည်ကျပုံကျနည်းလေးပြောပြဦးမယ်.ကျနော် ဒါတွေကိုစစလုပ်တုန်းက Direct Referrals တွေကို သတ်မှတ်ထား
တဲ့အတိုင်းပြည့်အောင် ဘာလုပ်ခဲ့သလဲဆိုရင် Website တွေ Blog တွေမယ်လိုက်ပြီးတော့ ဒီ Link မှာမန်ဘာဝင်ပါ... မန်ဘာဝင်ပြီး ညွှန်ထားတဲ့အတိုင်းအလုပ်များဆုံးလုပ်နိုင်သူ
ကို သုံးရက်အတွင်းဖုန်းကဒ်တစ် ငါးထောင်တန်တစ်ကဒ်ဆိုပြီး လုပ်ထည့်လိုက်တယ်.. အဲဒီတုန်းက သတ်မှတ်ထားတာက အယောက် 200 ဘဲ Direct Referrals ရှိပါတယ်..
ဒါပေမယ့် ကြော်ငြာပီး ငါးနာရီအတွင်း Direct Referrals 200 ကျော်နေရုံမျှမက 25$ ဟာလည်း ကျနော့်ရဲ့အကောင့်ထဲမှာရောက်ရှိလို့နေပါသဗျား..ဒါကတော့ကျနော်ကြံဖန်
လူလည်ကျခဲ့တာလေးကို အားလုံးအတွက် အတွေးစ လမ်းစလေး ရအောင်ပြောပြလိုက်တဲ့သဘောပေါနော့်.. ကဲကဲ... ဒီနေရာမယ် Outbux မှာငွေရှာနည်း အဆုံးသတ်ပြီးဖြစ်ပါတယ်
ခင်ဗျား..အားလုံးဘဲ စာဖတ်ပါ..ကိုယ့်ညှစ်အားလေးလည်း ကိုယ်နည်းနည်းသုံးပါ..လိုက်ကလိလို့ရပါတယ်..အခုကြော်ငြာ ကလစ်ခြင်းအပြင် အပိုဝင်ငွေရမယ့် လုပ်ငန်းလေးတစ်ခု
လဲပါပါသေးတယ်..ဒီလုပ်ငန်းကိုတော့ Micro Jobs လို့ခေါ်ပါတယ်..ဒါကိုတော့အသေသးစိတ်မရှင်းပြတော့ပါဘူး .စာလေးဖတ် ကလိပါ..ဒါမှပိုသိလာပါ့မယ် အောက်ကပုံကိုကြည့်ပါ
Signup Offer , Offer , PTU အဲလိုစကားလုံးတွေက ငွေရှာတဲ့ဆိုဒ်တွေ တော်တော်များများမှာရှိပါတယ်..သဘောကတော့ ဗျာ သူတို့လုပ်ခိုင်းတာကိုလုပ် အကုန်လုပ်နိုင်ရင်
ဘယ်လောက်ဒေါ်လာပေးမှာဆိုတာပေါ့...ကဲ ပုံမယ်မြင်တဲ့အတိုင်းဘဲ $0.10 သတ်မှတ်ထားတဲ့ အလုပ်တစ်ခုရှိနေပါတယ်... အဲဒါကို နှိပ်ပါ..သူတို့ခိုင်းတဲ့အတိုင်းသာလုပ်ပါ..လုပ်သွား
တာနဲ့ $0.10 က ကိုယ့်အကောင့်ထဲကိုအလိုလိုရောက်လာပါလိမ့်မယ်။ ကဲ.. အောက်မှာတော့ ကျနော် 2$ စမ်းသပ်ထုတ်ယူထားတဲ့ပုံလေးပါ..
အောက်ကပုံကတော့ PayPal ထဲကို 24 နာရီအတွင်းရောက်လာတဲ့ပုံလေးပါ။ ကဲ..အားလုံးဘဲ Good Luck ပါဗျား... :)
Picture 


Credit To : http://makingmoneytutorial.weebly.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

0 comments:

Post a Comment