Showing posts with label အထွေထွေဗဟုသုတများ. Show all posts
Showing posts with label အထွေထွေဗဟုသုတများ. Show all posts

Friday, November 15, 2013

Nokia ဖုန်းတွေ မှာ မြန်မာဖောင့်နဲ့ မြန်မာလိုပေါ်အောင်လုပ်နည်း


Nokia မှာမြန်မာဖောင့်ထည့်ချင်တယ်လို့ comment ပေးသွားတာတွေ့လို့ပါ။ မြန်မာဖောင့်သွင်းဖို့ အတွက် Font Zoomer ဆိုတဲ့ software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ Nokia C7 မှာတင်မကပါဘူး ။ တခြား Nokia smart phone တွေဖြစ်တဲ့
Nokia 5230, 5233, 5235, 5530, 5800, X6, C5, N97mini, N97 တို့မှာလည်း ဒီ ဆော့ဝဲလေးကိုသွင်းလို့ရပါတယ်။ အောက်မှာရယူနိုင်ပါတယ်။ Font Zoomer အားရယူရန်
software လေးကို download ဆွဲပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ ။ ပြီးရင် သွင်းချင်တဲ့ မြန်မာဖောင့်ကို ဖုန်းရဲ့ sd card ထဲကို copy လုပ်လိုက်ပါ။
ပြီးရင် ဖုန်းရဲ့ file manager ထဲကနေ၀င်ပြီး ခုနက sd card ထဲကို copy လုပ်ထားတဲ့ မြန်မာဖောင့်ကို C:datafontzoomer အောက်ကို ရွေ့လိုက်ပါ။
ပြီးပြီဆိုရင် Font Zoomer program လေးကို ဖွင့်လိုက်ပါ။ Font Zommer ထဲရောက်ပြီဆိုရင် option ကိုရွေးပါ။ option ထဲကနေ list of font ကို
ရွေးပါ။ list of font ထဲကနေ ခုနက သွင်းထားတဲ့ မြန်မာဖောင့်ကိုရွေးလိုက်ပါ။ ပြီးရင် phone ကို restart ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင် မြန်မာလိုရေးထားတဲ့စာတွေကို မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တခြားသွင်းလို့ရတဲ့ဖုန်းအမျိုးအစားတွေကတော့
Nokia 5800, Nokia 5230, Nokia 5233, Nokia 5250, Nokia 5228, Nokia 5235, Nokia 3250, Nokia 5320, Nokia 5500, Nokia 5530, Nokia 5630, Nokia 5700, Nokia 5730,
Nokia 6110, Nokia 6120, Nokia 6124, Nokia 6210, Nokia 6220, Nokia 6290, Nokia 6650, Nokia 6710, Nokia 6720, Nokia 6730, Nokia 6760, Nokia 6788, Nokia 6790,
Nokia: E50, E51, E52, E55, E60, E61, E62, E63, E65, E66, E70, E71, E72, E75, E90, N8, N71, N73, N75, N76, N77, N78, N79, N80, N81, N82, N85, N86, N91,
N92,N93, N95, N96, N97, N97 mini, X6, C7-00, E7-00, C5-03, C6.
Credit To : http://www.myanmarmobileapp.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

Thursday, October 24, 2013

Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်း( EBOOK )

Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်းလာပြီ။ Facebook မှာသူငယ်ချင်းတွေ
အပ်များလို့ လက်ခံတာများလို့ (like ) လုပ်တာများလို့ စသည်ဖြင့်  လော့ ကျတာမှန်သမျှကိုပြန်ယူလို့ ရမဲ့ နည်းလမ်း ebook ပါ။ဖိုင်ဆိုဒ်က ( 1mb ) တောင်မရှိပါဘူးအလွယ်တစ်ကူဒေါင်းလုပ်ဆွဲပြီးအခက်အဲမှန်သမျှဖြေရှင်းနိုင်ကြပါပြီခင်ဗျာ။လေ့ လာလိုသူများ
အောက်မှာဒေါင်းလုပ်ဆွဲနိုင်ပါပြီခင်ဗျာ။
ဒီပိုစ်လေးကို pdf file လုပ်ပေးခဲ့ တဲ့  ကိုလတ်(ကျွဲဆင်းနည်းပညာများစုစည်းမှူ့  ) ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။




password တောင်းရင် saithuthai လို့ ထည့် ပေးလိုက်ပါခင်ဗျာ။



DOWNLOAD - ZIPPYSHARE , TUSFILES , SOLIDFILES

Credit To : http://www.aungkyaw.net

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

Wednesday, October 23, 2013

လူကြိုက်များ ရေပန်းစားဦးမယ့် iPad Air


Apple's Event ပွဲကတော့ မနေ့က အမေရိကန် San Francisco မှာရှိတဲ့ Yerba Buena Center မှာအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါပြီ။ ကျင်းပသွားတဲ့ ပွဲမှာတော့ အားလုံးသိပြီးလောက်ပြီဖြစ်တဲ့ Apple ရဲ့  1. OS X 10.9 2. New Macbook 13 & 15 3. Mac Pro 4. iLife 5. iWork 6. iPad Air 7. iPad Mini with Retina Display တွေ ကို ထုတ်ဖော်ပြသ သွားပါတယ်။ အဲဒီထုတ်ကုန်တွေထဲမှာ iPad ရဲ့ မျိုးဆက်သစ် iPad Air ကတော့ ကမ္ဘာတစ် ဝှမ်းမှာရှိတဲ့ Apple ပုရိတ်သတ်တွေ စိတ်ဝင်စားမှုအများဆုံးနဲ့ လူကြိုက် အများဆုံး ထုတ်ကုန်တစ်ခုဖြစ်လာနိုင်ပါတယ်။ အကြောင်းကတော့ အသွင်ပြင်ကော၊ဒီဇိုင်းမှာပါ ထွက်ပေါ်ပြီးသမျှ အရာတွေ ထက် စွမ်းဆောင်ရည်မှာကော၊အရည်သွေးပိုင်းမှာပါ အကုန်လုံးကို နောက် ကောက်ချသွားနိုင်လို့ပါပဲ။ iPad ရဲ့ မျိုးဆက်သစ် iPad Air မှာ ယခင်ကခန့်မှန်းထားသလိုပဲ iPhone 5S မှာပါဝင်လာတဲ့ A7 Chip,64bit architecture ထည့်သွင်းပါဝင်လာတဲ့ အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ကမာ့္ဘအကောင်းဆုံး အမြန်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားလို့ပါပဲ။ ။ အသွင်းအပြင် ဒီဇိုင်းမှာလည်း အပေါ့ဆုံး၊အပါးဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အလေးချိန် ၁ ပေါင်တိတိသာ လေးပါတယ်။ ပြီးတော့ အသုံးပြုသူတွေ အတွက်ကျေနပ်စေလောက်တဲ့ ကျယ်ပြန်တဲ့မျက်နှာပြင် ၉.၄ လက်မ၊ အထူ ၀.၂၉ လက်မ(၇.၅ မီလီမီတာ) ရှိပါတယ်။ 9.7-inch Retina display + iOS 7 မျက်နှာပြင်အကျယ် ၉.၇ လက်မှာ Retina မျက်နှာပြင်အသုံးပြုပေးထားတဲ့ ဒီ iPad Air ဟာ pixels 1.3 million အထိကြည်လင်ပြတ်သားစေမှာ ဖြစ်တဲ့ အတွက် HDTV လိုရုပ်ထွက်ကောင်းတဲ့ မျက်နှာပြင်ထက် အဆသန်းပေါင်း များစွာ ကြည်လင်သာလွန်စေပါတယ်။ Ultrafast wireless အခုထွက်ရှိလာတဲ့ iPad Air မှာမော်ဒယ်လ်နှစ်မျိုးဖြစ်တဲ့ iPad Air Wifi နဲ့ iPad Air Wifi+Cellular ဆိုပြီးထုတ်လပ်ထားတာပါ။ Wifi စွမ်းဆောင်မှု အပိုင်းမှာ သာမန်ထက် နှစ်ဆမြန်ဆန်စေတဲ့ စွမ်းဆောင်ရည်ပိုင်းကိုရရှိစေမှာ ပါ။ Wifi+Cellular အမျိုးအစားမှာတော့ Wifi စနစ်တင်မက Sim-Card အသုံးပြုကာ မိုဘိုင်းလ် ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ အမြန်ဆုံးအင်တာနက် ဝန်ဆောင်မှုဖြစ်တဲ့ LTE network စနစ်ကိုပါ အသုံးပြုနိုင်မှာပါ။ Powerful apps included ဒါကတော့ Apple တွေမှာသာသီးသန့်ရှိတဲ့ မှုပိုင် Applications ပါ။ အဆိုပါ Apps ဟာ အီးမေလ်တွေအလွယ်တကူပို့လို့အဆင်ပြေစေမယ့်အပြင်၊ သီချင်း တွေကိုနားဆင်အသုံးပြုနိုင်တယ်၊ မိမိဖန်တီးထားတဲ့ သီချင်းတွေ၊ Web တွေ ရုပ်သံဖိုင်တွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ တင်လို့ရတယ်။ အဲဒီ ထဲမှာ Musics ပိုင်းတွေဖြစ်တဲ့ ဂီတာတီးတာတွေ၊ Keynote တွေကိုမိမိကိုယ် တိုင်စိတ်ကြိုက်ရေးဆွဲ ဖန်တီးလို့ရတယ်။ Over 475,000 apps on the App Store iPad Air ကနေ Apple Store က Apps ပေါင်း ၄၇၅၀၀၀ ကိုအလွယ်တကူ ရယူနိုင်တယ်။ ထွက်ရှိလာမယ့် မော်ဒယ်လ်နဲ့ ဈေးနှုန်းတွေကတော့ Wi‑Fi Version အတွက် 16GB - $499 32GB - $599 64GB - $699 128GB - $799 Wi‑Fi + Cellular Version အတွက် 16GB - $629 32GB - $729 64GB - $829 128GB - $929 အမည်းရောင် နဲ့ ငွေရောင်ဆိုပြီး ထုတ်လုပ်ထားတယ်။ နိုင်ဝင်ဘာ-၁ ရက်နေ့မှာဖြန့်ချိရောင်းချပေးပါလိမ့်မယ်။

Credit To : TechSpace Journal

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

Thursday, October 3, 2013

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်


နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃
၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop
ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine
နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့်
နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့)
ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။





Type of Subtitle

စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။
Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး
တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။
စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့
ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို
English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊
Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။



How to use softsub?

Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး
Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို
သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video
file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊
တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့
ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt
ဆိုပြီးထားရပါမယ်။



Subtitle တွေကို ဘယ်မှာ ရှာရမလဲ??

Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို
ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ
ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့
subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက
စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။
များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ
အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း
ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။



http://subscene.com/

http://www.opensubtitles.org/

http://www.divxsubtitles.net/

http://www.mysubtitles.org/

http://www.allsubs.org/

http://www.tvsubtitles.net/



မြန်မာစာတန်းထိုးပြောင်းကြမယ်

video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ
ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က
အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။
ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက
မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline
တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး
စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။
file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode
လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့
ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။



Produce DVD,VCD or Hardsub

မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter
ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file
နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD
ထုတ်လို့ရပါပြီ။

Credit To : http://www.sawlinux.org


စိုင်းခိုင်တင့် (MMDT)


mrprincez.mmcyber@gmail.com


"We Search , We Share"

OutBux တွင်ဝင်ငွေရှာဖွေခြင်းနှင့် လက်တွေ့ 2$ ထုတ်ယူခြင်း

အရင်ဆုံး Member အရင်ဝင်ရပါ့မယ် .. Member ၀င်ဖို့အတွက် ဒီကို နှိပ်လိုက်ပါ။
ပြီးတာနဲ့ ညာဘက်ထိပ်ဆုံးက Register ကိုနှိပ်လိုက်ပါ..အောက်က ပုံမှာပြထားတဲ့အတိုင်းဖြည့်လိုက်ပါ..မိမိမှာ PayPal မရှိသေးရင်တော့ Register လုပ်ခဲ့တဲ့ Email
ကိုဘဲပြန်ထည့်ပေးလိုက်ပါ။ Member ၀င်ပြီးတာနဲ Welcome To Outbux ဆိုတာပေါ်လာရင်တော့ Member ၀င်ခြင်းပြီးဆုံးပါပြီ ။
Member ၀င်ပြီးပြီဆိုရင် Login ၀င်လိုက်ပါ...ကြော်ငြာ Click ပြီးငွေရှာတဲ့လုပ်ငန်းစပါ့မယ်။.ပြထားတဲ့ကြော်ငြာတွေကို အကုန်ကုန်အောင် Click လုပ်ပါ.. အထူးသတိပေးချင်တာက ကြော်ငြာတွေကိုClick လုပ်ရာမှာ တစ်ခုပြီးမှတစ်ခုဖွင့်ကာ Click လုပ်ကြပါ..တစ်ပြိုင်တည်း စိတ်မရှည်လို့ဖွင့်လိုက်မယ်ဆိုရင် ကြော်ငြာခလဲမရ ပိုက်ဆံလဲရတော့မှာမဟုတ်ပါဘူး။ အောက်ပုံမှာ ကြည့်ပါ။
အပေါ်ပုံမယ်ပြထားတဲ့အတိုင်း View ADS ကိုနှိပ်လိုက်...အဲဒါဆိုရင် Click ရမယ့်ကြော်ငြာတွေပေါ်လာမယ်..အဲဒီထဲမှာမှ အပြာရောင်ဘားကို ကြော်ငြာကြည့်ဖို့Click လိုက်
click လိုက်ရင်အောက်ကအတိုင်း  ပေါ်လာမယ်...( တစ်ခုသတိပေးတာက ကလစ်လိုက်တာနဲ့ တန်းပေါ်တာမဟုတ်ပါဘူး..သူသတ်မှတ်ထားတဲ့ Webpag ရဲ့စာမျက်နှာအပြည့်ပေါ်မှ Click ရမယ့် ပုံတွေပေါ်တာပါ..ကျွန်တော်ကတော့ GSM Connection နဲ့သုံးတယ်...တစ်မိနစ်လောက်နေလို့မှClick ရမယ့်ပုံတွေမပေါ်သေးရင် Loading ပြန်ဆွဲတယ်.မကြာဘူးတန်းပေါ်လာပါတယ်...
ပုံမှာ Click ဖို့ ပုံခြောက်ပုံပေါ်လာပါတယ်နော်... ဘေးမယ်စာရေးထားတယ်.. " Click the upside down Picture" ဆိုတော့ အောက်ကို ဇောက်ထိုးဖြစ်နေတဲ့ပုံကို click ခိုင်းတာပါ.. ခြောက်ပုံထဲက ဇောက်ထိုးဖြစ်နေတဲ့ ပုံကို ကလစ်ပေးလိုက်ပေါ့.. ဒါဆိုရင် အောက်က အတိုင်း
အမှန်ခြစ်ပေါ်လာပါ့မယ်..ဒါဆိုရင် ကြော်ငြာတစ်ခု ကြည့်လို့ပြီးသွားပါပြီ..ကျန်ရှိနေတဲ့ကြော်ငြာတွေကိုလည်း ဒီအတိုင်းသာ ကလစ်သွားပါ...ကိုယ်ပိုင်ဖုန်းသမားတွေကတော့ မနက်ခင်း 7 နာရီ 8 နာရီလောက်ထလုပ်ကြည့်ပါ..မြန်မှမြန် ခဏလေးနဲ့ တက်ပါတယ်။
အိုကေ ကြော်ငြာတွေ အကုန်ကြည့်ပြီးသွားပြီ မိမိဘယ်လောက်ရပြီလဲသိချင်ရင် အောက်ပုံမယ်ပြထားတဲ့အတိုင်း Account ကိုနှိပ်လိုက်ပါ..ဒါဆိုရင် ကြော်ငြာ Click လိုက်လို့ရလာ
တဲ့ငွေတွေက Balance ထဲမှာဝင်နေပါလိမ့်မယ်..ကျနော်ကတော့ လုပ်တာ သုံးပတ်ကျော်ရှိပြီဖြစ်တဲ့အတွက် $7 ရနေတာပါ... အိုကေ..အဓိကပြောချင်တာက ကြော်ငြာ Click လုပ်
လို့ရလာတဲ့ငွေတွေသည် Balance ထဲသို့ဝင်ပါ့မယ်။ စ စလုပ်ချင်းကတော့ 1$ ရအောင် နှစ်ပတ်ကျော်မျှ စိတ်ရှည်လက်ရှည် Click လုပ်လိုက်ရပါတယ်..စိတ်ပျက်သွားပြီလား မပျက်နဲ့နော် သူဌေးကြီး :) မြန်မြန် တစ်ဒေါ်လာရအောင်ဖြတ်လမ်းနည်းပြောပြမယ်ဗျ..တစ်ခြားနည်းတော့မဟုတ်ပါဘူး မိမိကိုယ်တိုင် ပွဲစားလုပ်
ရမှာဖြစ်ပါတယ်နော့်.. :)
ကဲ..မိမိရဲ့ Balance မှာ $1.0000 တစ်ဒေါ်လာရလာပြီ ဆိုပါစို့ ပိုက်ဆံရလာတာနဲ့ ရှယ်ယာ ၀ယ်တဲ့ လုပ်ငန်းစပါ့မယ်.. ဒီနေရာမယ် ရှယ်ယာဝယ်တဲ့လုပ်ငန်းနဲကပတ်သက်လို့နည်း
နည်းရှင်းပြပါ့မယ်... ဘယ် Website မှာဘဲ ငွေရှာရှာ ရှယ်ယာ ဆိုတာ နှစ်မျိုးဘဲရှိပါတယ် Direct Referral Share နဲ့ Rental Referral Share ဆိုပြီးနှစ်မျိုးရှိပါတယ်ဗျ။
Direct Referral Share ဆိုတာကတော့ ကိုယ့်ရဲ့ Share Link မှာ အခြားသူတွေကို စိတ်ဝင်စားအောင်ပြောပြပြီး Member ၀င်ခိုင်းတာဘဲဖြစ်ပါတယ်ခင်ဗျ..ဟော ...ကျနော်
အထက်မှာပြောခဲ့တဲ့ ပွဲစားဆိုတာ Direct Referral Share ကိုဆိုလိုခြင်းဘဲဖြစ်ပါတယ်ခင်ဗျ... သူငယ်ချင်းရေ..ငါကတော့ ဒီဆိုဒ်မှာ လုပ်နေတယ်..ငွေတွေသိပ်ရသကွာ..ပါဂျဲရိုး
တောင် ၀ယ်စီးနေပြီကွ..မင်းလဲ လုပ်သင့်တယ်ကွ...မင်းလုပ်ချင်တယ်ဆိုရင်ငါကူညီပေးမယ်..ရော့ရော့..ဟောဒီက ငါပေးတဲ့ Link မှာ Member ၀င်လိုက်..ပြီးရင် ငါပြောတဲ့နည်း
တွေအတိုင်း လုပ်ပေတော့ကွာ... ကိုယ့်ရဲ့ သူငယ်ချင်းက ကိုယ်ရဲ့ Share Link မှာမန်ဘာဝင်ပြီး အလုပ်လုပ်တာနဲ့ သူငယ်ချင်းဆီက $0.0200 ကို ကိုယ်က ရှယ်ယာအမြတ်အနေ
နဲ့ရရှိမှာဖြစ်ပါတယ်..သူငယ်ချင်းကိုတော့ ဘားမှမထိခိုက်ဘူးနော်..သူဘာသာ Outbux Company ကထပ်ဆောင်းပေးတဲ့ ဘောက်ဆူးပါ...အိုကေ ဒါကို Direct Referral Share
လို့ခေါ်တာပေါ့ဗျာ... :) ကိုယ့်ရဲ့ Share Link ကိုထုတ်တဲ့နည်းလေး သက်ဆိုင်ရာအခန်းမှာသင်ပြပေးသွားပါ့မယ်။ အိုကေ ..ဒါဆိုရင် Direct Referral Share ဆိုတာ ဘာမှန်းသိ
ပါပြီနော်... အခု Rental Referral Share အကြောင်းကိုပြောပါ့မယ်... အဲကေင်က ကိုယ်ကြော်ငြာ Click လုပ်လိုက်လို့ရလာတဲ့ ငွေထဲကနေ၀ယ်ရမှာဖြစ်ပါတယ်..လူမဟုတ်ပါဘူး
သူ့ဘာသာ Auto အလုပ်လုပ်ပေးတဲ့ Share ဖြစ်ပါတယ်... ဥပမာ မိမိမှာ 1$ ရပြီဆိုရင် Share ငါးခု စ၀ယ်လို့ရပါပြီ... အိုကေ ဘယ်လိုဝယ်မှာလဲ..အပေါ်က ပုံကိုတစ်ချက်ကြည့်
လိုက်.. Balance မှာ တစ်ဒေါ်လာရပြီထားပါစို့..ရှယ်ယာဝယ်ဖို့ဆိုရင် အဲဒီ Balance ထဲကငွေကို Purchase Balance ကိုရွှေ့ရမှာဖြစ်ပါတယ် .. မှတ်ထားနော်..ဒီနည်းက အခြား
ငွေရှာတဲ့ဆိုဒ်တွေမှာလည်း ဒီလိုနည်းသုံးရပါတယ်.. Purchase Balance ထဲကိုရွှေ့ဖို့အတွက် Purchase Balance ဆိုတဲ့စာသားရဲ့ ညာဘက်ဘေးကပ်ရပ်လေးမှာ                        ( Add Funds ) ဆိုတာလေးရှိတယ်...တွေ့လားမသိ..တွေ့ရင် အဲကောင်လေးကို နှိပ်ပါ... အောက်က ပုံကိုကြည့်လိုက်ပါဦးး
Add Funds ကိုနှိပ်လိုက်တာနဲ့ အပေါ်ပုံမယ်ပြထားတဲ့အတိုင်း တွေ့ပါလိမ့်မယ်.. Method နေရာမှာ Account Balance ကိုရွေးပါ..Amount နေရာမှာတော့ တစ်ဒေါ်လာကိုထည့်မှာဖြစ်တဲ့အတွက် 1 လို့ရွေးပေးလိုက်ပါတယ်..ပြီးရင်တော့ Send ကိုနှိပ်ပေးလိုက်...ဒါဆိုရင် Purchase Balance ထဲကိုငွေလွှဲပြီးကြောင်း Message ပြပါ
လိမ့်မယ်.. ပြီးတာနဲ့ ဟိုးးးအပေါ်ဆုံးမယ်ရှိတဲ့ Logout လုပ်တဲ့ နေရာက My Account ကိုနှိပ်ပေးလိုက်..ဒါဆိုရင် Balance ထဲက တစ်ဒေါ်လာက Purchase Balance ထဲကို
ရောက်သွားပါပြီ..ရောက်သွားပြီဆိုတာနဲ့ Rental Referral Share ၀ယ်ဖို့စတင်နိုင်ပြီဖြစ်ပါတယ်..ကဲ..ဘယ်လိုဝယ်မလဲ... အောက်ပုံမယ် ပြထားတဲ့အတိုင်း Rent Referrals ဆို
တာကို နှိပ်ပေးလိုက်..ဒါဆိုရင် ရှယ်ယာဝယ်ဖို့နေရာရောက်သွားပါ့မယ်..
ကျနော်ကတော့ Purchase Balance ထဲမယ် 10$ ကြီးများတောင်ရှိလယ်ဗျား :D မိတ်ဆွေတို့ကတော့ တစ်ဒေါ်လာပေါ့နော်.Rent Now! ကိုနှိပ်လိုက်ပါ..ဒါဆိုရင် ရှယ်ယာ ငါးခု ၀ယ်ခြင်းပီးဆုံးပါပြီ ရှယ်ယာတွေက တစ်ပတ်ကိုတစ်ကြိမ်ဘဲ ၀ယ်ခွင့်ရှိပါတယ်..ဒီတော့ ခေါင်းနည်းနည်းသုံးမယ်..ပထမ အခေါက်မှာ ရှိတဲ့ပိုက်ဆံနဲက ရသလောက်ဝယ်မယ်..နောက် ဒုတိယအပတ်ကျရင်လည်း ရှိသမျှ ဟာလေးနဲ့ ရသလောက်ဝယ်မယ်..နောက်တတိယပတ်ကျရင်တော့ မ၀ယ်သေးနဲ့ဦး.. ရှယ်ယာ ၀ယ်နေစဉ်ကာလမှာလည်း Direct Referral
Share ရဖို့ ပွဲစားလေးလဲ လုပ်ပေါ့.. :D အိုကေနော်... Direct Referral 20 လောက်ရှိလာပြီဆိုရင် Rental Referral တွေကိုမ၀ယ်သေးဘဲနဲ့ ပိုက်ဆံစုထား.စုနေစဉ်ကာလမှာ
Direct Referral ကိုရသလောက် ရနိုင်သလောက်ရအောင်ရှာပါ..အိုကေ... စုထားတဲ့ ပိုက်ဆံတွေကို Rental Referral Share ၀ယ်ပါ.. ဒီနေရာမယ် တစ်ချို့ တော်တော်များများ
ကြုံရတဲ့ ပြသနာလေးတစ်ခုရှိတယ်..ဘာတုန်းဆိုရင် Purchase Balance ထဲမယ်ထည့်ထားတဲ့ ငွေတွေ လျော့သွားတာပါဘဲ..ဒါကြောင့်မထည့်ပါနဲ့ ၀ယ်စရာရှိမှ Purchase Balance ထဲကိုထည့်ပါလို့ အသိပေးလိုက်ရပါတယ်.. ကဲ ဟုတ်ပီ... မိမိမှာ Direct Referral တွေ Rental Referral တွေဝယ်ထားတဲ့ ပမာဏကို ကြည့်ဖို့အတွက် အောက်က ပုံ
ကိုကြည့်လိုက်ပါ...ကိုယ်ရထားတဲ့ ပမာဏကိုကြည့်ဖို့အတွက် My Account ထဲက Referral Stats ကိုကြည့်လိုက်... အောက်ပုံမယ်ဆိုရင် ကျနော်အခြားဆိုဒ်မှာလုပ်နေတဲ့ Result ပါ.. Direct Referrals က 561 ယောက်.. :P ( ပွဲစားပတ်လုပ်ထားရတာ ) .. Rented Referrals ၀ယ်ထားတာက 25 ခုဘဲရှိသေးတယ်.. :) အမှန်တော့ Direct Referral 561 ယောက်မှာ မလုပ်ကြတဲ့လူအရေအတွက်က 200 ကျော်လောက်ရှိတာပါ... ဒါပေမယ့် ပြသနာမရှိ Direct Referrals 350 နဲ့ Rented Referrals 500 လောက်ရှိရင်ကိုဘဲ တစ်နေ့ကို 4$ အေးအေးဆေးဆေးရနေပါပြီ..နောက်ပိုင်းကျရင်တော့ Rented Referrals ကိုသာ အားထားဝယ်ပါ.. :)
မိမိရဲ့ Direct Referrals ( လူအစစ် ) တွေ အလုပ်ဘယ်လောက်လုပ်လားမလုပ်လား အောက်က ပုံမှာကြည့်ပါ... ပုံမှာမြှားပြထားတဲ့အတိုင်း  Direct Referrals ဆိုတာကို
Click လုပ်လိုက်ပါ... Rented Referrals တွေအလုပ်လုပ်လား မလုပ်လားသိချင်ရင်တော့ Rented Referrals ဆိုတာကိုနှိပ်ပေးလိုက်ပေါ့..
Click လုပ်လိုက်တာနဲ့ အလုပ်လုပ်တဲ့ Direct Referrals တွေကို အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်..
အပေါ်ပုံမယ်မြင်တဲ့အတိုင်းပါဘဲ... ကိုယ်ပွဲစားလုပ်ထားတဲ့ Direct Referrals တွေပါ... အနီရောင် ၀ိုက်ပြထားကတော့ ကနေ့နေ့တိုင်းတစ်ကယ်အလုပ်လုပ်တဲ့သူတွေပါ...
ဘဲဥ မကွဲတဲ့ 0 တွေကတော့ တစ်ခါမှမလုပ်ရသေးတဲ့လူတွေပါ.. Rented Referrals လဲဒီအတိုင်းပါဘဲ.. ဒါပေမယ့် Rented Referrals က ဘဲဥမကွဲတာ ရှားတယ်..၀ယ်ပြီး တစ်ပတ်အတွင်း တော်တော်များများက နေ့တိုင်း အလုပ်လုပ်ကြပါတော့တယ်..ဒါကြောင့် Rented Referrals တွေကိုချည်း ဖိဝယ်ခိုင်းတာပါ.. :) Rented Referrals မှာအား
နည်းချက်တစ်ခုကတော့ရှိတယ်..ဒါကလဲ သူ့စည်းမျဉ်းပါဘဲ..ဘာလဲဆိုတော့...သူက တစ်လခံမလို့ပါ..တစ်လပြည့်တာနဲ့ ရှယ်ယာတွေက ပျောက်ကုန်ပါတယ်..ကဲမပျောက်အောင် ဘယ်နှုယ်လုပ်မလဲ... Rented Referrals ကိုနှိပ်ဝင်လိုက်ပါ...အောက်က ပုံအတိုင်းပေါ်လာပါ့မယ်....  (( ဘယ် ငွေရှာတဲ့ဆိုဒ်မှာမဆို AutoPay ကို Enable လုပ်ဖို့မမေ့ပါနဲ့ ))
အပေါ်ပုံမှာဆိုရင် Expires Date ကိုတွေ့မှာပါ... Expire 0 ဖြစ်သွားတာနဲ့ ၀ယ်ထားတဲ့ Share ဟာလည်းပျောက်သွားတော့မှာပါ.. ကဲ..ထားပါစို့.. Expire Date မှာ 2 Days လောက်ပဲကျန်တော့တယ်ဆိုရင် ဒီကောင်တွေကိုပျောက်မသွားအောင်လုပ်ရတော့မှာပါ....ဒီတော့ မပျောက်အောင်ဘယ်လို လုပ်မလဲ.. Recycle လုပ်ပါ့မယ်..ဘယ်လို Recycle လုပ်မှာလဲ ?အောက်က ပုံကို ထပ်ကြည့်လိုက်ပါ..
Expire Date ဖြစ်တော့မယ့် Share တွေကိုရှာပြီး အမှန်ခြစ်လေးတွေလိုက်ခြစ်ပါ...အမှန်ခြစ်ပြီးရင် I want to keep them for 30 More Days ကိုရွေးလိုက်ပါ... ကျနော်ဆယ်ခုလောက်ကို ဥပမာပြထားပါတယ်... အဲဒီဆယ်ခုစာ ကို Recycle လုပ်ရင်ကုန်ကျမယ့်ပမာဏက $1.800 ကျသင့်ပါမယ်..ကျနော်တစ်ခုပြောပါ့မယ်..Recycle လုပ်မယ်
ဆိုရင် Purchase Balance ထဲမယ်ငွေတော့ရှိနေဖို့လိုမယ်နော်..မရှိဘူးဆိုရင် လုပ်လို့မရပါဘူး... မိတ်ဆွေတို့မှတ်ထားရမှာက ရှယ်ယာတွေကို ၀ယ်တိုင်း.. Recycle လုပ်တိုင်း
Purchase Balance ထဲကိုငွေအရင်ဖြည့်ပီးမှ လုပ်လို့ရမှာပေါ့နော်..အိုကေ... ငွေရှိတယ်ဆိုရင် Do it! ကိုနှိပ်လိုက်တော့..ဒါဆိုရင်ဒီကောင်တွေက အသက်တစ်လကျော် ပြန်ပြည့်
သွားပါပြီ... Recycle လုပ်ခ တစ်ဒေါ်လာဆိုတာမများပါ..ဘာလို့လဲဆိုတော့ ရှယ်ယာ နှစ်ခုရဲ့ တစ်လအတွင်းရှာနှုန်းက တစ်ဒေါ်လာလောက်ရှိပါတယ်..ဒါကြောင့်မများပါဘူး..

ကဲ..အိုကေ..ဒါဆိုရင် Direct Referral Share နဲ့ Rented Referrals Share အကြောင်းကိုသိသွားလောက်ပြီထင်ပါတယ်... Direct Referrals ရှာမယ်.. Rented Referrals အတွက်ပိုက်ဆံရှိရင် ၀ယ်မယ်...လကုန်ခါနီးတုန်း Expire ဖြစ်တော့မယ်ကောင်တွေကို အသက်ပြန်ဖြည့်သွားမယ်.. ဒီလိုနည်းနဲ့ဘဲ တဖြည်းဖြည်းလုပ်သွားပါ လေးငါးလ
အတွင်း မိတ်ဆွေဟာ တစ်နေ့ကို 3$ နီးပါး လောက်ရနေတဲ့သူဖြစ်နေပါလိမ့်မယ်..အသေအချာပါ သို့ပေမယ့် မိမိ Share တွေရှာရင်ရှာနိုင်သလို.၀ယ်ရင်ဝယ်နိုင်သလို ပိုက်ဆံအတက်
အကျ ကွာခြားပါသေးတယ်နော့်... ကဲ ဒါလောက်ဆိုရင် ဘယ်လိုထိန်းညှိရမလဲ တွေးမိကြမှာပါ..တွေးလဲတွေးကြပါ... အိုကေ........ မိမိဆီမှာ မန်ဘာဝင်စေဖို့အတွက်
Direct Referrals Link ထုတ်နည်းလေးပြောပါဦးမယ်.. အောက်ကပုံကိုကြည့်ပါ
အပေါ်ပုံမှာပြထားတဲ့အတိုင်း Banner ကိုနှိပ်ပါ... ပြီးတာနဲ့ http://outbux.com/?ref=aungsan ဆိုတာလေးကိုကူးလိုက်ပါ...ပြီးတာနဲ့ အဲ Link ကို မိမိမန်ဘာဝင်စေလိုတဲ့သူဆီပေးပြီး .သူငယ်ချင်းရေ..ဘာဖြစ်တယ် ညာဖြစ်တယ် ကွာဆိုပြီး မန်ဘာဝင်ခိုင်းပါ..ဒါဟာ ကိုယ့်ရဲ့ Direct Referrals Link ဘဲဖြစ်ပါတယ်ခင်မျာ.. aungsan ဆိုတဲ့နေရာမယ်..မိမိ မန်ဘာဝင်ထားတဲ့နာမည်ဖြစ်နေပါလိမ့်မယ်.. ဥပမာ http://outbux.com/?ref=iloveamicho ပေါ့...အိုကေနော်..ဒါလောက်ဆိုလျှင်ရှင်းတယ်လို့ယူဆပါတယ်နော်..

ကဲ....နောက်ဆုံးအဆင့် ငွေထုတ်တဲ့အဆင့်.... မိမိရဲ့ Balance ထဲမှာ ၀င်ငွေများလာပြီထုတ်ချင်ပြီဆိုပါစို့...အောက်က ပုံအတိုင်း ထုတ်ယူရမှာဖြစ်ပါတယ်...
Withdraw ကိုနှိပ်ပါ
အိုကေ.. PayPal ကိုနှိပ်တာနဲက အောက်ပါပုံအတိုင်းဆက်တွေ့ပါလိမ့်မယ်..Send ကိုသာနှိပ်လိုက်ပါ... ဒါဆိုရင် မိမိရဲ့ ပိုက်ဆံက 24 နာရီအတွင်း မိမိရဲ့ PayPal Account
ထဲသို့ရောက်ရှိလာပြီဖြစ်ပါတယ်... PayPal Account မရှိသူများအတွက် တစ်ခုသတိပေးမယ်နော်.. အကောင့် စဖွင့်တုန်းက Paypal Email နေရာမယ် မိမိရဲ့ Email လိပ်စာ
ကိုထည့်ခဲ့ကြတယ်နော်... ငွေမထုတ်ခင် အဲဒီနေရာမယ် တကယ့် PayPal အစစ်ရဲ့ လိပ်စာကိုအရင်ပြောင်းလဲပေးရပါ့မယ်နော်..အဲဒါလေးသတိထားကြပါ..ပြောင်းလဲဖို့ကတော့
Personal Settings ထဲကနေပြောင်းလဲရမှာပါ။ အိုကေ .အောက်မယ်ငွေထုတ်တဲ့ပုံပါ။
ကဲ..အကောင့်ဖွင့်တာကစလို့..ငွေထုတ်တဲ့အဆုံးကျနော် ဘယ်လိုလုပ်ရမယ်ဆိုတာတွေပြောပြခဲ့ပြီးပါပြီ..ဒါကတော့ Outbuxအတွက်ပါ... ဒီလိုဆိုရင် ရှာပုံ ထုတ်ပုံတွေကိုသိသွား
ကြပြီထင်ပါတယ်... ဒီအခန်းကတော့ပြီးသွားပြီ... Direct Referrals များများရှာနိုင်ပါတယ်ဆိုသူများအတွက် Upgrade လုပ်နည်းပြောပြပါ့မယ်...Extend Member Ship ကို
နှိပ်လိုက်ပါ..အောက်က ပုံကိုကြည့်ပါ
အရှေ့က Aribux , Ukabux တို့မှာ  Upgrade တွေကိုရှင်းပြခဲ့လို့ ထပ်မံမရှင်းပြတော့ပါဘူးနော်... ဒီကောင်မှာ Direct Referral 500 ပြည့်တာနဲ့ Dollar 60$ တန်းရပါတယ်
ကျနော်ကတော့
အဲဒီ45$ ကိုထုတ်ချင်ထုတ် .. မထုတ်ချင်လဲ Purchase Balance ထဲကိုထည့်ပြီး ရှယ်ယာဝယ်ချင်ဝယ် လုပ်လို့ရပါတယ်ဗျား..ကဲမိုက်ဖူးလား..အဲဒါကြောင့်ပြောတာ Direct Referral များများရှာ ပွဲစားများများလုပ်ပါလို့ပြောတာ :D ကျနော် ရဲ့ လူလည်ကျပုံကျနည်းလေးပြောပြဦးမယ်.ကျနော် ဒါတွေကိုစစလုပ်တုန်းက Direct Referrals တွေကို သတ်မှတ်ထား
တဲ့အတိုင်းပြည့်အောင် ဘာလုပ်ခဲ့သလဲဆိုရင် Website တွေ Blog တွေမယ်လိုက်ပြီးတော့ ဒီ Link မှာမန်ဘာဝင်ပါ... မန်ဘာဝင်ပြီး ညွှန်ထားတဲ့အတိုင်းအလုပ်များဆုံးလုပ်နိုင်သူ
ကို သုံးရက်အတွင်းဖုန်းကဒ်တစ် ငါးထောင်တန်တစ်ကဒ်ဆိုပြီး လုပ်ထည့်လိုက်တယ်.. အဲဒီတုန်းက သတ်မှတ်ထားတာက အယောက် 200 ဘဲ Direct Referrals ရှိပါတယ်..
ဒါပေမယ့် ကြော်ငြာပီး ငါးနာရီအတွင်း Direct Referrals 200 ကျော်နေရုံမျှမက 25$ ဟာလည်း ကျနော့်ရဲ့အကောင့်ထဲမှာရောက်ရှိလို့နေပါသဗျား..ဒါကတော့ကျနော်ကြံဖန်
လူလည်ကျခဲ့တာလေးကို အားလုံးအတွက် အတွေးစ လမ်းစလေး ရအောင်ပြောပြလိုက်တဲ့သဘောပေါနော့်.. ကဲကဲ... ဒီနေရာမယ် Outbux မှာငွေရှာနည်း အဆုံးသတ်ပြီးဖြစ်ပါတယ်
ခင်ဗျား..အားလုံးဘဲ စာဖတ်ပါ..ကိုယ့်ညှစ်အားလေးလည်း ကိုယ်နည်းနည်းသုံးပါ..လိုက်ကလိလို့ရပါတယ်..အခုကြော်ငြာ ကလစ်ခြင်းအပြင် အပိုဝင်ငွေရမယ့် လုပ်ငန်းလေးတစ်ခု
လဲပါပါသေးတယ်..ဒီလုပ်ငန်းကိုတော့ Micro Jobs လို့ခေါ်ပါတယ်..ဒါကိုတော့အသေသးစိတ်မရှင်းပြတော့ပါဘူး .စာလေးဖတ် ကလိပါ..ဒါမှပိုသိလာပါ့မယ် အောက်ကပုံကိုကြည့်ပါ
Signup Offer , Offer , PTU အဲလိုစကားလုံးတွေက ငွေရှာတဲ့ဆိုဒ်တွေ တော်တော်များများမှာရှိပါတယ်..သဘောကတော့ ဗျာ သူတို့လုပ်ခိုင်းတာကိုလုပ် အကုန်လုပ်နိုင်ရင်
ဘယ်လောက်ဒေါ်လာပေးမှာဆိုတာပေါ့...ကဲ ပုံမယ်မြင်တဲ့အတိုင်းဘဲ $0.10 သတ်မှတ်ထားတဲ့ အလုပ်တစ်ခုရှိနေပါတယ်... အဲဒါကို နှိပ်ပါ..သူတို့ခိုင်းတဲ့အတိုင်းသာလုပ်ပါ..လုပ်သွား
တာနဲ့ $0.10 က ကိုယ့်အကောင့်ထဲကိုအလိုလိုရောက်လာပါလိမ့်မယ်။ ကဲ.. အောက်မှာတော့ ကျနော် 2$ စမ်းသပ်ထုတ်ယူထားတဲ့ပုံလေးပါ..
အောက်ကပုံကတော့ PayPal ထဲကို 24 နာရီအတွင်းရောက်လာတဲ့ပုံလေးပါ။ ကဲ..အားလုံးဘဲ Good Luck ပါဗျား... :)
Picture 


Credit To : http://makingmoneytutorial.weebly.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

Friday, August 9, 2013

ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ်ဖွင့်နည်း



  မင်္ဂလာပါ ကျနော်ကတော့ Myanmar IT Helper ပါ   ဒီနည်းလေးကတော့..အရင်က.. Technological Villa မှာ.တင်ပေးဘူးပါတယ်..။ ဒါပေမယ့်.. သိပ်မရခဲ့ပါဘူး.။ ခုတော့.. ဘာမှ.စိတ်မပူနဲ့တော့.. ဖုန်းနာပါတ်တောင်းလည်း.ကိစ္စမရှိတော့ပါဘူး.. Virtual phone number လေးသုံးပြီး.. Google နဲ့ Facebook ကို..လှည့်စားလိုက်ကြရအောင်.. ^_^

        ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..
ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင် www.gmail.com ကိုသွား.. ညာဘက်က.. Create New Account ကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။

 အဲ့မှာ..ဖုန်းနာပါတ်နေရာမှာ..ဘာမှမဖြည့်ပါနဲ့...။
ဒီတိုင်းထားပြီး.. I agree ဆိုတာ.အမှန်ခြစ်ခြစ်ပြီး.. Next ကိုဆက်နှိပ်လိုက်ပါ.။
ဖုန်းနာပါတ်တောင်းပါလိမ့်မယ်.။ Virtual phone number တစ်ခုယူဖို့အတွက်. ဒီကို အရင်သွားလိုက်ပါ..။
အောက်ကပုံစံအတိုင်း..ပေါ်လာပါလိမ့်မယ်...။


















Sign Up Here ကိုနှိပ်လိုက်ပါ..။
Email နေရာမှာ.မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Re-enter Email နေရာမှာလည်း..မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Security Code နေရာမှာ ကိုယ်ကြိုက်တဲ့. ဂဏန်း.. ၄ လုံးပေးလိုက်ပါ..။ ဥပမာ 1234
အောက်ကမေးခွန်းတွေမှာ..ရွေးထားတဲ့ဟာလေးတွေကို..ဒီတိုင်းပဲထားပါ..ဘာမှမပြောင်းပါနဲ့..။
CAPCHA လုပ်ခိုင်းတဲ့စာလုံးတွေကို..ရိုက်ပေးလိုက်ပါ..။
အားလုံးပြီးရင်.. submit နှိပ်လိုက်ပါ..။
သင့်ရဲ့..Virtual phone number နဲ့.. gmail လိပ်စာကို.ပြပါလိမ့်မယ်..။ သေသေချာချာမှတ်ထားပါ.။

Email: yourname@gmail.com
Phone Number: 206-984-8231

Security Code: 1233

အဲ့လိုပုံစံနဲ့ပြပါလိမ့်မယ်.။ သေသေချာချာမှတ်ထားပါ..။

Gmail ပြန်သွားကြရအောင်နော်... ဟီး..
Gmail မှာ..Next ကိုနှိပ်လိုက်တော့.. Voice Mail ? Text Message ပို့မှာလားဆိုပြီး. ဖုန်းနာပါတ်တောင်းပါလိမ့်မယ်..။
အဲ့နေရာမှာ.. Voice mail ကိုေ၇ွးပြီး.. ခုနက.ရလာတဲ့.. Virtual phone number ကိုထည့်ပေးလိုက်ပါ..။
ဖုန်းနာပါတ်က.. 206-984-8231 ဆိုရင်.. - တွေကို ဖြုတ်ပြီး.. 2069848231 လို့ထည့်ပေးလိုက်ပါ..။
1 မိနစ်အတွင်. www.k7.net ကို.. voice mail ၀င်လာပါလိမ့်မယ်..။
 voice mail ကို.. နားထောင်ဖို့..  ဒီ ကိုနှိပ်လိုက်ပါ..။
10 digit Phone Number OR Master Email Address:  နေရာမှာ.. ခုနက Gmail ထဲဝင်လာတဲ့ ဖုန်းနာပါတ်ကို ထည့်လိုက်ပါ..။ - တွေမပါပါစေနဲ့..။ ဥပမာ.. 2069848231 လို့ပဲပေးလိုက်ပါ..။
Security Code OR Master Security Code: ကိုယ်ပေးခဲ့တဲ့.. ဂဏန်းလေး လုံးကိုရိုက်လိုက်ပါ..။
 Check for messages ကိုနှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း.. voice mail ကိုတွေ့ပါလိ့မ်မယ်.။


















Save to Disk ကိုနှိပ်ပြီး.. download ဆွဲလိုက်ပါ.။ Download ဆွဲပြီးရင်..နားထောင်ကြည့်လိုက်ပါ.။ ဂဏန်း ၆ လုံးပါတဲ့..code number ပြောပါလိမ့်မယ်.။
အဲ့ဒီ code number ကို.. ခုနက Gmail က တောင်းတဲ့နေရာမှာဖြည့်ပေးလိုက်ပါ.။
ဒါဆိုရင်လည်း. Gmail အတွက်..အဆင်ပြေသွားပါပြီ...။

Facebook အကောင့်သစ်ဖွင့်နည်း
Facebook မှာ..ဖုန်းနာပါတ်မတောင်းစေချင်ရင်.. လွယ်ပါတယ်.။
First Name နဲ့ Last Name ကို.. English ပဲ..ထားပြီး..ဖွင့်လိုက်ပါ.။
ဥပမာ.. First Name>>> Jhon    ,    Last Name >>> Smit
အဲ့လိုမျိုး..English နာမည်ပေးလိုက်ရင်.. အိုကေသွားပါလိမ့်မယ်..။
နောက်မှ.ကိုယ်ကြိုက်တဲ့နာမည်...ပြန် ပြောင်းပေးလိုက်ပါ..။
စစဖွင့်ချင်းတော့.. English နာမည်ပဲ..ပေးလိုက်ပါ.။
Facebook မှာ.ဖုန်းနာပါတ်တောင်းရင်.. msg ပဲပို့ပါတယ်..။
K7.net က.. voice mail ပဲရပါတယ်..။
msg အ၀င်လက်မခံပါဘူး..။

Credit To :  www.mmithelper.com 


စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

Saturday, August 3, 2013

Networking အကြောင်း (၁)




What is a Network?
Network ဆိုတာက ဘာလဲ။ Network ဆိုတာက ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးချိတ်ဆက်ထားတဲ့ကွန်ရက်ကို Network လို့ခေါ်တယ်။ Network မှာ LAN (Local Area Network) နဲ့ WAN (Wide Area Network) ဆိုပြီးရှိတယ်။
LANs ဆိုတာဘာလဲ။ ဥပမာပြောရရင် အခန်းတစ်ခန်းတည်းက၊ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခု၊ ကုမ္ပဏီရုံးခန်းတစ်ခုမှာကွန်ပျူတာ ၁၀ လုံးရှိတယ်။ အဲဒီကွန်ပျူတာ ၁၀ လုံးက တစ်လုံးနဲ့တစ်လုံး Network ချိတ်ထားတယ်ဆိုပါစို့။ တစ်ခြား ကွန်ပျူတာနဲ့ဆက်စပ်တဲ့ Devices (Printer, Scanner) တွေနဲ့လည်း Network ချိတ်ဆက်ထားတယ်။ အဲဒါကို Local Area Network (LAN) ချိတ်တယ်လို့ခေါ်တယ်။
အဲဒါဆိုရင် WAN ကရောဘာလဲ။ သူကတော့ အခန်းတစ်ခန်းထဲမှာမဟုတ်တော့ဘူး။ မတူညီတဲ့နေရာဒေသက ကွန်ပျူတာတွေနဲ့ချိတ်ဆက်ထားမယ်။ တစ်မြို့နယ်နဲ့တစ်မြို့နယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးပဲဖြစ်ဖြစ်၊ LAN ချိတ်ထားတဲ့ကွန်ပျူတာတွေအချင်းချင်းပဲဖြစ်ဖြစ် ချိတ်ဆက်ထားမယ်ဆိုရင် အဲဒါကို WAN (Wide Area Network) လို့ခေါ်တယ်။ Internet ကလည်း WAN ပဲ။


Why Network your Computers
ဘာကြောင့် Network ချိတ်တာလဲ။

Files Sharing
စက်တစ်လုံးနဲ့တစ်လုံးကို ထိုင်ရာကမထ အချက်အလက်တွေ ဝေမျှလို့ရအောင်လို့။ စက်တစ်လုံးက Shared လုပ်ထားတဲ့ အချက်အလက်တစ်ခုကို တစ်ခြားစက်တစ်လုံးကလိုချင်တ
ယ်ဆိုရင် ယူလို့ရတယ်။ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကိုလည်း တောင်းလို့ရတယ်။ အဲဒီလို မျှဝေသုံးစွဲချင်လို့ Network ချိတ်တယ်။

Hardware Sharing
Network ချိတ်ထားတဲ့ကွန်ပျူတာအားလုံးမှာ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေအစုံအလင်မပါဘူးဆိုရင် - ဥပမာ - Scanner, Printer, CD - ROM Drives, Hard Drives တို့စသည်ဖြင့်ပေါ့ အဲဒါတွေကို
Network ပေါ်မှာ မျှဝေသုံးစွဲခွင့်ရှိတယ်။ ကွန်ပျူတာ ၃ လုံးရှိတဲ့အထဲက ၁ လုံးမှာပဲ CD- ROM တို့၊ Printer and Scanner တို့တပ်ထားတယ်ဆိုရင် တပ်ထားတဲ့ကွန်ပျူတာကမျှဝေသုံးစွဲ ခွင့်ပေးထားရင် တစ်ခြား ကွန်ပျူတာ ၂ လုံးက အဲဒီပစ္စည်းတွေကို မျှဝေသုံးစွဲခွင့်ရှိတယ်။

Program Sharing
Program Sharing ဆိုတာက Network Support လုပ်တဲ့ Program တွေကို စက်တွေအချင်းချင်းမျှဝေသုံးစွဲတာကိုခေါ်တယ်။ ဘယ်လိုမျှဝေသုံးစွဲသလဲဆိုတော့ ကိုယ့်စက်မှာတင်မထားတဲ့ Program တစ်ခုကတစ်ခြားစက်မှာ တင်ထားတယ်ဆိုရင် အဲဒီ program က Network Support လုပ်တယ်ဆိုရင် သုံးလို့ရတယ်။ စက်တစ်လုံးတည်းက Program တစ်ခုကို တစ်ခြားစက်တွေကလည်း ယူသုံးလို့ရတယ်။
အဲဒါကို Program Sharing လုပ်တယ်လို့ခေါ်တယ်။

User communication
Network က စာတွေမှမဟုတ်ပါဘူး။ Media တွေကိုလည်း Network ကွန်ပျူတာသုံးတဲ့သူတွေကောင်းကောင်းအသုံးချနိုင်တယ်။ Network မှာ အသံ၊ ရုပ်ပုံ၊ဗီဒီယိုတွေကိုအချင်းအချင်း ပို့ချင်တဲ့အခါ လက်ခံတဲ့ အခါမှာလည်း ပို့လို့၊လက်ခံလို့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် Messages ပို့တာတို့၊ စကားပြောတို့လည်းလုပ်နိုင်တယ်။

Multiplayer gaming
Game ကို Network ပေါ်မှာကစားလို့ရတယ်။ Multiplayer ပါတဲ့ဂိမ်းတွေကို တစ်ယောက်နဲ့တစ်ယောက်၊ စက်တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးတော့ ကစားနိုင်တယ်။ Network Game ဆိုင်တွေ အသုံးပြုကြ ပါတယ်

အဲဒီလိုအချက်တွေကြောင့် Network ချိတ်ကြတယ်ပေါ့ဗျာ။

Credit to : www.bluehacker.ucoz.org
 
စိုင်းခိုင်တင့် (MMDT)
 
mrprincez.mmcyber@gmail.com
 
"We Search , We Share"

Saturday, July 27, 2013

Ubuntu စပြီးအသုံးပြုမည့်သူများအတွက် Installation


Ubuntu စပြီးအသုံးပြုမည့်သူများအတွက် Installation
>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<<<

1. Ubuntu Software Centre ကနေ Install လုပ်တာကတော့ လွယ်ပါတယ်.. ဆော့ဝဲ နာမည်ရိုက်ထည့်ပြီး install လုပ်လိုက်ရုံပါပဲ

2.deb installation
=============
.deb extension နဲ့ Debian Package တွေကို Install လုပ်မယ်ဆိုရင်တော့ Terminal
ကိုသုံးပြီး Install လုပ်နိုင်သလို Ubuntu Software Center ကို သုံးပြီးလည်း Install
လုပ်နိုင်ပါတယ် ။

Terminal နဲ့လုပ်မယ်ဆိုရင်

$ cd/download

$cd ဆိုတာ ကိုယ့် file ထားထားတဲ့ directory ကို သွားတာပါ ။ အခုကတော့ download ဆိုတဲ့Folder ကို သွားထားပါတယ် ။ home ဆိုရင်လည်း cd/home ပေါ့... ပြီးရင်

$ sudo dpkg -i package.deb ရိုက်လိုက်ပါ..

Ubuntu Software Center နဲ့ Install လုပ်မယ်ဆိုရင်တော့ Internet ရှိဖို့
လိုပါတယ် .deb package ကို ကလစ် ၂ ချက်နှိပ်လိုက်ရုံပါပဲ ။
့
3.tar.gz Installation
==============

tar.gz installing ကတော့ offline Installation ဖြစ်ပါတယ်..

tar.gz file တစ်ခုခုကို Download လုပ်ထားပြီးပြီဆိုပါစို့

အပေါ်ကပုံမှာ ဇော်ဂျီဖောင့် ကို Install လုပ်ပြထားပါတယ်..။


Credit To : IT Group

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

JAVA Phone များတွင်Gameများကိုထည့်သွင်းနည်း

java
Myanmar Mobile User Group မှ ကို Jit Too တင်ပေးထားသော ပိုစ်အားပြန်လည်တင်ပြပေးထားပါသည်။
သိပြီးသားလူတွေအတွက်ကမခက်ခဲဘူးဆိုပေမဲ့မသိသေးတဲ့လူတွေအတွက်ကတော့အသစ်ပေါ့ဗျာ။
တင်ပေးမှာကတော့… Java Game Install လုပ်နည်းနဲ. လိုအပ်တဲ့ဟာလေးတွေပါဗျာ…. Java Game ကို Installလုပ်တာကိုတော့ တော်တော်များများကတော့သိပြီး ကြမှာပါ လိုအပ်တဲ့သူတွေ အတွက်ပေါ့ဗျာ……. အရင်ဆုံး လိုအပ်တာကတော့ Jad Make ဗျ ဒေါင်းထားတဲ့ Jar file ကို Jad ဖိုင်ပြောင်းမှ Install လုပ်လို.ရတာဗျ….ဆွဲလို.ရလာတဲ့ Jqad maker ဆိုတဲ့ ဖိုင်ကိုဖြည်လိုက်ရင် အမဲရောင်စာလုံးနဲ. JAD MAKER ဆိုတာလေးကိုဖွင့်လိုက် ပြီးရင် ဒေါင်းထားတဲ့ Game Jar File ကို ဆွဲထည့် လိုက် ပြီးရင် Game File မှာ JAD ဖိုင်ပြီး တစ်ဖိုင်တိုးလာမယ်…..အဲ့ဒါကို
 ဖုန်းထဲထည့်ပြီး Install လုပ်ရင် ဆော့လို.ရပါပြီ။လိုအပ်တဲ့ဖိုင်များကိုအောက်မှာဒေါင်းလော့ရယူနိုင်ပါသည်။
=================================
=================================
အပေါ်ကပေးထားတဲ့Game ဖိုင်တွေအပြင် နောက်ထပ်လိုခြင်တဲ့သူများက အောက်ကလင့်ခ်မှာထပ်ပြီးတော့ဒေါင်းနိုင်ပါသေးတယ်ခင်ဗျ။
=============================================
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျား


Credit To : http://www.myanmarmobileapp.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

Friday, July 26, 2013

WiFi ဟက်ဖို့ အလွယ်ဆုံးနည်း (ပုံနှင့်တကွ တစ်ဆင့်စီ ရှင်းပြပေးလိုက်ပါတယ်)


Easy Way to Hack WEP/WPA/WPA2 Wi-Fi Password,wifi hacking,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password.pdf,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password pdf book,how to Hack WEP/WPA/WPA2 Wi-Fi Password

အခု Post လေးကတော့ ကျွန်တော်ကိုယ်ပိုင်မဟုတ်ပါဘူး တော်တော်လေးသဘောကျလို့ ပြန်လည်မျှဝေ
ပေးလိုက်တဲ့ Wifi Hacking ဖြစ်ပါတယ်။ ဒီ Post ရဲ့ မူရင်းပိုင်ရှင်ကတော့ သင်ဆရာမဟုတ်ပေမယ့်လည်း
မြင်ဆရာတစ်ဦးဖြစ်တဲ့ Bro အာကာဖြိုး ဆီကနေမျှဝေပေးလိုက်တာပါ။ ကိုဖြိုးကတော့ အောက်မှာ ပုံနဲ့တ
ကွရှင်းပြပေးထားပါတယ်ဗျာ။ လူတိုင်းအဆင်ပြေပြေနဲ့လိုက်လုပ်နိုင်ပါတယ်ဗျာ။
ကျွန်တော် အစကတော့ ဒီပိုစ့် ဆက်မရေးတော့ဘူးဆိုပြီး ပစ်ထားလိုက်တာ ဒီနေ့ ပျင်းနေတာနဲ့ ပြန်ဆက်ရေးဖြစ်ပါတယ် ကျွန်တော်တို့ WiFI hack လုပ်တာကို နည်းလမ်းများစွာ လေ့လာကြရဖူးမှာပါ ကျွန်တော်တင်ပေးထားတာကိုပဲ လေးငါးခုလောက်ရှိနေပြီ အခု ဒီနည်းကတော့ လက်ရှိ အသုံးပြုနေဆဲ အလွယ်ကူဆုံးနည်းလမ်းလေးလို့ ပြောရပါမယ် ကျွန်တော် စာဖတ်သူအဆင့်အတန်းများကို မူကြို အဆင့်ကနေ စနားလည်အောင်လို့ အောက်မှာ ပုံနှင့်တကွ တစ်ဆင့်စီ ရှင်းပြပေးထားပါတယ် ပညာရှင်တွေကတော့ ကြည့်တာနဲ့ သိမှာပါ

ပထမဆုံး စာဖတ်သူမှာ ရှိထားရမယ့်ဟာလေးတွေ အရင်ပြောပေးပါမယ်


1. USB pen drive တစ်ချောင်း
2. beini.iso file အောက်မှာ ဒေါင်းလင့်ထည့်ထားပေးပါတယ်

3.  USB drive bootable လုပ်နိုင်ဖို့  UNetbootin software လိုပါတယ်  [Download for Windows, Linux or Mac]
  ကဲ အခု ( WEP) ကို လုပ်နည်း ပေါ့ ဗျာ ပုံစံပြောတာပဲနော်
1.USB UNetbootin နဲ့  beini.iso  ဖန်တီးထားပါမယ် အောက်ကပုံကိုကြည့်ပါ လုပ်တတ်မယ်လို့ ယူဆပါတယ်

Easy Way to Hack WEP/WPA/WPA2 Wi-Fi Password,wifi hacking,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password.pdf,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password pdf book,how to Hack WEP/WPA/WPA2 Wi-Fi Password
2. နောက် စက်ကို Restart ပေးပြီး USB ကနေ Boot တက်ပေးပါ

3. BOOT တက်တာ အောင်မြင်ရင်အောက်ကပုံလို မြသ်ရပါမယ် အဲဒီမှာ ပုံပြထားတဲ့အတိုင်း Minidwep-gtk ကိုနှိပ်ပါမယ်

WiFi Hacking2
4. နောက် OK.
Easy Way to Hack WEP/WPA/WPA2 Wi-Fi Password,wifi hacking,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password.pdf,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password pdf book,how to Hack WEP/WPA/WPA2 Wi-Fi Password
5. အောက်မှာ Minipwep-gtk  program ပွင့်နေတဲ့ပုံပါ အဲဒီမှာ Scan ကိုနှိပ်ပါ ၀ိုင်းပြထားပါတယ်
Easy Way to Hack WEP/WPA/WPA2 Wi-Fi Password,wifi hacking,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password.pdf,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password pdf book,how to Hack WEP/WPA/WPA2 Wi-Fi Password
6. wireless network တစ်ခုကိုရွေးချယ်ပေးရပါမယ် ဒီအတွက် Client ကိုရွေးပြီး ပေါ်လာတဲ့ listတွေထဲကတစ်ခုကိုရွေးပေးလိုက်ပါ  နောက် creaking process စတင်နိုင်ရန်Lunch ကိုနှိပ်ပေးပါ
Easy Way to Hack WEP/WPA/WPA2 Wi-Fi Password,wifi hacking,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password.pdf,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password pdf book,how to Hack WEP/WPA/WPA2 Wi-Fi Password
7. သင့် victim connections တွေရဲ့ IVS value နဲ့ password strength တွေကို ရှာဖွေနေပါမယ်
Easy Way to Hack WEP/WPA/WPA2 Wi-Fi Password,wifi hacking,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password.pdf,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password pdf book,how to Hack WEP/WPA/WPA2 Wi-Fi Password
8. password ကို ရှာတွေ့ပါပြီ ဒီသင်ခန်းစာက ဒီမှာ ပြီးပါပြီ အောက်မှာ အဆက်ပြီးWPA/WPA2 အတွက် သဘောလောက်ပြလိုက်ပါတယ်
Easy Way to Hack WEP/WPA/WPA2 Wi-Fi Password,wifi hacking,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password.pdf,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password pdf book,how to Hack WEP/WPA/WPA2 Wi-Fi Password

ဒီအောက်ကပုံမှာ လေ့လာပါ

Easy Way to Hack WEP/WPA/WPA2 Wi-Fi Password,wifi hacking,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password.pdf,Easy Way to Hack WEP/WPA/WPA2 Wi-Fi Password pdf book,how to Hack WEP/WPA/WPA2 Wi-Fi Password
ခိုးနိုင်ကြလို့ သီလပျက်ကြပါစေဗျာ...


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


Pass : www.akarphyoe.com


Credit To : http://www.pyaephyo.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

samsung galaxy S IV နှင့် SIII အစစ် နှင့် clone တွေကိုဘယ်လိုနည်းနဲ့ ကြည်ရင်သိနိုင်ပါသလဲ ??

ကဲ CBOX မှ ကိုမိုးမိုး: ဆရာ IT ခင်ဗျာ...samsung galaxy S IV နှင့် SIII အစစ် နှင့် clone တွေကိုဘယ်လိုနည်းနဲ့ ကြည်ရင်သိနိုင်ပါသလဲခင်ဗျာ.ကျေးဇူးပြုပြီးပြောပြပေးပါခင်ဗျာ..

ကဲဒါကတော့လွယ်ပါတယ်ဗျာ
အခုနောက်ပိုင်း Clone တွေက Copy ကူးတာတော်တော်လေးကိုတူပါတယ်
ပထမ တစ်ချက်က Touch screen ပါပဲ မသပ်ရက်ပါဘူး
အရောင်နည်းနည်း မိန်တယ်ပြီးတော့ Icon လေးတွေကို ဖိရင် Screen က ရွေ့ရွေ့သွားပါတယ်
Samsung ဖုန်းကိုင်ဖူးသူဆိုရင် တော့ တန်းသိနိုင်ပါတယ်
Screen နိပ်ကြည့်ရုံနဲ့သိနိုင်ပါတယ်
ဒီလိုကျွန်တော်ပြောတာက တစ်ကယ်တမ်းတော့မခိုင်လုံပါဘူး
ပိုသေခြာ အောင် အဖုန်းဖွင့်ကြည့်လိုက်ပါ တံဆိပ် ကပ်ထားတာမသပ်ရက်ပါဘူး
စောင်းနေတာတို့ အဲဒီပေါ်မှာရေးထားတဲ့စာ မသပ်ရက်တာရယ်
နောက်ပီးတော့ အလေးချိန်ပေါ့ပါတယ်
နောက်ပီးတော့ ပိုသေချာချင်ရင် တော့ Software သုံးပါ Golaucher သုံးပါ
Golaucher မှာ Ram ကိုသိနိုင်ပါတယ် အစစ်ဆိုရင် 1GB ဆိုရင် 803MB ရှိပါတယ်
ပြီးတော့ နောက်တစ်ခု Setting>about>model မှာကြည့်ပါ S4 ဆိုရင် i9500 ပေါ့
နောက်ပြီးတော့ ကျွန်တော်မြင်ဖူးတာ S4  Clone က S3 ဆိုက်လောက်ဘဲရှိပါတယ်
ဒါကတော့လွယ်ပါတယ် သေးနေလို့ Clone လို့သိနိုင်ပါတယ်
S3 ဆိုရင်လဲ Screen touch ပါဘဲ နိပ်ရင်မထိတထိနဲ့

ကျွန်တော်အတွေ့အကြုံအရဆိုရင် Clone တွေက ရုပ်ထွက်မကြည်ဘူးဗျာ
Screen Resolution ကွာတယ်ဗျာ့ နောက်ပြီးတော့  memory ram နည်းတယ်
S4 က Ram 2GB ရှိတယ် အတု က 512 MB ဘဲရှိတယ်
ဒီလိုလေးတွေမသိနိုင်တာလေးတွေကို လျှိုပြီးတော့ ဈေးလျှော့ရောင်းပါတယ်
ကျွန်တော်ဖုန်းပြင်တာမဟုတ်ပါဘူး ဆိုင်လဲမရှိပါဘူး
ဒါပေမဲ့ကျွန်တော်ယိုးဒယားနိုင်ငံမှာ သင်တန်းအနေနဲ့ 1 နှစ်လောက် နေဖူးပါတယ်
ဒါကြောင့်ဒီအကြောင်းတွေကိုပြောနိုင်တာပါ။

Credit To : http://www.mmithelper.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

450mhz ဖုန်းတွေ fireware ရေးမ ရ ရင် ရေးရအောင်လုပ်နည်း






450Mhz ဖုန်းတွေကို fireware ရေးချင်သူများအတွက်တင်ပေးလိုက်တာပါ
အကျိုးရှိမယ်လို့တော့ထင်ပါတယ် ဒါကြောင့်ပါ လုပ်နည်းကိုတော့ ......
မြှားပြထားသော  (key) များကိုတစ်ပြိုင်တည်း နှိပ်ပါ။ factory  test  mode

ဆိုတဲ့ စာသားပေါ်ရင်
firmware  restore  လုပ်လို့ရပါပြီ။
မှတ်ချက်။  battery ကိုဖြုတ်လိုက်ရင် နဂိုအတိုင်းပြန်ဖြစ်မည်။
FIRMWARE  RESTORE   ရေးရာတွင်  ရေးလို့မရခြင်း၊ အလယ်မှာတင်ရပ်နေခြင်း၊
နှေးနေခြင်း များကို အခုနည်းလေးက ပြန်ရေးလိုရပါတယ်။  nokia / haier / heien
General  bond /  စသည့် ဖုန်းများတွင် အသုံးပြု နိုင်ပါတယ်။ တော်တော်များများ
တော့ ပြန်ရေးလို့ရတာများပါတယ်။  ဒီဖုန်းအုပ်စုတွေက  circuit  က သိပ်မကွာပါ
ဘူး၊ ကိုယ်ညဏ်ရှိသလို လုပ်လို့ရပါတယ်။

Credit To : MMUC

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

RAM ဆိုတာ ဘာလဲ



အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။

RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊ ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့ အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -


RAM ဆိုတာ

Random Access Memory ပါ။ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်တော့ ကျပန်း ဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။ သို့ပေမယ့် နည်းပညာ ကျကျ ပြောရင် RAM လို အင်္ဂလိပ်လိုမှတ်တာ အကောင်းဆုံးပါပဲ။ ကျပန်း ဆိုတာ ဒီလိုပါ။ ၁ ကနေ ၁၀ အထိဆီစားရင် ROM က အစဉ်လိုက် ထုတ်ပေးပါတယ်။ ဥပမာ ကွန်ပြူတာ တစ်လုံး Power On လိုက်တဲ့အခါ Command Line ပေါ်လာမယ်။ Windows Version ဘယ်လောက်ဆိုပြီး Screen တက်လာမယ်။ ပြီးတော့ Home Screen အစရှိသဖြင့်တို့က ROM မှာ သိမ်းဆည်းထားတဲ့ Memory ဖြစ်ပြီး အစဉ်လိုက်ကို ထုတ်ပေးပါတယ်။ ဒါကြောင့် ကွန်ပြူတာဖွင့်ဖွင့်ချငး Home Screen အတန်းပေါ်လို့ မရပါဘူး။ ROM မှာကိုက အစဉ်လိုက်သွားလိုက် လုပ်ပေးထားပါတယ်။ ဖျက်လို့မရဘူး လို့အကြမ်းဖျင်း မှတ်သားထား နိုင်ပါတယ်။


RAM ကျတော့ ကျော်တာ၊ခွတာလုပ်လို့ရပါတယ်။ ဆိုလိုရင်းက လုပ်ဆောင်ချက်ကို ကိုယ်လိုတဲ့ နေရာကနေ ဆွဲယူလို့ ရပါတယ်။ ဒါကြောင့် Random လို့ခေါ်တာပါ။ Data တွေကို သိမ်းတဲ့အခါ C file ထဲသိမ်းရင် RAM ဖြစ်ပြီး ကွန်ပြူတာ Error အကြောင်းတစ်ခုခုရှိတဲ့အခါ အလွယ်တကူ ပျက်နိုင်ပါတယ်။ RAM မှာသိမ်းဆည်းထားလို့ပါ။ ပြီးတော့ RAM မှာသိမ်းဆည်း ထားတဲ့ ပရိုဂရမ်တွေက အသုံးပြုရ၊ Save လုပ်ရ မြန်ဆန် ပါတယ်။ ပြီးတော့ ဘယ်နေရာက ဘယ်လို ပရိုဂရမ်တွေကိုပဲ Run Run . RAM ပေါ်မှာ အလုပ်လုပ်ပြီး နောက်ဆုံးမှ ဒါကို ROM မှာသိမ်းမှာလား RAM မှာ သိမ်းမှာလား ရွေးချယ်နိုင်ပါတယ်။ လွယ်လွယ်မှတ်ရင် ကွန်ပြူတာဖွင့်ပြီး အင်တာနက်သုံးပြီ၊ ဂိမ်းဆော့ပြီ၊ အလုပ်လုပ်ပြီဆိုရင် RAM က မိမိလုပ်ဆောင်ချက်များ အတွက် အလုပ်လုပ်ပေးနေရ ပြီ ဖြစ်ပါတယ်။



RAM ရည်ရွယ်ချက်

RAM နဲ့ ROM ရှိရာမှာ RAM ထားရတဲ့ ရည်ရွယ်ချက် သိမ်းဆည်းထားတဲ့ မှတ်ဥာဏ်တွေဆီကို အလွယ်တကူ ဝင်ရောက်နိုင်ရန်၊ အလွယ်တကူ နှင့် ယာယီ သိမ်းဆည်းနိုင်ရန်၊ ပရိုဂရမ်များကို မြန်မြန် Run နိုင်ရန်၊ အသုံးပြုနိုင်ရန် လို့အလွယ်မှတ်ယူထားနိုင်ပါတယ်။


RAM အမျိုးအစား

DRAM ခေါ် Dynamic RAM နဲ့ Static RAM (SRAM) ဆိုပြီး ၂ မျိုး ရှိပါတယ်။ SRAM အတွေ့နည်းပြီး DRAM အတွေ့များပါတယ်။ ဘာလို့လဲဆို SRAM က ပိုကောင်းပြီး ဈေးကြီးလို့ပါ။ သူ့ပါသူ အလိုအလျောက် Refresh ဖြစ်နေတဲ့ SRAM က တစ်စက္ကန့်မှာ အကြိမ် တစ်ထောင်မက Refresh လုပ်ပေးနေရတဲ့ DRAM ထက် လုပ်ဆောင်ချက်လည်း မြန်ဆန်ပါတယ်။ ကျနော်တို့ Windows မှာ F5 နှိပ်ပြီး Refresh ခဏခဏ လုပ်နေတယ်ဆိုတာ RAM အတွက်ပါ။ CPU utilize များတာနဲ့အမျှ RAM အလုပ်များပြီး Error ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ဒီတော့ အကြမ်းဖျင်းအားဖြင့် RAM မှာ DRAM နဲ့ SRAM ဆိုပြီး ၂ မျိုးရှိတယ်လို့ အကြမ်းဖျဉ်းမှတ်သား နိုင်ပါတယ်။

အနှစ်ချုပ်

ကွန်ပြူတာတင်မက မိုဘိုင်းနှင့် အခြား ကွန်ပြူတာမှတ်ဥာဏ်ပါဝင် ပစ္စည်းတွေအများစုမှာ RAM က ပါကိုပါပါတယ်။ ဖုန်းမှာလဲ RAM ပါပါတယ်။ RAM များလေလေ လုပ်ဆောင်ချက်မြန်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် RAM 2G က RAM 1GB ထက် ဂိမ်းဆိုဒ်ကြီးကြီးကို ဆော့နိုင်ခြင်း ဖြစ် ပါတယ်။ RAM 1GB ထက် RAM 2G ကတစ်ပြိုင်နက်တည်းမှာပဲ အလုပ်များများ လုပ်ပေးနိုင်ပါတယ်။ 2GB ထက် 3GB, 3GB ထက် 4GB အစရှိသဖြင့် သိမ်းဆည်းနိုင်မှုများလေလေ၊ လုပ်ဆောင် ချက်မြန်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပြူတာ တွေမှာ ROM နည်းပေမယ့် RAM များတဲ့အခါ Performance ကောင်းရခြင်း ဖြစ်ပါတယ်။ သူက ROM က အသေသိမ်းဆည်းထားတဲ့ မှတ်ဥာဏ်နဲ့ ပရိုဂရမ်တွေကို ဝန်မျှထမ်းပေးတဲ့ သဘောလည်း သက်ရောက်ပါတယ်။

သူကိုယ်တိုင်ကလည်းရှိတဲ့ ဝန်ကိုထမ်းပြီး ROM က အချို့ ဝန်တွေကိုလည်း ခွဲထမ်းပေးတတ်ပါတယ်။ ဥပမာ Networking Devices တွေမှာဆိုရင် Command တွေကို RAM (Running Configuration) ကနေ ROM ထဲကို သိမ်းဆည်းလိုက်တာမျိုးဖြစ်ပါတယ်။ ပြီးတော့ Device ကိုပြန်စတဲ့အခါ ယင်းမှတ်ဥာဏ်က မပျောက်ပဲရှိနေပါတယ်။ RAM ရဲ့  မှတ်ဥာဏ်ဟာ ကွန်ပြူတာပိတ်လိုက်တာနဲ့ ပျောက်ပါတယ်။ ဒါကြောင့် RAM နဲ့ သုံးပြီး နောက်ဆုံးမှာ ROM ထဲကို ပြန် Save လုပ်ရလေ့ရှိပါတယ်။ ဒါကြောင့် တာဝန်ယူခွဲယူတဲ့ သဘောကိုဆိုခြင်း ဖြစ်ပါတယ်။ RAM က volatine memory, ROM က non volatine memory လို့လည်း အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။

ဒီလောက်ဆိုရင် RAM ကဘာကိုခေါ်သလဲဆိုတာတင်မက ROM အကြောင်းကိုပါ အကြမ်းဖျင်း သိပြီလို့ မျှော်လင့် ပါတယ်။
 
Credit To : http://mobileitnew.blogspot.com
 
စိုင်းခိုင်တင့် (MMDT)
 
mrprincez.mmcyber@gmail.com
 
"We Search , We Share"

Sunday, July 21, 2013

Mobile ဖုန်းမှတိုက်ရိုက်အင်တာနက်လျှောက်ထားနိုင်သည့်ကိစ္စ အသိပေးကြေညာခြင်း



Credit To : Yatanarpon News

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

Saturday, July 20, 2013

How To Use Windows Installer Disc To Backup Your Files When Your Computer Won’t Boot

1
သင့်ကွန်ပြူတာက ဖိုင်တွေကို Backup  လုပ်မထားမိဘူး ၊ ကွန်ပြူတာကလည်း boot မတက်နိုင်တော့ဘူး၊ဒါဆိုရင် သင့်ဖိုင်တွေ ဆုံးရှုံးသွားပြီလား? စိတ်မပူပါနဲ့ ။အဲဒီအတွက် အဖြေရှိပါတယ်။သင့်မှာ လို အပ်တာက Windows 7 (or) Windows 8 Installation Disc ပါ။အဲဒီ disc ကနေ boot မတက်တော့တဲ့ Windows XP, Windows Vista , Windows 7 and Windows 8 ကွန်ပြူတာကဖိုင်တွေကို ပြန်ပြီး ရယူနိုင်ပါတယ်။သင့်မှာ Windows installation disc မရှိရင်လည်း USB Drive ကနေ Boot တက် နိုင်ပါတယ်။

Using Windows 7 Installer Disc
Windows 7 Installer Disc ကို ကွန်ပြူတာထဲထည့်ပြီးရင် Installer Disc ကနေ boot တက်ပါ။Installation Wizard ပထမဆုံးမှာ Next နှိပ်ပါ။
1
နောက်အဆင့်မှာ “Repair Your Computer” ကိုနှိပ်ပါ။
2
Restore your computer using a system image that you created earlier. ဆိုတဲ့ option ကိုရွေးပြီး Next နှိပ်ပါ။
3
System image ရှာမတွေ့ ပါဘူး ဆိုတဲ့ error ကျလာရင် Cancel နှိပ်ပါ။နောက် Windows တစ်ခုမှာလည်း Cancel နှိပ်ပါ။
4
“System Recovery Options” ကိုရောက်သွားပြီး Command Prompt ကို နှိပ်ပါ။
5
Command Prompt မှာ notepad လို့ ရိုက်ပြီး enter နှိပ်ပါ။
6
Notepad ပွင့်လာပြီးရင် File menu ကနေ Open ကို နှိပ်ပါ။ “Files of type” မှာ “All files” ကို ပြောင်းပေးပါ။
7
အခုဆိုရင် Notepad ကို Windows explorer လို အသုံးပြုနိုင်ပြီး External Drive တစ်ခုကို ချိတ်ဆက်ပြီးသင့်ဖိုင်တွေကို ကော်ပီကူးနိုင်ပါပြီ။
8
File တွေကို double click နှိပ်မိလို့  notepad freeze ဖြစ်သွားရင် command prompt ကနေ taskmgr လို့ ရိုက်ပြီး task manager ကနေ notepad ကို ရွေးပြီး End Task လုပ်ပေးပါ။ပြီးတော့မှ notepad ကို ပြန်ဖွင့်ပြီးသင့်ဖိုင်တွေကို ရှာဖွေသိမ်းယူနိုင်ပါတယ်။
9
Using Windows 8 Installer Disc
Windows 8 installer disc ကို သုံးမယ်ဆိုရင်တော့ installation wizard မှာ “Repair your computer” ကိုနှိပ်ပါ။
1
ပြီးရင်  Troubleshoot > Advanced Options > Command Prompt ကို နှိပ်ပါ။ ကျန်တဲ့ အဆင့်တွေကို အပေါ်ကအဆင့်တွေအတိုင်းလုပ်ပေးပြီး သင့်ဖိုင်တွေကို ပြန်ရှာဖွေရယူနိုင်ပါပြီ။
2


Credit To : http://www.kothuya.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"