Showing posts with label Mobile သတင်းများ. Show all posts
Showing posts with label Mobile သတင်းများ. Show all posts

Friday, July 19, 2013

Samsung Galaxy Note 3 ဒီဇိုင်းပုံ ထွက်ပေါ်



Samsung Galaxy Note 3 ရဲ့  ပုံစံဖြစ်ပါတယ်ဆိုပြီး ထွက်ရှိ လာခြင်း ဖြစ် ပါတယ်။

Samsung Galaxy S4 က specification အချို့ နဲ့တောင် မကွာပါဘူး။ Processor ကတော့ ၂.၃ GHz Qualcomm Snapdragon ကို အသုံးပြု ပါတယ်။ quad core ပါ။ ရေးသား ဖော်ပြချက်များအရ ဆိုရင် ကင်မရာက လည်း 13 MP, အရွယ်က ၅.၇ လက်မ ရှိပြီး 1080P အရည်အသွေးမြင့် ဗီဒီယိုတောင် record လုပ်နိုင်ကြောင်း ဆိုပါတယ်။ AMOLED မျက်နှာပြင်ပါပဲ။

Bluetooth 4.0, Wi-Fi, USB 2.0, plus GPS တို့ ပါဝင်ပါမယ်။ ဖုန်း ကုဒ် နံပါတ်က SN-N900 ဖြစ်ပါတယ်။ Samsung Galaxy Note 2 တုန်းက GT-N7100 ဖြစ်ပါတယ်။ SIM Only Radar ဆိုဒ်ရဲ့  ဖော်ပြချက်အရ တစ်လ၊ ၂ လအတွင်း Samsung မှ မိတ်ဆက်တော့မယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
.
Credit To : pocketlint

Saturday, June 29, 2013

မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ်အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်


6.28.5
၁၅၀၀ တန် တန်ဖိုးနည်းဖုန်းအတွက် မဲနှိုက်နေကြစဉ်
မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။
လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့် လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင် မကဘဲ တခြားအခွန် အခတွေကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေဖို့ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေးခုအား ပြည်သူအတွက် မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက်ယှဉ်ပြိုင်မှုများအရ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်းအပေါ် နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
''တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင် ဈေးကွက်ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုပေးပါမယ်။ ကုမ္ပဏီတွေက အပြိုင်အဆိုင် လျော့ချမှုတွေ ပြုလုပ်နိုင်တဲ့အတွက် နောင်တစ်ချိန် ချိန်မှာတော့ ခေါ်ဆိုခတွေ ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

Credit To : http://www.news-eleven.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

Saturday, June 15, 2013

Android 5.0 OS ရရှိနိုင်မည့် Samsung Galaxy devices များ

Samsung Galaxy ဖုန်းများအတွက်  Android 5.0 operating system က မကြာခင်ထွက်လာတော့မှာပါ ..Android 5.0 ထဲမှာ ပါဝင်လာမယ့် ထူခြားဆန်းသစ်တဲ့ Features များနဲ့ပတ်သတ်ပြီး သတင်းအချက်အလက် တိတိကျကျ မရရှိသေးသော်လည်း  ၄င်းဖုန်းမှာပါဝင်မယ့် new features တွေကတော့ ကောင်းမွန်မှာ မုချဧကန်ပါပဲ..အောက်ဖော်ပြပါ  Samsung Devices များကတော့ Android 5.0 အထိ မကြာမှီအချိန်အတွင်းမှာ upgrade  ပေးသွားမှာဖြစ်ပါတယ် ..Samsung အနေနဲ့ နောက်ဆုံး ထွက် မော်ဒယ်မြင့်ဖုန်းများကိုသာ ၄င်းစနစ်ထိ upgrade  ပေးသွားမှာဖြစ်ပြီး သတင်းအရတော့  Samsung ရဲ့  မော်ဒယ် ဖုန်းအမျိုးအစား(5) သာရနိုင်မှာဖြစ်ကြောင်း သိရပါတယ်…Android 5.0 ရရှိနိုင်မည့် ဖုန်းအမျိုးအစားများကတော့ ……..
  • Galaxy S4
  • Galaxy S3
  • Galaxy Note 8.0
  • Galaxy Note 2
  • Galaxy Note 10.1 Tablets  တို့ဖြစ်ကြပါတယ်။
အထက်ပါ Devices များ မကိုင်ဆောင်ထားတဲ့  Samsung crazy အချို့အတွက်လည်း  Android 5.0 မရရှိလို့ ၀မ်းနည်းစရာတော့ မလိုပါဘူး ..Samsung companay ရဲ့ သတင်းထုတ်ပြန်မှုအရ အောက်ပါဖုန်းများကိုလည်း 4.2.2 အပြင် နောက်ထပ် လည်း upgrade ပေးသွားမှာဖြစ်ကြောင်း သိရပါတယ် ..
  • GT-I9082 – Galaxy Grand DUOS
  • GT-I9080 – Galaxy Grand
  • GT-I8730 – Galaxy Express
  • GT-I8530 – Galaxy Beam
  • GT-I8190 – Galaxy S3 Mini
  • GT-I8160 – Galaxy Ace 2
  • GT-I9260 – Galaxy Premier
  • GT-I9105 – Galaxy S2 Plus
  • GT-I9100 – Galaxy S2
  • GT-I9070 – Galaxy S Advance
  • GT-N7000 – Galaxy Note
  • GT-S6810 – Galaxy Fame
  • GT-S6312 – Galaxy Young DUOS
  • GT-S6310 – Galaxy Young
  • GT-S7710 – Galaxy X Cover 2
အထက်ပါဖုန်းများကိုလည်း Android 4.2.2 အပြင် နောက်ထပ် upgrade လည်းပေးသွားဦးမှာဖြစ်ပါတယ် .. Android 5.0 ရရှိဖို့ကတာ့ Company ရဲ့ စိတ်အထားအပြောင်းအလဲပေါ်မှာပဲ  မျှော်လင့်ရမှာပါ..


Credit To : http://www.myanmarmobileapp.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

Monday, May 6, 2013

၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်အတွင်း၌သာ အသုံးပြုနိုင်မည်


အသစ်ချထားပေးလျှက်ရှိသည့် ၁၅၀၀ ကျပ်တန် မိုဘိုင်းတယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်ပတ်လည်အတွင်းသာ ဆက်သွယ်ဆောင်ရွှက်ခြင်းပြုလုပ်နိုင်မည်ဟုသိရှိရသည်။ အဆိုပါတန်ဖိုးနည်းဖုန်းလိုင်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ တာဝါတိုင်ပေါင်း ၂၈၂ခုတည်ဆောက်ထားရှိသည်ဟုသိရပြီး အဆိုပါတာဝါတိုင်ဧရိယာအတွင်း၌ ပြည်တွင်း ၊ပြည်ပခေါ်ဆိုမှုများကို ပြုလုပ်နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။

Sunday, April 21, 2013

၁၅ဝဝ ကျပ်တန် CDMA-800 MHz ဆင်းကတ်သုံး မိုဘိုင်းလ်ဖုန်းများ MECTel အမှတ် တံဆိပ်ပါ ကြိုတင် ငွေဖြည့် ကတ်ဖြင့်သာ အသုံးပြု နိုင်မည်

http://myawady.com.mm/media/k2/items/cache/9d5b5b2ce92c1ab2014c44b4a0f1a555_XL.jpg

ရန်ကုန် ဧပြီ ၁၉

ငွေကျပ် ၁၅ဝဝ တန်ဖိုး သတ်မှတ်ထားသော CDMA-800 MHz ဆင်းကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့်
ဧပြီ ၂၄ ရက်မှ စတင် ရောင်းချပေး မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။