Tuesday, May 7, 2013

CDMA 800MHz လိုင်းကတ်သုံး Samsung Galaxy Trend


Samsung Galaxy Trend အမှတ်တံဆိပ် CDMA 800MHz လိုင်းကတ်စနစ်သုံး ဟန်းဆက်ဝင်ရောက်လာပါတယ်။ Capacitive Multi-Touch စကရင် ၄ လက်မ အရွယ်အစားရှိပြီး Resolution 480×800 pixel (WVGA) ဖြစ်ပါတယ်။ Android 2.3.6 (Gingerbread) လည်ပတ်မှုစနစ်ဖြစ်ပြီး 1GHz CPU ကို ထည့်သွင်းအသုံးပြုထားပါတယ်။ မှတ်ဉာဏ်ပမာဏ 4GB ပါဝင်လာပြီး Micro SD ကတ်ဖြင့် 32GB အထိ ထပ်မံတိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ မြန်မာဖောင့်ကိုလည်း အဆင်ပြေစွာ ထည့်သွင်းအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Wi-Fi 802.11 b/g/n, Wi-Fi Hotspot Bluetooth 3.0 စနစ်တွေကိုလည်း အထောက်အပံ့ပေးပါတယ်။ Lithium-Ion 1500 mAh ဘက်ထရီကို အသုံးပြုထားတဲ့ Samsung Galaxy Trend ကို ဈေးနှုန်းကျပ် ၁၂၅,၀၀၀ ၀န်းကျင်ဖြင့် ၀ယ်ယူနိုင်ပါတယ်။

Credit To : Internet Journal

စိုင်းခိုင်တင့် (mrprincez.mmcyber@gmail.com)

"We Search , We Share"

0 comments:

Post a Comment