Friday, May 10, 2013

Root Galaxy S4 GT-i9500 [CWM Method]


ဒီတစ်ခါတော့ Galaxy S4 GT-i9500 ကို CWM Method နဲ့ root နည်းလေးကို တင်ပေးလိုက်ပါတယ်

အရင်ဆုံး ဒါတွေကိုအရင်ဒေါင်းပါ။

၁။ CWM Recovery

၂။ odin3 v1.85

၃။ SuperSu Zip

၎။ Samsung USB Driver

Driver မရှိသေးသူတွေကတော့ Driver ကိုအရင်သွင်းထားလိုက်ပါ....

၁။ ဖုန်းကိုအရင်ဆုံး ပါဝါ ပိတ်လိုက်ပါ...ပြီးရင် Vol Down + Home + Power Button ရယ်ကို 5sec လောက်တွဲနှိပ်ထားပါ။

၂။ အာ့မှာ အောက်ကပုံလိုမျိုး warning sign လေးတက်လာတာကိုမြင်ရပါမယ်...အာ့ဆိုရင် Vol Up Key လေးကို ဆက်နှိပ်ပေးလိုက်ပါ..ဒါဆိုရင်တော့ Dwonload Mode ထဲရောက်သွားပါလိမ့်မယ်။



၃။ Download Mode ထဲရောက်သွားပြီဆိုရင်တော့ သင့်ရဲ့ S4 ကို PC နဲ့ချိတ်ပေးလိုက်ပါ။



၎။ ပြီးရင်ခနကဒေါင်းထားတဲ့ Odin ကို Run ပေးပါ...Odin ကသိသွားပြီဆိုရင် အောက်ကပုံလိုမျိုး box ထဲမှာ အ၀ါရောင် highlight လေးပေါ်လာပါလိမ့်မယ်..



၅။ ပြီးရင် PDA ဆိုတဲ့ နေရာကနေ ခနကဆွဲထားတဲ့ cofface_I9500_cwm_recovery_en_new.tar ဆိုတာလေးကို ရွေးပေးလိုက်ပါ...ပြီးရင်တော့ Start ဆိုတာလေးကို နှိပ်ပေးလိုက်ပါ...



၆။ ဒါဆိုရင် CWM Recovery ကို သူ့ဟာသူ flash လုပ်ပေးသွားပါလိမ့်မယ်.



၇။ ပြီးသွားရင်တော့ ဖုန်း reboot ကျသွားပါလိမ့်မယ်...Odin မှာလည်း PASS! ဆိုပြီး အစိမ်းရောင်လေးနဲ့ပေါ်လာလိမ့်မယ်။



၈။ ပြီးရင် ခနကဆွဲထားတဲ့ CWM_SuperSu ဆိုတဲ့ zip ဖိုင်လေးကို ဖုန်းထဲ ထည့်လိုက်ပါ။



၉။ ထည့်ပြီးသွားရင် ဖုန်းကို ပါဝါပြန်ပိတ်လိုက်ပါ..ပြီးရင် Vol Up + Home + Power Button ရယ်ကို တွဲနှိပ်ထားလိုက်ပါ။



၁၀။ အာ့မှာ Samsung Logo လေးတက်လာပါလိမ့်မယ်..Samsung Logo လေးတက်လာပြီဆိုရင်တော့ Power Button လေးကို လွတ်ပေးလိုက်ပါ။



၁၁။ Recovery Mode ထဲရောက်သွားပါလိမ့်မယ်...အာ့မှာ install zip from sdcard ဆိုတဲ့နေရာလေးကိုရွေးပေးလိုက်ပါ။

၁၂။ choose zip from sdcard ဆိုတာလေးကိုဆက်ရွေးပေးပါ။

၁၃။ ပြီးရင် "0/" ဆိုတာလေးကိုရွေးပေးပါ။



၁၄။ ပြီးရင် CWM-SuperSu ဆိုတဲ့ zip ဖိုင်လေးကို ရွေးပေးပါ။

၁၅။ ပြီးရင် Yes - Install CWM-SuperSu........zip ဆိုတာလေးကို

ရွေးပေးလိုက်ပါ..SuperSu app လေးကို သင့်ဖုန်းမှာ install လုပ်ပေးသွားပါလိမ့်မယ်။



၁၆။ Complete ဖြစ်သွားရင် back key လေးနဲ့ main menu ကိုပြန်သွားပြီး reboot system now ဆိုတာလေးကို ရွေးပေးလိုက်ပါ...ဒါဆိုရင်တော့ ဖုန်းဟာ နောက်ထပ်တစ်ကြိမ် reboot ကျသွားပါလိမ့်မယ်။

၁၇။ ဖုန်းပါဝါပြန်တက်လာရင် application ထဲဝင်ပြီး SuperSu ဆိုတဲ့ app လေးထဲဝင်လိုက်ပါ။

၁၈။ အာ့မှာ SuperSu လေးကို run ပေးလိုက်ရင် Su binary ကို update လုပ်ခိုင်းပါလိမ့်မယ်...Continue ဆိုတာကိုပဲ နှိပ်ပေးလိုက်ပါ..



၁၉။ အာ့ဆိုရင် Installation Success ! ဆိုပြီးပေါ်လာပါလိမ့်မယ်..Ok ကိုနှိပ်ပါ။



၂၀။ ပြီးရင်....အာ့မှာ Titanium Backup ဆိုတဲ့ app လေးကို ဒေါင်းပေးလိုက်ပါ....(internet ရှိဖို့တော့လိုပါတယ်)



၂၁။ ဒေါင်းပြီးသွားလို့ install လုပ်လိုက်ရင် superuser request လေးပေါ်မပေါ်ကြည့်လိုက်ပါ...ပေါ်လာတယ်ဆိုရင်တော့ Grant ဆိုတာလေးကို ရွေးပေးလိုက်ပါ..ဒါဆိုရင်တော့ ကျွန်တော်တို့ S4 လေး root access ကိုရရှိသွားပါပြီ။



ဆက်လက်ကြိုးစားပါအုံးမယ်...

စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com

3 comments:

  1.ိုကောင်းလိုက်တဲ. root နည်း

    ReplyDelete
  2. root တော့အောင်မြင်သွားတယ်ခင်ဗျ..ဒါပေမယ်.ဇော်ဂျီဖောင်.ထည့်တာမမြင်ရဘူးနည်းလမ်းရှိရင်ပြောပြပေးပါလားခင်ဗျာ...ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. အကို zawgyi changer က ဘာနဲ့သုံးတာလဲဗျ...

    ReplyDelete