Monday, June 3, 2013

Frd 4 MM v1.1 (Myanmar Facebook) Android အတွက်



Facebook အမြဲသုံးတဲ့ Android ဖုန်းပိုင်ရှင်တွေကြိုက်နှစ်သက်ကြဦးမယ့် application လေးပါ။ ဖုန်းကို root လုပ်ထားစရာ ၊ မြန်မာစာထည့်ထားစရာမလိုဘဲ မြန်မာလိုရေးနိုင်ဖတ်နိုင်အသုံးပြုနိုင်မယ့် Myanmar Facebook application လေးဖြစ်ပါတယ်။ ဆော့ဝဲလေးရဲ့နာမည်ကတော့ Frd 4 MM လို့ခေါ်ပါတယ်။ Android version 2.2 နှင့်အထက်ရှိတဲ့ ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။
Frd 4 MM ဆော့ဝဲလေးရဲ့ features တွေကတော့

Features

- မြန်မာလိုရေးထားသော Newsfeed များ ၊ status update များ ၊ Facebook page များကိုဖတ်ရှုနိုင်ခြင်းRead and write messages in Myanmar
- Status update များကို မြန်မာလိုရေးသားနိုင်ခြင်း ( မြန်မာစာဖြင့်ရေးသားရန် ဖုန်းတွင် Frozen Keyboard Pro ကဲ့သို့သော မြန်မာကီးဘုတ်သွင်းထားရန်လိုပါသည်)
- ဓာတ်ပုံများကို Frd 4 MM ကိုအသုံးပြု၍ facebook ပေါ်သို့ upload လုပ်နိုင်ခြင်း
- Notification များကိုဖတ်ရှုနိုင်ခြင်း ၊ မြန်မာစာဖြင့်ရေးသားထားသော Notification များကိုလည်း မြန်မာလိုအဆင်ပြေစွာဖတ်ရှုနိုင်ခြင်း
- Facebook Friends/Page များရဲ့ status များ ၊ ပို့စ်များကို Like လုပ်နိုင်ခြင်း
- Facebook Friends/Page များရဲ့ status များ ၊ ပို့စ်များကို မြန်မာလို/English လို comment ပေးနိုင်ခြင်း
- ဇော်ဂျီဖောင့်ကို Frd 4 MM application တွင် မှန်ကန်စွာဖော်ပြပေးနိုင်ခြင်း
စတဲ့ Facebook application မှာပါဝင်တဲ့ features များကို Frd 4 MM တွင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြန်မာတို့အတွက် facebook ကို Android ဖုန်းပေါ်တွင် မြန်မာစာဖြင့်အဆင်ပြေပြေအသုံးပြုနိုင်လုပ်ဆောင်ပေးတဲ့ Developer Ko Joe Win ရဲ့ကြိုးပမ်းမှုများက လေးစားဂုဏ်ယူဖွယ်ဖြစ်ပါတယ်။ မြန်မာ facebook application လေးဖြစ်တဲ့ Frd 4 MM v1.1 (Latest Version) ကိုအောက်က link မှာရယူနိုင်ပါတယ်။

ဒီနေရာမှာဒေါင်းပါ

Credit To : http://www.mmithelper.com

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

0 comments:

Post a Comment