Sunday, June 23, 2013

Spreadtrum SPD ဖုန်းတွေမှာ Research Download နဲ့ အသုံးပြုတဲ့ .pac ဖိုင်လုပ်နည်းပါ။

ယခုနည်းမှာ boot image နဲ့ recovery Image တွေအတွက် pac လုပ်ဖို့အတွက်ပါ။


အရင်ဆုံး လိုအပ်တဲ့ဖိုင်တွေကိုစုပါမယ်..

.pac ဖိုင်လုပ်ချင်တဲ့ မိမိဖုန်းအတွက် သက်ဆိုင်တဲ့ sbl1.bin, sbl2.bin ဖိုင်ရှိရပါမယ်.။
နောက် insecure boot image ထည့်ချင်တယ်ဆိုရင်တော့ ဖုန်းအတွက် လိုအပ်တဲ့ boot.img ဖိုင်
recovery အတွက်ဆိုရင်တော့ recovery.img ဖိုင် ရှိရပါမယ်.

နောက်ထပ် packet လုပ်ဖို့အတွက် နှင့် pac ဖိုင် flash ပြန်လုပ်ဖို့အတွက် Research Downloader လိုပါမယ်။

လိုအပ်တဲ့ဖိုင်တွေအားလုံးရှိပြီဆိုရင်တော့ လုပ်ငန်းစလို့ရပါပြီ..


file.jpg



၁။ Research Downloader ကို run ပါ။ ပုံထဲက နံပါတ် ၁ မှာပြထားတဲ့ နေရာကိုနှိပ်ပါ။

Open.jpg





၂။ Download Setting ဆိုတဲ့ dialog ပွင့်လာပြီဆိုရင် ပုံထဲက နံပါတ် ၂ မှာပြထားတဲ့ အကွက်တွေထဲမှာ မိမိဖုန်းအတွက် ဖိုင်တွေကိုထည့်ပါ။
    FDL1 နဲ့ FDL2 နေရာမှာ မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ ဖိုင်ကိုရွေးပေးပါ။
    BOOT Image ရိုက်ထည့်ဖို့အတွက်ဆို Boot_IMG ဆိုတဲ့နေရာမှာ boot.img ဖိုင်ကိုရွေးပါ။
    RECOVERY Image ပါထည့်ချင်တယ်ဆိုရင် Recovery ဆိုတဲ့နေရာကို အမှန်ခြစ်ပြီးတော့ recovery.img ကိုရွေးပါ။
အားလုံးရွေးပြီးသွားရင် ပုံထဲက နံပါတ် ၃ နေရာက Packet ဆိုတာကိုနှိပ်ပါ။

Select.jpg



၃။ Packet Setting ပေါ်လာခဲ့ရင် မိမိအခုပြုလုပ်မယ့် pac ဖိုင်အတွက် Information တွေ ထည့်ရုံပါ။
    Saving Path : မှာ ထွက်လာတဲ့ pac ဖိုင်မှတ်ထားမယ့်နေရာကိုရွေးလိုက်ပါ။
    ပြီးရင်တော့ OK ကိုနှိပ်လိုက်ပါ။
    Msgbox နှစ်ခါပေါ်လာပါမယ်။ နှစ်ခါလုံး OK ကိုသာနှိပ်သွားလိုက်ပါ။
    Packet completed ပြသွားရင်တော့ မိမိ လမ်းကြောင်းပေးထားတဲ့နေရာမှာ .pac ဖိုင်လေး ထွက်လာပါပြီ။

SAVE.jpg


မိမိရွေးထားတဲ့ Save path ပေးထားတဲ့အထဲမှာ .pac ဖိုင်ထွက်လာတဲ့ပုံပါ။..

DONE.jpg




အားလုံးပဲ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်ဗျာ။

Credit To : http://mm-mpxteam.net

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

1 comments:

  1. sbl1.bin, sbl2.bin အဲfile နှစ်file ကို ဘယ်လိုရှာရမှာလဲ

    ReplyDelete