Sunday, July 14, 2013

Hacking လေ့လာချင်သူများ သိစေချင်ပါသည်



လူအများပြောပြောနေကြတဲ့  Hacking အကြောင်းလေးကို ကျွန်တော်သိသလောက်
 နည်းနည်းလေးပြောချင်တာပါ  Hacking ကို မြန်မာလို ပြောရရင်
ထိုးထွင်းသိမြင်ခြင်းပေါ့ သာမာန်ထက် ပိုသိတာ ကိုဆိုလိုတာပါ။
ဒါဆို hacker တစ်ယောက်က သာမန် User တစ်ယောက်မဟုတ်တာတော့
သေချာတယ် ။ တကယ်တော့ Hacker တစ်ယောက်ဖြစ်လာဖို့ဆိုတာ
မလွယ်ကူပါဘူး ။ Hacking လုပ်ဖို့ဆိုတာလည်း မလွယ်ကူပါဘူး 
မိမိက အခြေခံတွေ အတော်လေးပိုင်နိုင်တယ်ဆိုတာတောင် 
ကိုယ်ပိုင်တီထွင်နိုင်တဲ့ ဥာဏ်မရှိရင်လည်း အဆင်မပြေပြန်ပါဘူး
အခု တော်တော်လေးဆိုးရွားလာတာတစ်ခုရှိတယ်  တစ်ယောက်ကလာလဲ
hacking တစ်ယောက်ကလာလဲ hacking လူကဖြင့် အင်တာနက်သုံးတာ
၂လမပြည့်သေးဘူး ၀က်ဆိုဒ်တွေကို ဟက်ဖို့လုပ်နေကြပြီ ။
လာလာမေးတယ် Facebook ဟက်တဲ့ဆော့ဝဲက ဒေါင်းလို့လည်းမရဘူးတဲ့
ဟုတ်တယ် Survey တွေခံထားတယ် ဒေါင်းမရအောင်ကိုသက်သက်လုပ်ထားတာ
ဘယ်လိုလုပ်မလဲ ဒေါင်းချင်ရင် ငွေတောင်းပြီ ။ တကယ်လို့ ဒေါင်းရလာခဲ့ရင်တောင်
ဘာမှသုံးစားမရတဲ့ အလိမ်အညာတွေပါလို့ ပြောလည်း မရကြပါဘူး ။
အမှန်တော့ Facebook လို Google လို တကယ့်နာမည်ကြီး အင်တာနက်နည်းပညာ
ကုမဏီတွေကို ဆော့ဝဲလေးသုံးရုံနဲ့ ဟက်ရမယ်ဆို အဲဒီ ဆိုဒ်တွေ မွဲနေတာကြာပြီပေါ့
ဒါလေးကိုတော့ စဉ်းစားစေချင်ပါတယ် ခဏခဏ Facebook အကောင့်ပျောက်သူ
Gmail အကောင့်ပျောက်သူတွေ အများစုက အဲဒီလို hacking တွေနောက်ကို
လိုက်သူတွေသာ အဓိက  ခံကြရပါတယ် ။ ဘာမှန်းညာမှန်းမသိဘဲ 
hacking လုပ်နေသူတွေကို အဓိက ပစ်မှတ်ထားပြီး လိမ်ညာနေပါတယ်။
ဒါဆိုရင်ရော Hack မရနိုင်ဘူးလား ရနိုင်တာပေါ့ ရနိုင်လို့လည်း ဆိုဒ်တွေ 
ခဏခဏပါနေကြတာပဲလေ ဒါပေမယ့် ဆော့ဝဲလေးသုံးတတ်ရုံနဲ့ 
Hacker တစ်ယောက်မှမဟုတ်တာ
DDOS လေး တိုက်တတ်ရုံနဲ့ Hacker တစ်ယောက်လို့ သတ်မှတ်လို့မရဘူး 
မိမိ ကိုယ်တိုင် Hacking ဆိုတာကြီးကို လိုက်စားမယ် လို့ ယူဆထားရင်
အဓိက လုပ်ဆောင်ရမှာက Programming Language တွေကို
တော်တော်လေးကျွမ်းကျင်အောင်လုပ်ရမယ် အဓိကအားဖြင့်
Web Hacking ပိုင်းလိုက်မယ်ဆို Web Programming Language ပိုင်းကို
လိုက်ရမှာပေါ့ အဲဒီကနေမှတစ်ဆင့် Website တစ်ခုက ဘယ်လိုအလုပ်လုပ်သလဲ
ဆိုတာကို သေချာလေး လေ့လာရမယ် ပြီးတော့ ကိုယ်က အဲဒီ ဆိုဒ်တွေရဲ့
ယိုယွင်းချက်တွေကိုလိုက်ရှာပြီး ကစ်နိုင်မယ့် နည်းလမ်းတွေကိုစဉ်းစားရမယ်
အဲဒီအချိန်မှာ ခုနက ကျွန်တော်ပြောသလို Critical Thinking ကအဓိက ကျလာပြီ
ကိုယ်တိုင် စဉ်းစားတွေးခေါ်ပြီး လုပ်ရမယ့် အခြေအနေတွေရောက်လာပြီ
Hacking tools တွေကို အသုံးချရပေမယ့် ဒီလိုဖြစ်လာရင် ဒီလိုလုပ်ပါဆိုတဲ့
ပုံသေနည်းတွေက နေရာတိုင်းမှာအသုံးမ၀င်ပါဘူး ။ ကျွန်တော်အဓိကပြောချင်တာက
သူများတကာတွေ Hacking ဆိုတိုင်း မိမိ hacking လုပ်ချင်တယ်ဆိုရင်
အချိန်တွေ အများကြီးပေးဆပ်ရပါလိမ့်မယ် ပြီးတော့ အလိမ်မခံရအောင် 
စဉ်းစားပြီးမှ အရာရာတိုင်းကိုလုပ်ပါ ဖြစ်နိုင်မဖြစ်နိုင် မိမိဘာသာ ဦးနှောက်နဲ့
ဆုံးဖြတ်ပါ နောက်တစ်ခုကတော့" စွန့်ရဲမှ စားရတယ် " ဆိုတာက Hacking လောကမှာ
တကယ်ကို မှန်ပါတယ် ။ အဓိကကတော့ အလိမ်မခံရစေဖို့ ကျွန်တော်သိသလောက်
အတွေ့အကြုံလေးနဲ့ မိတ်ဆွေတို့ကို အကြံပြုတာပါခင်ဗျာ ။ Hacking လမ်းကြောင်း
ပေါ်လျှောက်တာကို အားပေးပါတယ် Hacker တွေက သူများထက် ပိုတော်ကြပါတယ်။
Knowledge တွေလည်း တကယ်ပြည့်ဝကြပါတယ် ဒါပေမယ့် သူတို့တွေ
လွယ်လွယ်ကူကူနဲ့ Hacker တစ်ယောက်ဖြစ်လာကြတာမဟုတ်ပါဘူး ။
ကမ္ဘာမှာ အကြီးဆုံး Hacker Group ကြီးပါလို့ သတ်မှတ်ထားတဲ့
Anonymous မှာ လူပေါင်း ထောင်ချီသောင်းချီပြီးရှိကြပါတယ် ဒါပေမယ့်
hacker တွေက သစ္စာရှိကြပါတယ် ။ Hacker မှာလည်း အမျိုးအစားတွေ
ရှိပါသေးတယ် Black Hacker , White Hacker နဲ့ အခြားသော သတ်မှတ်ထားတဲ့
အမျိုးအစားတွေ အများကြီးပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး
အတွက် ကာကွယ်ပေးတဲ့ Hacker တွေတော့ဖြစ်သင့်ပါတယ် အလကားသက်သက်
လိုက်နှောင့်ယှက်နေတဲ့ Hacker တွေကိုတော့ ကျွန်တော်အားမပေးချင်ပါဘူး။
ဥပမာ Facebook လိုဆိုဒ်ကို Down သွားအောင် ဟက်နိုင်တယ်ဆိုပါတော့
ဘာအကျိုးထူးမှာလဲ ဘာမှလည်း ကိုယ့်အတွက် အကျိုးမရှိဘဲနဲ့
အခြားသူတွေဒုက္ခရောက်စေမယ့် အရာတွေတော့ မလုပ်စေချင်ပါဘူး  ။
ကိုယ့်နိုင်ငံကို စော်ကားလာမယ် လူမျိုးကို ထိပါလားမယ်
ဘယ်သူ့အတွက်မှ အကျိုးမရှိတာတွေလုပ်နေတယ် ဆိုရင်တော့ Hack ပါ
အဲဒါမှ တကယ့် Hacker ပါ ။ ဂုဏ်ယူနိုင်တဲ့ Hacker တစ်ယောက် (သို့မဟုတ်)
အဖွဲ့အစည်းတစ်ခု အဖြစ် အများက အသိအမှတ်ပြုပါလိမ့်မယ် ။
ဥပမာ - မြန်မာပြည်က BHG ဆိုတဲ့ Blink Hacker Group ကို
မြန်မာပြည်က အင်တာနက်သုံးသူတိုင်းနီးပါ သိကြမှာပါ
သူတို့တွေက Hacker တွေဆိုပေမယ့် အကျိုးမရှိတာတွေ
လိုက်လုပ်နေတဲ့လူတွေမဟုတ်ပါဘူး Hacking နည်းပညာတွေကို
တကယ်လိုချင်သူတွေကိုလည်း သူတို့ သင်ပေးပါတယ်။ သူတို့ Hack တဲ့
ဆိုဒ်တွေကလည်း တကယ်ကို မရှိသင့်တဲ့ဆိုဒ်တွေပါ။
ကိုယ်ကျိုးအတွက် အများသူငှာ ဒုက္ခရောက်အောင် လုပ်နေတဲ့ဆိုဒ်တွေ၊
နိုင်ငံနဲ့ ဘာသာတရား ယဉ်ကျေးမှုတွေကို ထိပါးနှောက်ယှက်တဲ့ဆိုဒ်တွေကိုပဲ
Hack တာပါ ။ တရားဆိုဒ်လိုမျိုး နည်းပညာဆိုဒ်ကောင်းတွေကို သူတို့မဟက်ကြပါဘူး
သူတို့မဟက်နိုင်လို့မဟုတ်ပါဘူး Hack သင့်တဲ့ ဆိုဒ်တွေမှ မဟုတ်တာ
သစ္စာရှိကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် မိမိက Hacker တစ်ယောက်
ဖြစ်ရမယ်လို့ ခံယူထားရင်တော့ အဓိကက ဘက်စုံထောင့်စုံကနေ လိမ်နေတဲ့
လိမ်နည်းအမျိုးမျိုးကို ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ် ။ 
ကျွန်တော်ပြောတာ လေးတွေမှားခဲ့သော်ရှိရင် ကျွန်တော့်ကိုသာ
 အပြစ်တင်စေချင်ပါတယ် ။
~~~~~~~~~~~~~~ 
Credit To : http://www.aungkyaw.net

စိုင်းခိုင်တင့် (MMDT)

mrprincez.mmcyber@gmail.com

"We Search , We Share"

0 comments:

Post a Comment