သင့်ကွန်ပြူတာက ဖိုင်တွေကို Backup
လုပ်မထားမိဘူး ၊ ကွန်ပြူတာကလည်း boot မတက်နိုင်တော့ဘူး၊ဒါဆိုရင်
သင့်ဖိုင်တွေ ဆုံးရှုံးသွားပြီလား? စိတ်မပူပါနဲ့ ။အဲဒီအတွက်
အဖြေရှိပါတယ်။သင့်မှာ လို အပ်တာက Windows 7 (or) Windows 8
Installation Disc ပါ။အဲဒီ disc ကနေ boot မတက်တော့တဲ့ Windows XP, Windows
Vista , Windows 7 and Windows 8 ကွန်ပြူတာကဖိုင်တွေကို ပြန်ပြီး
ရယူနိုင်ပါတယ်။သင့်မှာ Windows installation disc မရှိရင်လည်း USB Drive ကနေ Boot တက် နိုင်ပါတယ်။
Using Windows 7 Installer Disc
Windows 7 Installer Disc ကို ကွန်ပြူတာထဲထည့်ပြီးရင် Installer Disc ကနေ boot တက်ပါ။Installation Wizard ပထမဆုံးမှာ Next နှိပ်ပါ။
နောက်အဆင့်မှာ “Repair Your Computer” ကိုနှိပ်ပါ။Restore your computer using a system image that you created earlier. ဆိုတဲ့ option ကိုရွေးပြီး Next နှိပ်ပါ။
System image ရှာမတွေ့ ပါဘူး ဆိုတဲ့ error ကျလာရင် Cancel နှိပ်ပါ။နောက် Windows တစ်ခုမှာလည်း Cancel နှိပ်ပါ။
“System Recovery Options” ကိုရောက်သွားပြီး Command Prompt ကို နှိပ်ပါ။
Command Prompt မှာ notepad လို့ ရိုက်ပြီး enter နှိပ်ပါ။
Notepad ပွင့်လာပြီးရင် File menu ကနေ Open ကို နှိပ်ပါ။ “Files of type” မှာ “All files” ကို ပြောင်းပေးပါ။
အခုဆိုရင်
Notepad ကို Windows explorer လို အသုံးပြုနိုင်ပြီး External Drive
တစ်ခုကို ချိတ်ဆက်ပြီးသင့်ဖိုင်တွေကို ကော်ပီကူးနိုင်ပါပြီ။
File
တွေကို double click နှိပ်မိလို့  notepad freeze ဖြစ်သွားရင် command
prompt ကနေ taskmgr လို့ ရိုက်ပြီး task manager ကနေ notepad ကို ရွေးပြီး
End Task လုပ်ပေးပါ။ပြီးတော့မှ notepad ကို ပြန်ဖွင့်ပြီးသင့်ဖိုင်တွေကို
ရှာဖွေသိမ်းယူနိုင်ပါတယ်။
Using Windows 8 Installer Disc
Windows 8 installer disc ကို သုံးမယ်ဆိုရင်တော့ installation wizard မှာ “Repair your computer” ကိုနှိပ်ပါ။
ပြီးရင်
Troubleshoot > Advanced Options > Command Prompt ကို နှိပ်ပါ။
ကျန်တဲ့ အဆင့်တွေကို အပေါ်ကအဆင့်တွေအတိုင်းလုပ်ပေးပြီး သင့်ဖိုင်တွေကို
ပြန်ရှာဖွေရယူနိုင်ပါပြီ။
Credit To : http://www.kothuya.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
"We Search , We Share"
0 comments:
Post a Comment