Sunday, April 21, 2013

၁၅ဝဝ ကျပ်တန် CDMA-800 MHz ဆင်းကတ်သုံး မိုဘိုင်းလ်ဖုန်းများ MECTel အမှတ် တံဆိပ်ပါ ကြိုတင် ငွေဖြည့် ကတ်ဖြင့်သာ အသုံးပြု နိုင်မည်

http://myawady.com.mm/media/k2/items/cache/9d5b5b2ce92c1ab2014c44b4a0f1a555_XL.jpg

ရန်ကုန် ဧပြီ ၁၉

ငွေကျပ် ၁၅ဝဝ တန်ဖိုး သတ်မှတ်ထားသော CDMA-800 MHz ဆင်းကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့်
ဧပြီ ၂၄ ရက်မှ စတင် ရောင်းချပေး မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။



မကြာမီရက် အတွင်း စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz ဆင်းကတ်များသည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA-800 MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ကြေညာချက်တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။

MECTel တံဆိပ်ပါ DMA-800 MHz ဆင်းကတ်များ အသုံးပြုသော မိုဘိုင်းလ် တယ်လီဖုန်း များသည် အသစ်ထုတ်လုပ် ရောင်းချမည့် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့် တယ်လီဖုန်း ဆက်သွယ် ပြောဆိုခငွေ ဖြည့်တင်းမှသာ ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် များကို ပြည် နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်း ဆိုင်ကြီးများနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ငွေဖြည့်ကဒ် အရောင်းကိုယ်စားလှယ်များ

၁။ နေပြည်တော်

- လင်းမိုဘိုင်း၊ နေပြည်တော်။
- Best One၊ နေပြည်တော်။
- လူကြီးမင်း၊ နေပြည်တော်။
- Laser Mobile၊ နေပြည်တော်။
- Sky Light၊ နေပြည်တော်။

၂။ ကချင်ပြည်နယ်
- Best One၊ မြစ်ကြီးနားမြို့။
- OVI၊ မြစ်ကြီးနားမြို့။
- ဦးဝင်းနှင့်သားများ၊ မိုးညှင်းမြို့။

၃။ ကယားပြည်နယ်
- တောင်ပေါ်သား၊ လွိုင်ကော်မြို့။
- Orbit Mobile၊ လွိုင်ကော်မြို့။

၎။ ကရင်ပြည်နယ်
- နေလ၊ ဘားအံမြို့။
- အတ္ထရံ၊ ဘားအံမြို့။
- K-Mobile၊ မြ၀တီမြို့။

5။ စစ်ကိုင်းတိုင်းဒေသကြီး
- Hello Mobile၊ စစ်ကိုင်းမြို့။
- Mobile One၊ မုံရွာမြို့။
- Star Mobile၊ ချောင်းဦးမြို့။
- လင်းလျှပ်စစ်၊ ရွှေဘိုမြို့။
- ဟန်ထူးမွန်၊ မြင်းမူမြို့။

၆။ တနင်္သာရီတိုင်းဒေသကြီး
- Alpha၊ ထားဝယ်မြို့။
- To Mobile မြိတ်မြို့။

၇။ ပဲခူးတိုင်းဒေသကြီး
- စိန်ဟင်း၊ ပဲခူးမြို့။
- ရွှေကမ္ဘာ၊ ပြည်မြို့။
- ၀င်းကမ္ဘာ၊ တောင်ငူမြို့။
- ရွှေမျက်မှန်၊ ဖြူးမြို့။
- Future Mobile၊ ဖြူးမြို့။
- ရွှေကျီး၊ ပေါက်ခေါင်းမြို့။
- သန္တာထွန်း၊ အင်းမမြို့။

၈။ မကွေးတိုင်းဒေသကြီး
- Advance Telecom၊ မကွေးမြို့။
- နေနတ်သား၊ ပခုက္ကူမြို့။
- အင်းဝမိုးဘိုင်း၊ ချောက်မြို့။
- ဟိန်းအီလက်ထရွန်နစ်၊ ရေနံချောင်းမြို့။
- တန်ခိုးရှင်၊ မင်းဘူးမြို့။

၉။ မန္တလေးတိုင်းဒေသကြီး
- Best One၊ မန္တလေးမြို့။
- I-Phone၊ မန္တလေးမြို့။
- Any Call၊ မန္တလေးမြို့။
- Win Mobile၊ ပြင်ဦးလွင်မြို့။
- Easy Call၊ မိတ္ထီလာမြို့။
- Zest Mobile၊ ပျော်ဘွယ်မြို့။
- လပ်ကီးမိုဘိုင်း၊ ကျောက်ပန်းတောင်းမြို့။
- ၀င်းစတိုး၊ ပုဂံမြို့။
- Sky Ace၊ မြင်းခြံမြို့။
- ဖူဂျီ၊ ရမည်းသင်းမြို့။

၁၀။ မွန်ပြည်နယ်
- Best One၊ မော်လမြိုင်မြို့။
- ဂျပန်၊ မော်လမြိုင်မြို့။
- ကောင်းကင်သစ်၊ ကျိုက်ထိုမြို့။
- စိုးရတနာ၊ သထုံမြို့။
- တော်ဝင်စန်း၊ သံဖြူဇရပ်မြို့။
- ပုလဲရွှေစင်၊ မုဒုံမြို့။

၁၁။ ရခိုင်ပြည်နယ်
- Super၊ စစ်တွေမြို့။
- ရွေကိန်းအင်း၊ စစ်တွေမြို့။
- စွယ်တော်ဖြူ၊ အမ်းမြို့။
- အားမာန်၊ အမ်းမြို့။

၁၂။ ရန်ကုန်တိုင်းဒေသကြီး
- TMHC-ZK၊ ကမာရွတ်မြို့နယ်။
- MTS၊ စမ်းချောင်းမြို့နယ်။
- Best One၊ လသာမြို့နယ်။
- MobilTel၊ လသာမြို့နယ်။
- MTC၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
- 09၊ မရမ်းကုန်းမြို့နယ်။
- လူကြီးမင်း၊ သင်္ဃန်းကျွန်း။
- Mobile King၊ တာမွေမြို့နယ်။
- Mobile King၊ ကြည့်မြင်တိုင်မြို့နယ်။
- ISN Net ၊ အင်းစိန်မြို့နယ်။
- Miss Call ၊ ဒေါပုံမြို့နယ်။
- ကိုညီ-မဆွေ၊ လှိုင်သာယာမြို့နယ်။

၁၃။ ရှမ်းပြည်နယ်(မြောက်ပိုင်း)
- ကျားခေါင်း၊ လားရှိုးမြို့။
- Pioneer၊ လားရှိုးမြို့။
- Hello၊ မူဆယ်မြို့။

၁၄။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)
- ပန်းအိမ်စံ၊ ကျိုင်းတုံမြို့။
- အဆွေတော်၊ တာချီလိတ်မြို့။
- ကျော်အောင်၊ မိုင်းတုံမြို့။

၁၅။ ရှမ်းပြည်နယ်(တောင်ပိုင်း)
- စိုင်းထွန်းထွန်းနိုင်၊ တောင်ကြီးမြို့။
- စင်ဒရဲလား၊ တောင်ကြီးမြို့။
- ရွှေကမ္ဘာ၊ ကေလာမြို့။
- တောင်ထိပ်ပန်း၊ အောင်ပန်းမြို့။

၁၆။ ဧရာဝတီတိုင်းဒေသကြီး
- Best One၊ ပုသိမ်မြို့။
- Hello၊ ပုသိမ်မြို့။
- Mobile World၊ ဟင်္သာတမြို့။
- Goldern Star၊ ကျောင်းကုန်းမြို့။
- Victory၊ မြောင်းမြမြို့။

Credit To : http://myawady.com.mm/

0 comments:

Post a Comment