Saturday, April 13, 2013

Facebook Knowledge

http://myanmarmobilesoftwaredeveloper.com/wp-content/uploads/2012/12/2012/12/images7.jpg

ဒီတစ်ခါတော့ mobile နဲ့တော့ မဆိုင်ပါဘူးဗျ ဒါပေမယ့်လည်း mobile ဖုန်း ကိုင်တဲ့သူတော်တော်များများကလည်း အင်တာနက်သုံးတဲ့သူတွေပါပဲ အင်တာနက်သုံးတဲ့သူ တော်တော်များများကလည်း facebook သုံးတဲ့သူတွေပါပဲ…ဒါကြောင့် facebook နဲ့ ပတ်သက်တဲ့ knowledge လေးတစ်ခုကို တင်ပေးလိုက်ပါတယ်ဗျာ….ဟုတ်မဟုတ်တော့ မသေချာပေမယ့် စမ်းဖူးတဲ့သူတိုင်း ပျော်ရွှင်ရမယ့် နည်းလမ်းလေးပါ…ကိုယ့် facebook ရဲ့ profile ကို အမြဲတမ်းစောင့်ကြည့်တတ်တဲ့ သူငယ်ချင်းတွေဟာ ဘယ်သူဖြစ်မလဲလို့ စမ်းသပ်တဲ့နည်းလေးပါ..


ကဲ ဒါဆိုရင် စမယ်ဗျာ….

၁. Facebook ကိုဖွင့်ပြီး ကိုယ့် account နဲ့ login ပါ….

၂. ပြီးရင် facebook page ရဲ့ နေရာလွတ်တစ်နေရာရာမှာ right click ကိုနှိပ်ပြီး View Page Source ကိုရွေးပေးပါ..

၃. ဒါဆိုရင်တော့ Source Code တွေဖော်ပြထားတဲ့ Window တစ်ခု တက်လာပါလိမ့်မယ်…

၎. အဲဒီ Window ပေါ်မှာ CTRL+F ကိုတွဲနှိပ်လိုက်ပါ. Search box လေးကျလာပါလိမ့်မယ်(Find ဆိုတဲ့ ဘေးနားလေးမှာပါ)…

၅. အဲဒီ Search box ပေါ်မှာ ordered friend လို့ရိုက်လိုက်ရင် အဲဒီ Source Code Window ထဲမှာ high light ဖြစ်နေတဲ့ စာကြောင်းလေးတစ်ခုကို တွေ့ရပါလိမ့်မယ်…

၆. အဲဒီစာကြောင်းဘေးနားမှာ array ပုံစံဖြစ်နေတဲ့ list ထဲက နံပါတ်တွေထဲက ပထမဆုံးတွေ့တဲ့ နံပါတ်တွေကို (ဥပမာ-”000011112222″) copy ကူးပြီး browser ရဲ့ address box မှာ www.facebook.com/ ဘေးမှာ paste လုပ်ပြီး Enter ခေါက်လိုက်ရင် Profile တစ်ခု ကျလာပါလိမ့်မယ်.. အဲဒီ Profile ဟာဆိုရင်ဖြင့် မိမိကို ဂရု အစိုက်ဆုံး friend ရဲ့ Profile ပါပဲ ခင်ညာ…..

အားလုံးပဲ အဆင်ပြေကြပါစေဗျာ….

စိုင်းခိုင်တင့် (mrprincez.mmcyber@gmail.com)

လူကြီးမင်းတို့ရဲ့ ဝေဖန် အကြံပြုချက်တွေက ကျွန်တော်တို့ ရှေ့ဆက်ရမယ့် မနက်ဖြန်တွေအတွက် အားဆေးတစ်ခွက်ပါ….

0 comments:

Post a Comment