Monday, April 15, 2013

Sony Ericsson Xperia X10 ကို root လုပ်မယ်....

ကြာတော့ကြာပါပြီ..ဒါပေမယ့်လည်း တင်ပေးလိုက်တော့မယ်ဗျာ အသုံးလိုတဲ့သူတွေလည်း အဆင်ပြေသွားအောင်ပါ……Sony Ericsson Xperia X10 လေးကို root လုပ်ချင်သူတွေ အတွက်ပါ…
root လုပ်ဖို့အတွက် အရင်ဆုံးအောက်မှာ flash tool software လေးကို အရင်ဆွဲလိုက်ပါ…


ဒီနေရာမှာဒေါင်းပါ



ထုံးစံအတိုင်း Unknown sources နဲ့ USB Debugging ကို အမှန်ခြစ်ထားပေးပါ…
Menu -> Settings -> Applications -> Unknown Sources
Menu -> Settings -> Applications -> Development -> USB Debugging

ပြီးရင် ခနက ဆွဲထားတဲ့ flash tool ဆိုတဲ့ဖိုင်လေးကို extracet လုပ်လိုက်ပါ..folder တစ်ခုထွက်လာပါမယ်..အဲ folder ထဲမှာမှ flash tool.exe ကို run လိုက်ပါ…
flash tool ကိုဖွင့်ပြီးသွားရင် flash ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ…..



ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်းပဲ select a Firmware မှာ “X10″ “aZuZu – Kernel Downgrade” “Generic” ကို select ပေး..Firmware Contect ဘက်မှာက “loader.sin” ကို select ပေး..ပြီးရင် OK ပေါ့…

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root2.png

ဒါဆိုရင်တော့ အောက်က ပုံအတိုင်းဖုန်းကို PC နဲ့ ချိတ်ဖို့ ပြောလာပါလိမ့်မယ်…
ဖုန်းကို power ပိတ်လိုက်ပါ…ပြီးရင် ဖုန်းရဲ့ back button key လေးကို နှိပ်ထားပြီး PC နဲ့ ဖုန်းကို USB cable ဖြင့် ချိတ်လိုက်ပါ…

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root3.png

ပြီးရင်တော့ အောက်ကပုံအတိုင်း ဖုန်းကို flash လုပ်ပါမယ်.. flash လုပ်လို့ ပြီးသွားရင် ဖုန်းကို PCနဲ့ ချိတ်ထားတာကို ဖြုတ်လိုက်ပါ…flash tool ကိုတော့ မပိတ်လိုက်ပါနဲ့..

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root4.png

ဖုန်းကို PC ကနေဖြုတ်ပြီးသွားရင် power ပြန်ဖွင့်လိုက်ပါ..ဖွင့်ပြီးသွားရင် ဖုန်းကို PC နဲ့ နောက်တစ်ခါ ပြန်ချိတ်ပါ…ပြီးရင် flash tool မှာ root ဆိုတာလေး ကိုနှိပ်လိုက်ပါ…

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root5.png

ဖုန်းကို သူ့ဟာသူ root လုပ်ပေးပါလိမ့်မယ်..root လုပ်တာ အောင်မြင်သွားပြီဆိုရင် အောက်ကပုံအတိုင်း Finished! ဆိုတာလေး ပေါ်လာပါလိမ့်မယ်…ဒါဆိုရင်တော့ ဖုန်းက သူ့ဟာသူ reboot ကျသွားမှာပါ…ဖုန်းကိုတော့ PC နဲ့ချိတ်ထားတာကို မဖြုတ်ပါနဲ့အုံး…

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root6.png

အောက်ကပုံအတိုင်း Connected device : X10 ဆိုပြီးပေါ်လာရင်တော့ ဖုန်းကို PC နဲ့ချိတ်ထားတာကို ဖြုတ်လို့ရပါပြီ..ဖြုတ်ပြီးရင် ဖုန်းကို power ပိတ်လိုက်ပါ…ပြန်မဖွင့်ပါနဲ့အုံး…ဘာလို့လဲဆိုတော့ ဖုန်းရဲ့ Kernel ကို Upgrade ပြန်လုပ်ရအုံးမှာမို့ပါ…

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root7.png

ကဲ ဖုန်းရဲ့ Kernel ကို upgrade ပြန်လုပ်ဖို့အတွက် Flash ဆိုတာလေးကို နှိပ်ပြီး “aZuZu – Kernel Upgrade” နဲ့ “loader.sin” ကို select လုပ်ပြီး ok ကိုနှိပ်လိုက်ပါ…

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root8.png

ဒါဆိုရင်တော့ ခနကအတိုင်း ဖုန်းကို PC နဲ့ချိတ်ဖို့ ပြန်ပြောလာပါလိမ့်မယ်..

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root9.png

ဖုန်းရဲ့ back button လေးကို နှိပ်ထားပြီး PC နဲ့ ပြန်ချိတ်လိုက်ပါ….ပြီးရင် flash ဆိုတာလေးကို နှိပ်လိုက်ပါ….flash လုပ်တာပြီးသွားရင်တော့ အောက်ကပုံအတိုင်း Flashing finished လို့ပေါ်လာပါလိမ့်မယ်…ဒါဆိုရင်တော့ ဖုန်းကို ဖြုတ်လို့ရပါပြီ…

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root10.png

root လုပ်တာ အောင်မြင်လားကြည့်ချင်ရင်တော့ ဖုန်းကို PC နဲ့ပြန်ချိတ်လိုက်ပါ..အောက်ကပုံအတိုင်း This level is successfully initialized လို့ပေါ်လာပြီးဆိုရင်ဖြင့် ကျွန်တော်တို့ root process ကြီး အောင်မြင်စွာပြီးဆုံးသွားပါပြီခင်ဗျာ….

http://i582.photobucket.com/albums/ss269/netbookc/NbC%201/Root11.png

အားလုံးပဲ အဆင်ပြေကြပါစေဗျာ….

စိုင်းခိုင်တင့် (mrprincez.mmcyber@gmail.com)

လူကြီးမင်းတို့ရဲ့ ဝေဖန် အကြံပြုချက်တွေက ကျွန်တော်တို့ ရှေ့ဆက်ရမယ့် မနက်ဖြန်တွေအတွက် အားဆေးတစ်ခွက်ပါ….

0 comments:

Post a Comment